Blogger news
လာရောက်လေ့လာအကဲခက်သည်ကိုအထူးကျေးဇူးတင်ရှိပါသည်ခင်ဗျာ၊ နည်းပညာပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ခင်ဗျာ၊ ကျွန်တော်ရှေ့က အစ်ကိုတွေရေးသားထားတဲ့ ဘလော့များမှလည်း ပြန်လည်မျှဝေကြောင်းဝန်ခံပါတယ်၊ ကျွန်တော်ကိုယ်တိုင်းလည်း ကြိုးစားရေးသားနေပါတယ်၊ အထူးကျေးဇူးတင်ရှိပါတယ်
Pages
Facebook မှာ ဖတ်လို့ရအောင် Like လုပ်သွားအုန်းနော်..စကားလေးတွေလည်းပြောခဲ့ပါဗျ
Saturday, January 26, 2013
ချစ်သွားစေရမယ် (ရည်းစားစာရေးနည်း)
အချစ်ရယ် ဒီစာကိုရေးလိုက်လို့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်၊ မိကျောင်းမင်းရေခင်းပြတယ်၊
 ခရု ခါးတောင်းကျိုက်ဖမ်းတယ်လို့ မထင်စေချင်ဘူးနော်။ ကိုယ့်မှာမင်းကိုချစ်မိမှပဲ ခဲမှန်ဖူးတဲ့ စာသူငယ်လိုလို၊ မပိုင်ဝက်မွေးဆိုသလိုလို၊အိတ်ပေါက်နဲ့ ဖားကောက်ဆိုသလိုလို ဖြစ်နေပါပြီ။
အခုအချိန်မှာ ၀က်ဖြစ်မှတော့မစင်ကြောက်နေ လို့လည်း မထူးတော့ပါဘူးလေ။
မင်းအဖေကို ပြောလိုက်ပါ မြင်းကမလှုပ်ခုံကလှုပ်၊ ယုန်ကမတိုး ပိုက်ကတိုး
 ဖြစ်မနေပါနဲ့လို့။ယူမှာက မင်းကိုပါ။
ဘယ်နှယ့်သူက ကဲကဲလှုပ်နေရတာလဲလို့။ ကြက်တူရွေးက တော်တော် မယ်ဘော်က
ကဲမနေပါနဲ့လို့။မင်းအဖေက ကိုယ့်ကိုပြောတယ် ငကြောင် တဲ့။ မင်းဟာအလုပ်မရှိ ကြောင်ရေချိုးပေးနေတဲ့ ကောင်စားမျိုးတဲ့။ဒါပေမဲ့ပြောလိုက်ပါ။
ကိုယ်ဟာ ကြောင်သူတော် ကြွက်သူခိုးမဟုတ်သလို တောမီးလောင်
တောကြောင်လက်ခမောင်းခတ်တဲ့ ကောင်စားမျိုးတော့ မဟုတ်ပါဘူးလို့။ ကိုယ့်ရဲ့
မဖြစ်စလောက်သာရတဲ့ လစာလေးဟာ ကြောင်အို ကြွက်မလေး ဆိုသလိုဖြစ်နေတော့လေ…….
နောက်ပြီးတော့ မင်းကို လာလာကြောင်နေတဲ့ သင်္ဘောသားဆိုတဲ့ အကောင်ကလည်း
မင်းအဖေလိုလူအတွက် ကြောင်ခံတွင်းပျက်နှင့် ဆက်ရက်တောင်ပံကျိုးလို
ဟိုကောင့်အတွက်ကျတော့ ကံကောင်းတဲ့ကျား သွားရင်းသမင်တွေ့ဆိုသလိုဖြစ်နေတာပေါ့။
သူများ အကြောင်းလည်း မပြောချင်ပါဘူး အချစ်ရယ်
ဒီကောင့်မိဘက ချမ်းသာတော့ ကျားကြီး ခြေရာကြီး၊ ရွှေပင်နားတော့
ရွှေကျေးမျိုးတော့ဖြစ်မှာပေါ့လေ။ တကယ်တော့ သူ့မိဘတွေဟာ ဒီယုန်မြင်လို့ ဒီချုံထွင်၊
ကြွက်သေတစ်ခုအရင်းပြုရုံလေးနဲ့ စားရကံကြုံပြီး မုတ်ဆိတ်ပျားစွဲ၊ ထန်းသီးကြွေခိုက်
ကျီးနင်းခိုက်ဖြစ်လို့၊ ကြက်ကန်းဆန်အိုးတိုးကာ ယုန်ထောင်ကြောင်မိ
ဖြစ်သွားသူတွေပါ။ အများညီ ဤကိုကျွဲဖတ် ဆိုသလို လုပ်ချင်ရာလုပ်နေတဲ့
ပြောတော့ကြောင်သူတော် ယိုတော့ ကြွက်မွှေး ဆိုတာ သူ့မိဘတွေပေါ့။
ဆင်သတ်အရပ်ဝေပြီးမှ ဆင်သားရေကို ဆိတ်သားရေနဲ့ဖုံးချင်တာ
သူတို့အသိုင်းအ၀ိုင်းပေါ့။ ကိုယ် အထင်အကြီးပါဘူး။ အထင်လည်း မသေးပါဘူးနော်။
ဒီကောင်ကတော့ ကျွဲကူးရေပါ ဆိုတဲ့အတိုင်း သူစီးတဲ့မြင်း အထီးမှန်း
အမမှန်းတောင်မသိ၊ မိဘဆိုတာလည်း ကျီးဘုတ်ရိုသေ၊ ဘုတ်ကျီးရိုသေတဲ့ အဆင့်တောင်မရှိ၊
ခွေးကလေးအရောဝင် ပါးလျက်နားလျက်၊ ကျီးကန်းသူကောင်း မြှောက်
 ချေးကောက်စားဆိုတဲ့သူမျိုးပါ။ထားလိုက်ပါလေ။ခွေးရူးကောင်းစား တစ်မွန်းတည့်ပါပဲ။
အချိန်တန်တော့ နွားပိန်ကန်ပါလိမ့်မယ်။
တကယ်လို့ မင်းသာအဲဒီအကောင်နဲ့ညားရင် ဆင်နားရွက်ကြွက်တပ်၊ ကြွက်နားရွက်
ဝက်တပ်ပေးသလိုမျိုး ကို့ရိုးကားရား ဖြစ်နေမှာ။ မင်းအဖေကလည်း ကြောက်ပါတယ်
ဆိုကြောင်နဲ့တို့ ဆိုသလို မင်းမလိုချင်တာကိုပဲ စွတ်ပြီး ငါးကြင်းဆီနဲ့
ငါးကြင်းကျော်ချင်နေတာ။ ကိုယ်ကတော့ မင်းမိဘနှစ်ပါးကြောင့်ကျွဲနှစ်ကောင်ကြားထဲက
မြေစာပင်၊ ကျားချင်းကိုက်ရာ သမင်းလမ်းကူးမှား ဖြစ်မယ့်
မင်းဖြစ်အင်ကိုသာတွေးတွေး ရင်မောပြီး ကြမ္မာဆောင် သားကောင်ဆိတ်ဖြစ်နေပါပြီ။
တကယ်ပါအချစ်ရယ် မင်းအဖေဟာ ငှက်တစ်ကောင် မြားတစ်စင်း၊ ရှဉ့်တစ်ကောင်
မြားတစ်စင်းဆိုတာကို မြင်ပုံမရဘူး။ ကြောင်ရုပ်ဖြစ်စေ ကြွက်သေတာလိုရင်းဆိုပြီး
စွတ်မိုက်နေတာ။
အင်း… မပြောချင်ပါဘူးလေ… ငါးတကာယိုသည့်ချေး ပုဇွန်ဆိတ်
ခေါင်းမှာစု လို့ပဲပြောပြော၊ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်
လို့ပဲပြောပြော။ သူ့မိဘတွေကလည်း ဒီကောင့်ကြောင့် နာမည်ပျက်နေတာကြာပါပြီ။
တကယ်တော့ အညှီရှိရာ ယင်အုံဆိုသလို မင်းအဖေဆီကို ဒီကောင်ဟာ
ငါးပွက်ရာငါးစာချဖို့ရောက်လာတာပါ။ ပြီးတော့ ဆင်ကောင်ကြီး အမြီးကျမှတစ်ဆိုသလို၊ ငါးစိမ်းမြင်
ငါးကင်ပစ် လုပ်သွားဦးမှာ။ နောက်ဆုံးကျမှ ဒီကောင့်ကြောင့် လူတွင်ပါနွားကျားကိုက်ဆိုတဲ့အချိန်၊
ကျားသေကို အသက်သွင်းလို့ စင်းစင်းသေပါပြီလို့မင်းအဖေအော်နေဦးမှာ။
အဲလို ဖွတ်ထွက်မှ တောင်ပို့မှန်းသိတဲ့အချိန်မှာ ကျားရှေ့
မှောက်လျက်လဲသလိုဖြစ်နေမယ့် မင်းအဖေရဲ့ ကိုယ့်ယောက္ခမလောင်းကြီးရဲ့
သေချင်တဲ့ကျား တောပြောင်းအဖြစ်ကို ကိုယ်မြင်ယောင်မိနေတယ်။
မင်းအမေကြီးကျတော့လည်း ဒီကောင်နဲ့ပေးစားချင်တိုင်း သမီးတစ်ကောင်
နွားတစ်ထောင်ဆိုပြီး အရပ်ထဲမှာ လက်ပံပင်ဆက်ရက်ကျသလို ပွက်ပွက်ညံနေပါရော။
တကယ်ကျတော့ ရှမ်းကြိုက်နွားချောဆိုတာ ကိုယ်ကတော့ မြွေမြွေခြင်း
ခြေမြင်ပြီးသားပါနော်။ အင်း… နွားအို မြက်နုကြိုက်သလို မင်းအဖေကြီး
ငွေကြိုက်တာလည်း နွားငတ်ရေချ ဆိုသလို၊ ကိုယ့်အတွက်တော့
အထူးအဆန်းမဟုတ်တော့ပါဘူး။ မင်းအဖေက ဆင်သွားရင် လမ်းဖြစ်မယ်လို့ ထင်နေတာလေ။
ငါးစာသာမြင် ငါးမျှားချိတ်မမြင် ဆိုသလိုမျိုး ဖြစ်နေတာပေါ့။ ဒါထက်
သမီးချောလေးအရှိန်နဲ့ ဆင်ဖြူတော်မှီပြီး ကြံစုပ်၊ မျောက်ပြဆန်တောင်း
လုပ်နေတယ်လို့လည်း မပြောချင်ပါဘူး။ နွားပေါ့ အစွံထုတ်လို့ ပြောရင်
မင်းပါစိတ်ဆိုးတော့မယ်။  ဆင်ဖြူ့မျက်နှာ ဆင်မည်းမကြည့်ဝံ့ ဆိုသလို
ကိုယ့်ရဲ့ မိဘ Background ကလည်း သူ့အတွက်ဆို နွားပျိုသန်လှ နွားအိုပေါင်ကျိုး
သာသာပဲရှိတော့ ယုန်အတွက် ချုံကကြောင့်ကြနေရတာပေါ့။
မင်းအဖေကပြောတာ။ ကိုယ့်ကို ခွေးမသား တဲ့။ ခွေးမြီးကောက် ကျည်တောက်စွပ်တဲ့။
မင်းကိုလည်း မွဲချင်တဲ့ခွေး ပြာပုံတိုးဆို။ ဟုတ်ချင်လည်းဟုတ်မှာပါ။
ကိုယ့်အခြေအနေကလည်း လူမလေး ခွေးမခန့်တဲ့ အပြင်၊ အရပ်ကလည်း ခွေးပစ်တဲ့
တုတ်သာသာရှိတော့… ကိုယ်နဲ့ပေးစားမယ့်အစား ခွေးအမြီးဖြတ်ပြီးသာ ပေးစားမယ်တဲ့။
အဲဒါကို ဟိုအကောင်ကြားရင် သူ့ကို ခွေးအမြီးပြတ်နဲ့ နှိုင်းတယ်ဆိုပြီး
စိတ်ဆိုးဦးမယ်။ တကယ်ကျတော့ ကိုယ်ဟာ ခွေးရူးဖက်ကိုက်
ခွေးကောင်းနားရွက်ပြတ်ဖြစ်သွားမှာ ကြောက်တဲ့ ခွေးဖြူတောမတိုးဝံ့တဲ့သူပါ။ကဲပါ…
ခွေးဟောင်လို့ တောင်ပို့မပြေးနိုင်ပါဘူး။ ပိုနေမြဲ ကျားနေမြဲပါအချစ်ရယ်။
တစ်ခုတော့ မင်းအဖေကိုပြောချင်တယ်။ ဟောင်လွန်းသည့်ခွေး လူမလေးတတ်ဘူးဆိုတာကို။
ကျန်သေးတယ်….. မင်းအဖေကပဲပြောတာနော် ကိုယ်ဟာ တော်တော် နွားကျတဲ့ကောင်တဲ့။
ကိုယ်ကလည်း ဘယ်ရမလဲ၊ ဒါပေမဲ့ ခင်ဗျားလို ငါ့စကားနွားရ မပြောတတ်ဘူး၊
နွားသိုးကြိုးပြတ် မရမ်းတတ်ဘူးလို့ နွားရှေ့ ထွန်ကျူးပြလိုက်တာပေါ့။
အချစ်ရယ် ကိုယ်ဒီစကားတွေပြောနေရတာ ကျားလိုက်မှ တုတ်ခုတ်၊ ဆင်လိုက်မှ
သစ်ပင်ရှာတာ မဟုတ်ပါဘူးနော်။ ကိုယ့်မှာ ရှာသမျှ ပိုက်ဆံကလည်း သမင်မွေးရင်း
ကျားစားရင်း ဆိုသလိုဖြစ်၊ ကံအကြောင်းက မသင့်လေတော့ မြွေပွေး
ခါးပိုက်ပိုက်မိလျက်သားလည်းဖြစ်၊ ကျားချင်းကိုက်ရာ သမင်ကူ မမှားဖို့အရေး၊
ပျားလည်းစွဲသာ ရှဥ့်လည်းလျှောက်သာ ဖြစ်အောင်လုပ်ရင်း မြွေမသေ တုတ်မကျိုး
Styleမျိုးဖြစ်သွားတော့၊ ဖွတ်မရ ဓါးမဆုံး၊ ငါးမရ ရေချိုးပြန်ရုံ လေးပါ။
ကိုယ့်မှာတော့ ကျားလည်းကြောက်ရ ကျားချေးလည်းကြောက်ရဆိုသလို မင်းမိဘကော၊
မင်းကိုပါလန့်ပြီး ကျားရဲရာ ကြမ္မာမရိုးသာဆိုသလိုဖြစ်နေရပါပြီလေ။တကယ်တမ်းဆိုရင်.
ကိုယ်ဟာ မြင်းကောင်းခွာလိပ် လေးပါကွယ်။ မင်းအဖေကလည်း ကိုယ်ကမင်းကို
ချစ်ပါတယ်ပြောတိုင်း ကြိုးကြာဆို ဘာငှက်လဲ၊ ကျားကိုက်ပါတယ်ဆို
နာတာရှည်လားချည်းလာလာမေးနေလေတယ်။ ဆင်ကောင်ကြီးတွေ့မှတော့
ဆင်ခြေရာရှာစရာ လိုတော့မလားကွယ်။
ကိုယ်ကလည်း မင်းအဖေရှေ့မှာ ကျွဲပါး စောင်းတီး… အဲ… မိကျောင်းမင်း ရေခင်းပြတွေ
ခဏခဏမလုပ်ချင်ပါဘူးလေ။ လူပဲအချစ်ရယ်... စင်းလုံးချောတော့ ဘယ်ပြည့်စုံမလဲ။
သိကြားမင်းတောင် ကျွဲယောင်ဆောင်တာ ဂျိုကားတယ်လို့ ပြောခံရသေးတာပဲ။ ထားပါ။
ပုံလုံတစ်လှည့် ငါးပျံတစ်လှည့် ဆိုတဲ့နေ့ကျရင်တော့ သူသိမှာပါလေ။
ဒါမှမဟုတ်များ...ယာလည်းညက်စေ ကြက်လည်းပန်းစေလို့များ လုပ်နေသလားမသိဘူးလေ။
မပြောချင်ပါဘူး အချစ်ရယ် လင်းတလောက်တော့ ငှက်တိုင်းလှနိုင်ပါတယ်။
နွားကြော့ဆိုလေ ချုံတိုးလေဆိုတာမျိုး ကိုယ်မလုပ်တတ်ပါဘူး။ အလကားရတဲ့ သမက်ကို…“နွား သွားဖြဲကြည့်မနေပါနဲ့”လို့။ မကောင်းပါဘူးလေ။
နှံပြည်စုတ်အမြှောက်နဲ့ချိန်တတ်တဲ့ မင်းမိဘတွေကို လက်တုန့်မပြန်ချင်ပေမယ့်လည်း
တခါတခါကျရင် အကြံကုန် ဂဠုန်ဆားချက်လုပ်ပြီး ကြွက်မနိုင် ကျီမီးရှို့ချင်ရှို့ပစ်မိတော့မှာ
ရော့…ပတ္တမြား ရော့…နဂါး မှလုပ်တတ်တဲ့ မင်းမိဘတွေကို
ဆင်လည်းဆင်အထွာနှင့် ပုရွက်ဆိတ်လည်း ပုရွက်ဆိတ်အထွာ နဲ့ပါလို့ကြုံရင်ပြောလိုက်စမ်းပါ။
ဘာပဲဖြစ်ဖြစ်လေ မိဘဆိုတာ သားသမီးကို ဆင်စီးပြီးမြင်းရံစေချင်တာကို ကိုယ်သိပါတယ်။
ဒီတော့ မျောက်သားစားချင်မျောက်မျက်နှာကြည့်ဆိုသလို ကိုယ်နာလည်ပေးရမှာပေါ့။
တကယ်ပါ အချစ်ရယ် ကိုယ့်ဘ၀ဟာ ရေတွင်းထဲက ဖားသူငယ်လို၊ ကိုယ့်အဖြစ်ဟာ
ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးကြောင့်လေးဆိုသလိုဖြစ်ရုံမက
ကိုယ့်အသည်းနှလုံးတွေဟာ မင်းနဲ့ဝေးမှ ကျီးကန်းတောင်းမှောက်၊ ငါးရံ့ပြာလူး၊
ကြောင်မရှိကြွက်ထ ဆိုသလိုမျိုး ဖြစ်နေပါပြီ။ ဒီလောက်လှတဲ့ သမီးမျိုးကို
မွေးထားတဲ့ မင်းအဖေကို ပြောလိုက်ပါ။ အိုင်တွေ့လို့မှမလူး ကျွဲရူး၊
ငါးကြော်မကြိုက် ကြောင်မိုက်ဖြစ်သွားမှာပေါ့လို့။ ဘာပဲပြောပြောပါ။
မင်းမရှိတဲ့ကိုယ့်ဘ၀ဟာ နွားကွဲ ကျားကိုက် ဆိုသလို ဖြစ်လို့၊ မင်းဆီက ကိုယ်မျှော်နေတဲ့
အချစ်တွေကလည်း ကျားသနားမှ နွားချမ်းသာရမဲ့ ဘ၀မျိုးဖြစ်နေပါပြီ။ ယုံပါ..ကိုယ်ဟာ...
မျက်နှာမများတတ်သလို လယ်ထွန်သွား နွားမေ့ လူစားမျိုးလည်း မဟုတ်တာ အမှန်ပါ။
တကယ်ပါအချစ်ရယ်… ကိုယ့်ရင်ထဲက အချစ်တွေဟာ မင်းတုန့်ပြန်မှ စူဠလိပ်
ရေထဲလွှတ်သလိုမျိုး စိုင်ကော်လို့ချုံပေါ်ရောက်ပြီး ရွှေပင်မှာနားတဲ့ ရွှေကျေးလေး
ဖြစ်တော့မှာပါ။
အဟဲ ဒါနဲ့လုပ်စားနေတာကြာပြီ၊ ပါးတွေကိုကျိန်းနေတာပဲ :P
မလာပါနဲ့ Virus
Auto play ကိုပိတ်ထားရင် Memory Card တွေနဲ့ အခွေ ထည့်တဲ့အခါ    အော်တိုပွင့်
လာတဲ့ ဘေးကနေ ဝေးတာပေါ့ ။ အခွေထည့်လိုက်တယ် nero သို့ မဟုတ် Cyber နဲ့ 
တန်းပွင့်လာနေတာ.ပြီးတော့စက်က ဟန်းသွားတယ်ဆိုတဲ့ သူများအတွက် ပိတ်နည်း
လေးရေးလိုက်ပါတယ် ။ပိတ်ထားတာကောင်းပါတယ် ။ Memory card မှာ ပါလာတဲ့
Virus ဘေးကနေဝေးမယ်။.ကောင်းကျိုးဘက်က ကြည့်ရင်တော့ ပိတ်ထားလိုက်တာ
အကောင်းဆုံးပါ.ကဲ Auntorun Virus ကိုတားပေးမယ့်နည်းလေးစမ်းကြည့်စေ......။
Run box ကိုဖွင့်လိုက်ပါ Window ပုံလေးနဲ့  R ကို နှိပ်ပါ အဆင်ပြေသလိုသာဖွင့်
ပြီးရင်း gpedit.msc  ရိုက်  Enter နှိပ်  Group policy Editer ရောက်လာမယ်
Computer Config အောက်က Administrative Templates,  ကိုဝင်လိုက်ပါ
System အောက်က Window Components, ထဲဝင် Autoplay Policies.မှာ 
Turn Off Autoplay. ထဲဝင်ပြီး  Enable ကိုတစ်ချက်နှိပ် အောက်းနားလေးမှာပဲ
Turn Off Autoplay on ဆိုတဲ့နေရာမှာ All Drives ကိုရွေးပြီး Ok ပေးလိုက်ပါ
ကဲ ကလိနိုင်ကြပါစေနော်  Group Policy Editer ထဲမှာ အများကြီး ကလိလို့ ရ၏
Xp သမားများကတော့ ဒီမှာကြည့် http://inforids.com/turn-off-autoplay
ဖုန်းက ဂိမ်းတွေ ကွန်ပျူတာနဲ့ဆော့မယ်
ဒီဟာကတော့ ဖုန်းကဟာတွေ ကွန်ပျုတာမှာ ဆော့ချင်ရင် သုံးတဲ့နည်းလမ်းတစ်ခုပါ
ဒီလင့်မှာယူလိုက်ပါ -  http://www.bluestacks.com/
Friday, January 25, 2013
ရသေ့ကြီး ဦးခန္တီ
 ရသေ့ကြီး ဦးခန္တီကို လူတိုင်းသိမှာပါ။ ကိုလိုနီခေတ်က ဖြစ်ပျက်တာ တခုလေး တင်ပြပါ့မယ်။ ထိုစဉ်က ရသေ့ကြီးက အလှူအဒါန်းကို အမြောက်အများ လုပ်နိုင်သဖြင့် ရွှေဖြစ်ငွေဖြစ် ပေါက်သည်ဟု နာမည်ကြီး လာပါတယ်။ အဲတာ အင်္ဂလန်ထိတောင် သတင်းရောက်သွားသဖြင့် အင်္ဂလန်ဘုရင်ခံချူပ် က စုံစမ်းရန် မြန်မာဘုရင်ခံ ကို ညွှန်ကြားပါတယ်။ အဲတာ ရန်ကုန်ရဲမင်းကြီး မစ္စတာစကော့ ကိုယ်တိုင် မန္တလေးတောင် တက်ပြီး စုံစမ်းခဲ့ပါတယ်။ ရဲမင်းကြီးလည်း စကားပြန်ဖြင့် ရသေ့ကြီး ရွှေဖြစ်ငွေဖြစ် လုပ်တတ်သည်ဟု သတင်းရသည်။ လုပ်ပြဟု တောင်းဆိုခဲ့ပါတယ်။ ရသေ့ကြီးကလည်း ဒါဖြင့် စောင့်နေပါဟုပြောပြီး၊ ဘုရားခန်းသို့ ၀င်ပြီး ဘုရားဝင် ရှိခိုးနေပါတယ်။ ပြီးတော့ တပည့်တစ်ယောက်ကို လင်ပန်းတခု ယူခိုင်းပြီး စောင့်နေပါတယ်။ ရဲမင်းကြီးတို့က ဘာမှ မထူးခြားလို့ ရွှေတွေကော လို့မေးတာ ရသေ့က လာပြီဟိုမှာ လို့ပြောလို့ရော လှူတဲ့ လူတွေ တစ်ယောက်ပြီး တစ်ယောက် ၀င်လာပြီး လင်ပန်းအပြည့် ရွှေလက်စွပ်၊ရွှေဆွဲကြိုး ပုလဲများဖြင့် ပြည့်သွားပါတယ်။ အဲတာ လူမျိုးခြားရဲမင်းကြီးက လေးစားသွားပြီး ဓါတ်ပုံအတူတူ ရိုက်ခွင့် တောင်းခဲ့ပါတယ်။ (သည်ဓါတ်ပုံ ရှိရင် လာ share ပေးကြပါနော်) ရသေ့ကြီးရဲ့ အလှူအဒါန်းကြောင့် အင်္ဂလိပ်အစိုးရ လေးစားပြီး ရသေ့ကြီးကို အထူးအခွင့်တစ်ရပ်အဖြစ် ရသေ့ကြီး ပြုလုပ်သမျှ ဘုရားပွဲများကို အစိုးရ ထံ ခွင့်တောင်းစရာမလိုပါဘူး။ ပြီးတော့ မြန်မာတနိုင်ငံလုံး ရထား၊သဘောင်္ အလကားစီးလို့ရပါတယ်။ ရသေ့ကြီးကတော့ သက်တော် ၈၂ မှာ ပျံလွန်တော်မူပါတယ်။
ရသေ့ကြီးဘုရားခန်းမှာ ရွတ်ဆိုပြီးဘုရားဝတ်ပြုခဲ့တဲ့ ဂါထာကတော့
( အရဟံ ဗဟိအန္တဇယံ သုဂတံ၊
အမိတံ ၀ိရဇံ လလိတံ အတုလံ။
စရဏံ တိဘ၀ူပသမံ ယမကံ၊
သုခဒံ သရဏံ ပဏမာမိ ဇိနံ) ဂါထာတော်ပဲဖြစ်ပါတယ်။
လူနတ်သတ္တ၀ါအားလုံး ကျန်းမာ ၊ချမ်းသာပါစေသော်ဝ် (လင်းခက်) 
ယခုပိုစ့်အား စုဆောင်းထားရှိသော အရှင်တိလောက အား အထူးကျေးဇူးတင်ရှိပါသည်ခင်ဗျာ..
ဗုဒ္ဓဘာသာ
သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့မှာ သံကြိုတန်းလန်းနဲ့ ဘယ်ကနေ ရောက်လာမှန်းမသိတဲ့ ဆင်လေးတစ်ကောင်ဟာ လမ်းပေါ်မှာလျှောက်လာပြီး လမ်းထိပ်အရောက်မှာ ဗုဒ္ဓဆင်းတုတော်ကို အခုကဲ့သို့ ရှိခိုးပူဇော်ပါတော့တယ်။ (ဆင်းလေးရဲ့ နှလုံးသားထဲမှာ ဒီအချိန် ဘာတွေ ရှိနေမလဲဆိုတာတွေးကြည့်မိပြီး ကြက်သီး ဖြန်းကနဲထသွားမိတယ်)
Photo: သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့မှာ သံကြိုတန်းလန်းနဲ့ ဘယ်ကနေ ရောက်လာမှန်းမသိတဲ့ ဆင်လေးတစ်ကောင်ဟာ လမ်းပေါ်မှာလျှောက်လာပြီး လမ်းထိပ်အရောက်မှာ ဗုဒ္ဓဆင်းတုတော်ကို အခုကဲ့သို့ ရှိခိုးပူဇော်ပါတော့တယ်။ (ဆင်းလေးရဲ့ နှလုံးသားထဲမှာ ဒီအချိန် ဘာတွေ ရှိနေမလဲဆိုတာတွေးကြည့်မိပြီး ကြက်သီး ဖြန်းကနဲထသွားမိတယ်) 
ဒီပုံလေးကို ဆရာတော်တစ်ပါးရဲ့ ဖေ့ဘွတ်မှတွေ့ရှိခဲ့ပါတယ် အရမ်းကိုကြည်နူးပီတိဖြစ်မိပါတယ်
သာသနာ့အကျိုးဆထက်တပိုးသယ်ပိုးထမ်းရွတ်နိုင်ပါစေအရှင်ဘုရား အရှင်တိလောက 
ဖေ့ဘွတ်ဝင်ထားမှသာ ဆရာတော်ပိတ်ခ်ျ ကို ရောက်ပါမည်ခင်ဗျာ  ... (လင်းခက်)
ရင်ခုန်သံတွေ မြန်နေလား တိုင်းကြည့်ရအောင်
Runtastic Heart Rate PRO v1.1 for Android
ကျန်းမာရေးအရနှလုံးခုန်နှုန်းတိုင်းတာချင်ရင်ပဲဖြစ်ဖြစ် ၊ရင်ခုန်နှုန်းတွေတိုင်းချင်ရင် အဆင်ပြေပြီနှော်
ဆေးခန်းတစ်ခါသွား ပေးထားမဟားဒယား ၊ ခုတော့ ကိုယ့်ဘာသာတိုင်းလို့ရပြီ( အဲ ဖုန်းတော့ ရှိပစေပေါ့)
ချစ်သူကိုတွေ့ရင် တစ်ခါတိုင်း၊ မေမေနဲ့ ဖေဖေကို မုန့်ဖိုးတောင်းခါနီး တစ်ခါတိုင်း၊ တိုင်းချင်တဲအချိန်သာတိုင်း အရမ်း အသုံးဝင်တဲ့ application လေးပေါ့ ဒီမှာသာဒေါင်းလိုက်
ဒီမှာနှော်
ရင်ခုန်သံတွေမြန်တယ် ဒုချပ်၊ ဒုချပ်
သာသနာ့အာဇာနည်
ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။
သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။
ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။
သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။
မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။
တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။
မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။
ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။
ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။
မြန်မာပြည်မှမြန်မာလူမျိုး
" . . . သာသနာ့ အာဇာနည် . . . "
===================
ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။
သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။
ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။
သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။
မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။
တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။
မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။
ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။
ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။
မြန်မာပြည်မှမြန်မာလူမျိုး
Ref:& Credit to မြ၀တီ
ဗြုတ်စဗျင်းတောင်း
လူများ လိုက်လိုက်ရင် ရပ်လို့မရတော့ဘူး ၊ ဘလော့မရေးခင်တုန်းက ဘာမှန်းကိုမသိဘူး။ ရေးမိလိုက်တော့ ပိုလှချင်လာတယ်၊ ကောင်မလေးများ သနပ်ခါးလိမ်းသလို၊ ကိုယ့်ဘလော့လေးကိုပိုပိုပြီး လှစေချင်လာတယ်ဗျ. .. နုတ်ခမ်းနီတွေအများကြီးဆိုးမိတဲ့ကောင်မလေးလို ဘဲရုပ်ဆိုးလေးများ ဖြစ်သွားမလားလည်း ဆိုးရိမ်ရသေးတယ် ၊ တော်ပြီဗျာ.. အရမ်းအလှမဆင်တော့ပါဘူး၊ ပို့တွေပဲ တော်တော်များများရေးတင်ပါတော့မယ်လို့....ကိုယ့်ကိုကိုယ့် ထိပ်နှစ်ချက်ခေါက်ပြီး ဂတိပေးလိုက်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်ခင်ဗျားးးးးးးး...
ဆယ်ဆမြန်တဲ့ WYZO
Mozilla Firefox အဟောင်းကြီးပဲသုံးသုံးနေရတာ စိတ်ပျက်စရာဗျာ... တို့ကတော့ သူ့ကိုပိုချစ်တယ် ဆိုရင် Mozilla ကြီးငိုမှာပဲ... အသစ်တွေ့လို့ အဟောင်းမေ့တာတော့မဟုတ်ပါဘူးဗျာ... သူက ငယ်ငယ်ရွယ်ရွယ်ဆိုတော့ ပိုသဘောကျမိတာပေါ့ အဟီး (မှားလို့) ပိုမြန်တယ်ဗျ... ဘာမြန်လည်းဆိုတော့ သုံးကြည့်ပေါ့ဗျာ....
တစ်ချို့တွေမသုံးဖြစ်ကြသေးဘူးဗျ...ဒေါင်းလိုက်ရင်ခဏလေးပါ.... ကဲ လိုချင်ရင်တော့ ဒါလေးကို နိုပ် ရော့အင့်
Thursday, January 24, 2013
ဖုန်း နဲ့ ဖုံး မယ် ဖိမယ်
မိမိမမြင်စေချင်တဲ့ အရေးကြီးဖိုင်လေးတွေ ရှိတယ်ဆိုပါစို့။ တကယ်လည်း ရှိပါတယ်ဗျာ.. တူတူပဲ :D
Gallery တို့ My File တို့ ၊ စသဖြင့်ပေါ့ဗျာ.. ပိတ်ထားကြမယ်ဗျ..ရိုးရှင်းတယ် လွယ်ကူတယ်၊ နံပါတ်လေးတွေနဲ့ ပိတ်ထားပေါ့ဗျာ.. ဒီဟာလေးက တစ်မျိုးကောင်းတယ်ဗျ၊ တခြားတခြားသော APK တွေလည်း ရှိပါသေးတယ် ဒါလေးကို အရင်စမ်းကြည့်ပေါ့.. သယ်ရင်းတစ်ယောက်အတွက်ပါ
 နောက်ထပ်တွေလည်းရှိပါသေးတယ် ဒီနေ့တော့ ကွန်မကောင်းဘူးဗျာ.. မြန်မာနိုင်ငံသားဖြစ်နေရတာကို ခက်တာ၊ ဂလိုမှန်းသိရင် အွန်စောနဲ့ တူတူသွားနေပါတယ် :D  Mirror #1 နဲ့ ဒေါင်းနှော်
ကဲယူလိုက်တော့.....  အင့်
ကဲ...သားတို့အကြိုက် IDM
Internet download manager က ဘာဖြစ်ဖြစ်သွားမှန်းမသိဘူး၊ အခုလည်း အဆင်မပြေလို့ ထပ်ဒေါင်းရပြန်ရော. ကဲထူးပါဘူးဆိုပြီး သယ်ရင်းတွေတွက် အသစ်တင်ပေးလိုက်တယ်ဗျို့
ဒီလင့်လေးကပဲ ယူဒေါင်းလိုက်တော့ဗျာ..... ဒါလေးကိုနိုပ်ပြီးဒေါင်းဗျာ
Tuesday, January 22, 2013
Unlock Pattern
Unlock Pattern မေ့သွားလို့ ဖုန်း Lock ဖွင့်လို့မရတော့ရင် ဘာလုပ်မလဲ? (ဆိုင်သွားပေါ့ဂျာ ဟီး ...နောက်တာပါ:P)
Android ဖုန်းတွေမှာ လုံခြုံရေးအရ သင့်ရဲ့ ဖုန်းထဲက အချက်အလက်တွေကို တခြားလူ အလွယ်တကူဝင်ကြည့်နိုင်
ဖို့ Lock Pattern နဲ့ပဲဖြစ်ဖြစ် Pin Number နဲ့ပဲဖြစ်ဖြစ် ပိတ်ထားလို့ရတယ်ပေါ့ဗျာ…အဲဒါပေမယ့်…ကိုယ်ပေးထားခဲ့
တဲ့ Lock Pattern ဘယ်လိုဆွဲလဲဆိုတာဒါမှမဟုတ် Pin Number ဘာပေးခဲ့လဲဆိုတာ ခေါင်းထဲမှာမမှတ်မိတော့ရင်
တော့ဘယ်လိုလုပ်မလဲ
ကျွန်တော် ပြောပြမယ့် နည်းလမ်းလေးတွေကအသုံးဝင်မှာပါ…ဖုန်းထဲမှာgoogleaccount တော့ဝင်ထားဖို့လိုပါတယ်
အကယ်လို့ဖုန်းထဲမှာ Google Account ကိုဝင်မထားမိဘူးဆိုရင်တော့…WiFi ချိတ်ထားဖို့လိုပါတယ်…ဘာလို့လဲဆို
တာ့ ဖုန်းပြောနေရင်း Internet သုံးဖို့ အဆင်မပြေလို့ပါ။ပြီးတော့ တခြားဖုန်းတစ်လုံးလုံးနဲ့ သင့်ဖုန်းကို ခေါ်လိုက်ပါ
Answer လုပ်လိုက်ပါ … ပြီးတော့ Back Key နှိပ်ပြီး Settings > Location & Security ထဲကနေ disable lock
pattern ပြီးတော့ Settings > Accounts &SyncကနေAddAccountပြီးတော့googleaccountကိုထည့်လိုက်ပေါ့ဗျာ
ပြီးတော့ ဖုန်းချလိုက်ပါ…အောက်က အဆင့်တွေဆက်လုပ်လို့ရပါပြီ…Unlock Pattern မှာငါးကြိမ်ထက် ပိုမှားခဲ့ရင်
တော့ ” you have incorrectly drawn your unlock pattern 5 times. Please try again in 30 seconds. ”
ဆိုပြီး ပေါ်လာပါမယ် …OK နှိပ်လိုက်ပါ။စက္ကန့် ၃၀ ပြည့်တဲ့အခါ ညာဘက်အောက်ထောင့်က Forgot pattern?
ဆိုတာလေးကို နှိပ်လိုက်ရင်ဒီလိုလေးပေါ်လာမယ်…ဒါဆိုရင်သင်ဖုန်းထဲမှာထည့်ထားတဲ့ usernameနဲ့password
ဖြည့်ပြီး Sign in လုပ်လိုက်ပါ …ဝင်သွားပြီဆိုရင် Pattern အသစ်တစ်ခု ပေးရမှာပါ ဒီတစ်ခါတော့မှတ်ထားပေါ့နော်
ပြီးရင် Continue နှိပ်ပါ …Confirm ဖြစ်ဖို့အတွက် နောက်တစ်ကြိမ်ထပ်လုပ်ရပါမယ် ပြီးရင် Confirm နှိပ်ပါ …
ဒါဆိုရင်တော့ သင်ဟာ အောင်မြင်စွာနဲ့ ပြန်လည် Unlock Pattern ဖြည်နိုင်သွားပြီပဲ ဖြစ်ပါတယ် အကယ်လို့ …
ဒီနည်းနဲ့ အဆင်မပြေဘူးဆိုရင်တော့ နောက်တစ်နည်း ရှိပါသေးတယ် …
အဲဒါကတော့ Screen Lock Bypass Android Application ကို အသုံးပြုပြီးတော့ ဖြည်တာပဲဖြစ်ပါတယ်။ဒါပေမယ့်
Lock ဖြစ်နေတဲ့ ဖုန်းထဲကို apk ဖိုင်ကို ဘယ်လို ထည့် Run မလဲ ???PC ဒါမှမဟုတ် Laptop ကိုသုံးပြီးတော့
Google Account နဲ့ Android Market ထဲကို Log in ဝင်ပြီး USB Cable ကိုသုံးပြီး ဖုန်းထဲ ထည့်ရမှာပါ … ပြီးရင်
Restart ကျပါမယ် … မကျရင် ကိုယ့်ဟာကို ချလိုက်ပါ … ပြန်တက်လာတဲ့အခါ Pattern
Lock ဖြည်ပြီးသား ဖြစ်နေမှာပါ … အဟဲ..မရရင်တော့ ကျွန်တော့်ညီလေး   အမ်မစီလူညစ် ဆီကိုသွားလိုက်နှော် :P
အဲ့ဒါ ကိုငှက် လို့ခေါ်တယ်
အဖြူရောင်တွဲလက်များ ၏ တော်ဝင်နှင်းဆီတွင်ပြုလုပ်သော The Art Of Peace Art Exhibition ပန်းချီပြပွဲ မှ ဆရာရာဟုလာရေးဆွဲသော ဒေါ်လာငါးသောင်းတန် ကိုငှက်
အဖြူရောင်တွဲလက်များ ၏ တော်ဝင်နှင်းဆီတွင်ပြုလုပ်သော The Art Of Peace Art Exhibition ပန်းချီပြပွဲ မှ ဆရာရာဟုလာရေးဆွဲသော ဒေါ်လာငါးသောင်းတန် ကိုငှက်
ကျွန်တော်အရမ်းဝယ်ချင်မိတယ်ဗျာ.. ဒါပေမယ့် မ၀ယ်ခင်က ရင်ထဲမှာရှိပြီးသားပါ
ကျေးဇူးပဲ ညီလေး သတိုးရေ...
He is King of Rock
He is King of Rock ~ သိကြမယ် ထင်ပါတယ် သူ့နံမည်ကတော့Elvis Aaron Presley လို့ ခေါ်တယ် သူက ၁၉၆၀ ပတ်ဝန်းကျင်မှာ Rock ဂီတကို စတင်မွေးထုတ်သူအနေနဲ့ ကျော်ကြားအောင်မြင်သော အမေရိကန် ရုပ်ရှင်အဆိုတော် သူရဲ့Sigle Name အဖြစ် Elvis လို့ လူသိများပြီ ၂၀ ရာစုရဲ့ အကျော်ကြားဆုံးလူတစ်ယောက်ဖြစ်ပါတယ် သူ့ကို KING OF ROCK AND ROLL လို့ တင်စားခေါ်ဝေါ်ကြသေးတယ် သူ့ကို January 8, 1935မွေးဖွားခဲ့ပါတယ် Priscilla Presley (m. 1967–1973) နဲ့ အိမ်ထောင်ပြုပြီးသမီးလေးLisa Presley တစ်ယောက်ထွန်းကားခဲ့တယ် Lisa ကလဲ သူမရဲ့ ဖခင်ခြေရာနင်းခဲ့နိုင်ခဲ့သူတစ်ယောက်ပါ Elvisသေတဲ့နှစ်ကတော့ Died: August 16, 1977, Memphis မှာကွယ်လွန်ပါတယ်
Albums: Elvis Presley, Elvis' Christmas Album, Elvis' Golden Records စတဲ့ Albums များစွာ ထွက်ရှိထားပြီး အောင်မြင်မှုများကို တစ်ချိန်တစ်ခါက ကောင်မလေး များရဲ့ ပါးစပ်ဖျားမှာရော ယနေ့ထိပါ လူသေသော်လည်း နံမယ် ဂုဏ်သတင်းကျော်စောသူဖြစ်နေတုန်းပါပဲ သီချင်းက သူ့အောင်မြင်ခဲ့သောသီချင်းထဲက အထင်ရှားဆုံး ဖြစ်ပါတယ်
Viva Las Vegas(1964)Blue Hawaii (1961) Jailhouse Rock အစရှိတဲ့ရုပ်ရှင်များနဲ့အောင်မြင်များစွာရရှိထားပြီးလူတိုင်းရဲ့ ရင်ထဲမှာ အခုထိသူ့ကို ရှိနေဆဲပါပဲ သူ့ကိုတော့ မမေ့သင့်ပါဘူးနော်
ကျွန်တော့်ညီလေး တင်ထားတာပါ ဖေ့ဘွတ်မှာ သူက သတိုးထွဋ်    တဲ့
He is King of Rock ~ သိကြမယ် ထင်ပါတယ် သူ့နံမည်ကတော့Elvis Aaron Presley လို့ ခေါ်တယ် သူက ၁၉၆၀ ပတ်ဝန်းကျင်မှာ Rock ဂီတကို စတင်မွေးထုတ်သူအနေနဲ့ ကျော်ကြားအောင်မြင်သော အမေရိကန် ရုပ်ရှင်အဆိုတော် သူရဲ့Sigle Name အဖြစ် Elvis လို့ လူသိများပြီ ၂၀ ရာစုရဲ့ အကျော်ကြားဆုံးလူတစ်ယောက်ဖြစ်ပါတယ် သူ့ကို KING OF ROCK AND ROLL လို့ တင်စားခေါ်ဝေါ်ကြသေးတယ် သူ့ကို January 8, 1935မွေးဖွားခဲ့ပါတယ် Priscilla Presley (m. 1967–1973) နဲ့ အိမ်ထောင်ပြုပြီးသမီးလေးLisa Presley တစ်ယောက်ထွန်းကားခဲ့တယ် Lisa ကလဲ သူမရဲ့ ဖခင်ခြေရာနင်းခဲ့နိုင်ခဲ့သူတစ်ယောက်ပါ Elvisသေတဲ့နှစ်ကတော့ Died: August 16, 1977, Memphis မှာကွယ်လွန်ပါတယ်
Albums: Elvis Presley, Elvis' Christmas Album, Elvis' Golden Records စတဲ့ Albums များစွာ ထွက်ရှိထားပြီး အောင်မြင်မှုများကို တစ်ချိန်တစ်ခါက ကောင်မလေး များရဲ့ ပါးစပ်ဖျားမှာရော ယနေ့ထိပါ လူသေသော်လည်း နံမယ် ဂုဏ်သတင်းကျော်စောသူဖြစ်နေတုန်းပါပဲ သီချင်းက သူ့အောင်မြင်ခဲ့သောသီချင်းထဲက အထင်ရှားဆုံး ဖြစ်ပါတယ်
Viva Las Vegas(1964)Blue Hawaii (1961) Jailhouse Rock အစရှိတဲ့ရုပ်ရှင်များနဲ့အောင်မြင်များစွာရရှိထားပြီးလူတိုင်းရဲ့ ရင်ထဲမှာ အခုထိသူ့ကို ရှိနေဆဲပါပဲ သူ့ကိုတော့ မမေ့သင့်ပါဘူးနော်
Saturday, January 19, 2013
gmail အကောင့် ၁၀၀၀ လောက်ဖွင့်မယ်......
ဖွင့်..ဖွင့် ..ဖွင့်ကြမယ်ဟေ့ ကောင်းကောင်း
တစ်ကယ်တော့ ကျွန်တော်တို့တွေ နီးရက်နဲ့ဝေးနေကြတာပါ။ gmail ဖွင့်ဖို့ ဘာမှမခက်ပါဘူး...။ google က မြန်မာနိုင်ငံရဲ့ ဖုန်းတွေကို အထောက်အပံ့ပေးနေပါပြီ။ အရင်ကတော့ထားပါတော့၊ အခုတော့ လူတိုင်းနီးပါး ဖုန်းကိုင်နိုင်ပြီဆိုတော့ ဒီနည်းလေးက အသုံးဝင်မှာပါ။ အဲဒါကတော့ gmail အကောင့်ကို ဖွင့်နေကျအတိုင်းဖွင့်လိုက်ပါ။ ဖုန်းနံပါတ်ထဲ့ရမယ့်နေရာရောက်ရင် မြန်မာနိုင်ငံကိုရွေးပြီး နံပါတ်ကို
မပေးပါနဲ့ဦး။ ကျန်တာတွေ အကုန်ဖြည့်ပြီး nest step လုပ်လိုက်ပါ။ နောက်တစ်ဆင့်ရောက်လို့ ကံကောင်းပြီး အကောင့်ပွင့်သွားရင်လည်း ကိစ္စပြတ်တာပေါ့ဗျာ။ တစ်ကယ်လို့ ကိစ္စမပျက်ဘဲ verify တောင်းရင်လည်း ဘာမှမပူနဲ့တော့။ နိုင်ငံမှာ မြန်မာနိုင်ငံရွေးပြီး အနောက်ကနေ ခင်ဗျားရဲ့ ဖုန်းနံပါတ်ကိုဖြည့်ပေးလိုက်ပါ။ ဒီနေရာမှာ တစ်ခုပြောချင်တာက ဥပမာ- ခင်ဗျားရဲ့ဖုန်းက 092356891 ဆိုပါတော့.... အရှေ့က “0“ ကိုဖြုတ်ပြီး 92356891 လို့ ရိုက်ပေးလိုက်ပါ။ လာပြီ... အဓိကနေရာရောက်ပြီ။ အဲဒါဘာလဲဆိုတော့ နိုင်ငံခြားတိုင်းပြည်တွေအတွက် text message အလုပ်လုပ်ပေမယ့် မြန်မာနိုင်ငံအတွက်ကျတော့ အဲဒါက အလုပ်မလုပ်ဘူးဗျ...။ အဲဒီတော့ အောက်က ဘောက်မှာ voice call ကို ရွေးပေးလိုက်ပါ။ ပြီးရင် continue ကို နှိပ်ပေးပြီး ခဏလောက်စောင့်နေလိုက်ပါ။ viber ကုဒ်စောင့်ရသလောက်တောင်မကြာပါဘူး။ ခင်ဗျားရဲ့ဖုန်းကို google က ဖုန်းခေါ်ပါလိမ့်မယ်။ ဖွင့်ပြီးနားထောင်လိုက်ပါ။ သူပြောတဲ့အထဲက code တွေကို သေချာမှတ်ထားပြီး ကုဒ်ထဲ့ရမယ့်ဘောက်ထဲကိုထဲ့ပေးလိုက်ပါ။ ဒါပါပဲ...။ ကဲ.... ဘာများခက်လို့လဲဗျာ.... ဟုတ်တယ်ဟုတ်... စမ်းကြည့်လိုက်ဦးနော်... ကျွန်တော်တော့ တစ်မျိုးစမ်းလိုက် တစ်ကောင့်ရလိုက်နဲ့ အကောင့်တွေပုံထပ်နေပြီဗျ... ကြာရင် google က ကျွန်တော့ကို မေတ္တာပို့တော့မယ်... :D
bluetooth ထက် ၁၀-ဆလောက်မြန်တဲ့ zapya.apk
ဇတ်ပြား ဆိုလား ဇာပြ ဆိုလား ဘာဆိုလား၊ တော်တော်မိုက်သဗျ
ဒီကောင်လေးက bluetooth ထက် တစ်ကယ်ကို ၁၀-လောက်မြန်တယ်ဗျာ... သူက wifi connection ကိုသုံးထားတာပါ... zapya ကိုသုံးဖို့အတွက် သုံးမဲ့စက်အားလုံးမှာ zapya တင်ထားဖို့တော့လိုပါတယ်... wifi သုံးထားတဲ့အတွက် network တစ်ခုဖန်တီးပြီး အလုံးများစွာ ချိတ်ဆက်လို့ရပါတယ်... တစ်လုံးနဲ့တစ်လုံး ချိတ်ဆက်ပြီးတော့ zapya game လေးတွေလည်း ဆော့လို့ရပါတယ်... တစ်ကယ်ကို ပျော်စရာကောင်းပါတယ်... network တစ်ခုဖန်တီးဖို့ကတော့ zapya ကိုဖွင့်ပြီး connect to friends ဆိုတာကိုနှိပ်လိုက်ပါ... ချိတ်မယ့်သူထဲက တစ်ယောက်က ဆာဗာထောင်ရပါမယ်.. ကျန်တဲ့သူတွေက အဲဒီဆာဗာကို join ရပါမယ်... အောက်မှာ ပုံလေးတွေနဲ့ ပြထားပါတယ်... file နဲ့ app တွေကို share ဖို့ကတော့ ကိုယ် ပို့ချင်တဲ့သူရဲ့ logo လေးထဲကို ပို့ချင်တဲ့ ဖိုင်ကို drag ဆွဲပြီး ပို့လိုက်ယုံပါပဲ... တစ်ခုထူးခြားတာက apk ဖိုင်မရှိပဲ install လုပ်ထားတဲ့ app တွေကိုပါ share ပြီး သုံးလို့ရတာပါပဲ.... game တွဲဆော့မယ်ဆိုရင်လည်း တစ်ယောက်က ဆော့မယ့်game ကို နှိပ်ပြီး start လုပ်လိုက်ပါ... ဒါဆိုရင် ကျန်တဲ့ network တွင်းမှာရှိတဲ့သူတွေဆီကို request ရောက်ပါမယ်.. accept လုပ်ပေးလိုက်ရင် တွဲဆော့လို့ရပါပြီ...  တစ်ကယ်ကိုကောင်းပါတယ်... လိုချင်ရင် အောက်မှာ ဒေါင်းသွားလိုက်ပါဗျာ... အဆင်ပြေအောင်လို့ တွဲဆော့လို့ရမယ့် game လေးတွေပါ ထဲ့ပေးထားပါတယ်...
Chara Map ကြီးကြီးကြည့်ချင်သူတွေအတွက်
ကျွန်တော်ကိုယ်တိုင်အရမ်းကြိုက်တယ်ဗျ..
ကျွန်တော်တို့ ၀င်းဒိုးကပါတဲ့ character map က စာလုံးတွေအရမ်းသေးလွန်းတော့ တစ်ခါတစ်ခါရှာရရင် ခေါင်းတွေပါမူးအောင်ရှာရပါတယ်...။ စာစီစာရိုက် နဲ့ ဒီဇိုင်းသမားတွေအသိဆုံးဖြစ်မှာပါ။ အဲဒီပြသနာကိုဖြေရှင်းနိုင်ဖို့ ခေါင်းမူးပျောက်ဆေးလာပါပြီ..။ဒန်.တန့် ...။ လိုချင်ရင်အောက်မှာဒေါင်းလိုက်နော်။ ကြီးလွန်းအားကြီးလို့ ပြန်တောင်ချုံ့ကြည့်နေရဦးမယ်။  သူက portable လေးဆိုတော့ စက်ထဲကို ကော်ပီကူးထဲ့ထားပြီး  desktop ပေါ်ကို shortcut လေး တင်ထားလိုက်ရင် desktop ပေါ်ကနေဖွင့်ကြည့်လို့လွယ်သွားတာပေါ့။ မရှိသေးရင် အခုယူလိုက်နော်။ တော်ကြာလင့်သေသွားရင်မတတ်နိုင်ဘူး။ သူလည်း မသေအောင် ကြိုးစားမယ်ထင်ပ
ကိုဂျစ်တူး ကိုပြောတာပါနှော်.. :P
Download Character Map
How to Remove Deep Freeze 7 Password
အခုနောက်ပိုင်း Windows 7 မှာအသုံးပြုနေတဲ့ Deep Freeze 7 နဲ့ အသုံးပြုတဲ့အခါမှာ အဆင်မပြေတာ တွေ့ရပါတယ်။ အဲဒါကြောင့် အခု Deep Freeze 7 ကို Crack လုပ်တဲ့ Software တစ်ခု မျှဝေပေးလိုက်ပါတယ်။ ဒါကလဲ Computer Service လုပ်နေတဲ့သူတွေ ၊ ကိုယ်ပိုင် အသုံးပြုပြီး Password မေ့သွားတဲ့သူတွေ အတွက် အဆင်ပြေအောင်သာ တင်ပေးတာပါ။ သူများ computer ကို နှောက်ယှက်ဖို့ အတွက် တင်ပေးလိုက်တာ မဟုတ်ဘူးဆိုတာတော့ သိ့စေချင်ပါတယ်။ လိုအပ်တဲ့သူတွေ အောက်မှာ ယူလိုက်ပါ။
Download Links
RAR Password - thura  (if required) 
အသုံးပြုနည်း
Step (1) Download လုပ်ထားတဲ့ File ထဲက ADF v.0.4 ဆိုတာကို Run လိုက်ပါ။
Step (2) Bypass exists process ကိုရွှေးပြီး Start ကိုနှိပ်ပါ။ 
Step (3) Enter Password ဆိုတဲ့ Box ကျလာပါမယ်။ Ok ကိုသာ နှိပ်လိုက်ပါ။
Step (4) အဲဒီမှာ ခင်ဗျား စိတ်ကြိုက် ရွှေးချယ်လို့ ရသွားပါပြီ။ Password ကိုနှိပ်ပြီး Password အသစ်လဲ ချိန်းနိုင်ပါတယ်။ ဒါမှ မဟုတ် Dee Freeze ကိုပိတ်မယ်ဆိုလဲ Boot Thawed ကိုရွှေးပေးလိုက်ပါ။
အားလုံးပြီးသွားရင်တော့ Apply and Reboot ကိုနှိပ်ပေးလိုက်ပါ။
ကျွန်တော့်အကြောင်း
ကျွန်တော်က ဟိုစပ်စပ် ဒီစပ်စပ်ဗျ.. ဟိုး ငယ်ငယ်လေးကစပြောရမယ်ဆိုရင် မွေးတုန်းကတော့ ကလေးပေါ့ဗျာ.. အဲ.. ကြီးတော့ ကြီးလာတာပေါ့.. အသက်ကြီးလာတာနဲ့ အရင်ဆုံး ဘာလုပ်ချင်လည်းဆိုတော့.. ဂစ်တာ တီးချင်တာဗျ.. အဲဒါနဲ့.. အရွယ်လေးရတော့ ဂစ်တာတီးတက်ရော.. ဖြစ်ချင်တော့ လိဒ်တီးတက်ချင်ပြန်တော့ လိဒ်ဂစ်တာ သမား ဖြစ်သွားတာပေါ့ဗျာ..
နောက်တစ်ခါ ဘေ့စ် လည်း တီးချင်ပြန်တော့ ဘေ့စ်ဂစ်တာလည်း တီးတက်ပြန်ရော
ဒီလိုနဲ့ ဒရမ်၊ ကီးဘုတ်၊ ဆက်ပြောချင်တော့ဘူးဗျာ .ကိုယ့်ကိုကိုယ်သောက်ညင်ကပ်တာလည်းပါတယ်၊
နောက်မှ ဆက်ပြောပြမယ်ဗျာ.. ဒီ ပိုစ့်မှာပဲ ဆက်ပြီးရေးမှာပါ.. ခုတော့ တော်သေးပီ :P
Gtalk က အတွေးစာသားများ စုစည်းမှု
သတိရချိန်တိုင်း မလွမ်းဖို့တော့
ငါ့ဘက်က တာဝန်ယူပါတယ်…။
အသက်အစိတ် ပုခက်ချိတ်ရန် ကြိုးစားနေသည်။
မပြောချင်ရင် ဘလော့(block)လုပ်ပါ
စကားမပြောတာကတော့ စိတ်မကောင်း။
ချစ်လိုက်မုန်းလိုက် as you like
Without any စောက်ဂရုမစိုက်
တို့အသည်းက ခပ်မိုက်မိုက်
မင်းမုန်းသွားလည်း စောက်ဂရုမစိုက်
နောက်တစ်ဗွေက မင်းထက်မိုက်
မကျေနပ်ရင် လမ်းခွဲလိုက်။
Just  God Can Stop Me.
အနားဂတ်အတွက် မစဉ်းစားရင်နေပါ
အတိတ်ကမင်းအတွက် အဓိပ္ပါယ် တချို့တ၀က်ရှိခဲ့ရင်
ငါ့ကို သတိရပေးပါ…
ပစ္စုပ္ပန်တိုင်းအတွက်
အကောင်းဆုံးချစ်သူအဖြစ်
ငါရှိနေပါ့မယ်။
ကျောင်းဖွင့်တိုင်း မင်းမျက်နှာ ငါနေ့တိုင်းမြင်ချင်မိ။
ပြောချင်ရာပြော လုပ်ချင်ရာလုပ်ပြီး
နောက်မှာ ဘာဖြစ်ကျန်ခဲ့တယ်ဆိုတာ
မသိတဲ့လူတွေအတွက်
နောက်ကြည့်မှန်တစ်ချပ်လှူချင်တယ်။
ပြုံးနေတိုင်းလည်း ပျော်နေတယ်မထင်ပါနဲ့
ရင်ထဲမှာရှိတဲ့ခံစားချက်
နေရာတိုင်းမှာ ဖွင့်ပြလို့မရဘူးလေ။
ချာတိတ်မတွေကို…
ညာရှိတ်ဦးမယ်
မုန်းတယ် မုန်းတယ်
မိန်းမတွေကို မုန်းတယ်း)
ပြောသာပြောရတယ်
အမေ့ကို မတိုင်ရဘူးနော်။
ချစ်ရတာလည်း… ဒုက္ခ
မုန်းရတာလည်း ဒုက္ခပါပဲလေ။
မကျွတ်မလွတ်နိုင်သေးတဲ့ အိပ်မက်ထဲမှာ
မင်းဘယ်တော့ အမျှဝေမှာလဲ။
တစ်ခါတလေ လောကကြီးကို
ဖားတစ်ကောင်နဲ့ ခရုတစ်ကောင် လက်ဆောင်ပေးလိုက်ချင်တယ်။
ငြင်းစရာရှိလာရင် စိတ်အေးအေးထား
ဒေါသရှေ့ထားရင်
အမှားကနေ အပြစ်ဖြစ်တတ်သလို
မှန်ပေမယ့်လည်း ယဉ်ကျေးဖွယ်ရာ ကင်းတတ်တယ်။
ယုံကြည်မှုနဲ့ ချစ်ခဲ့တဲ့ အချစ်ကို
အလွဲသုံးစားလုပ်ခဲ့ရင်
မင်းဟာ ငါ့ရဲ့ယုံကြည်မှုတွေကို
ရိုက်ချိုးတဲ့အတွက်
မင်းကို ထာဝရ မုန်းသွားမှာပါချစ်သူ…။
အချိန်တန်ပြီဆို ပြန်ကြရမှာပါ။
ချစ်သူနှုတ်ဖျား ပြောစကားကို
ရင်မှာလွမ်းရ မေ့မရလို့
ကြင်နာတံခါး ဖွင့်လို့ထားသည်
ဝင်လာခဲ့ပါ ချစ်သူရာ…။
တစ်ခါ Hi ၁၀၀ ကျပ်။ နာမည်မေးလျှင် ၂၀၀ ကျပ်။ လိပ်စာပါသိချင်လျှင် ၅၀၀ ကျပ်။ အသည်းကွဲ၍လာတိုင်ပင်လျှင် ၁၀၀၀ ကျပ်။ ဟိုမေးဒီမေး ၅၀၀၀ ကျပ်။ စစနောက်ပြောင် ၁၀၀၀၀ ကျပ်။ ရည်းစားစကားပြောလျှင် FREE.. :P
ကောင်းကင်က ကြယ်တွေကြွေတိုင်းသာ မင်းရဲ့ ဆုတောင်းတွေပြည့်မယ်ဆိုရင်
မင်းဆုတောင်းတွေ အမြဲပြည့်နေဖို့အတွက်
မကြာခဏ ကြွေပေးနေမယ့်ကြယ်တွေ ငါဖြစ်ပါရစေ။
ဒီစောက်ချိုးမျိုး လာချိုးလို့ကတော့ အရမ်းသနားတယ်...
ချစ်လို့အလိုလိုက်ထားတာ ယောင့်မတက်နဲ့။
ယောင့်တက်ရင် ဘာဖြစ်တတ်သလဲဆိုတာ မင်းရှေ့က စီနီယာတွေ သွားမေးကြည့်။
အချစ်နဲ့ ပတ်သက်လာရင်...
ဘယ်သူ့ကိုမှ... ဒူးမထောက်တတ်ဘူး....
သောက်ရမ်းတော့ ချစ်ပြနိင်တယ်....။
အသစ်တွေ့ရင်လဲပြောပါချစ်သူ...
နာကျင်ပြီးသား နှလုံးသားလေးကို...
ထပ်ပြီးနာကျင်အောင် မလှည့်စားပါနဲ့တော့။
တကယ်ပါ ကောင်လေးရာ ငါမပစ်ခဲ့ပါဘူး။
လေးကြိုးကို ငင်ကြည့်ရင်း လွတ်ထွက်သွားတာပါ။
တကယ်ပါ ကောင်လေးရာ ကြုံကြိုက်တုန်း ခြွေချခဲ့တာမဟုတ်ပါဘူး။
ရင်တစ်ခုလုံး ပွင့်ထွက်မတတ် ချစ်ခဲ့တာပါ... တကယ်ပါ....။
ရပ်တန့်လိုမရတဲ့ ရင်ခုန်ခြင်းတွေက...
လေပြည်တွေ တိုက်နေတာတောင် ပိုပြီး နှလုံးခုန်နှုန်းမြန်နေခဲ့ရင်
တစ်နေ့မှာ ချစ်သူရဲ့ ယုယမှုတွေက သေစေနိုင်လောက်အောင် ချစ်တတ်မှုကို သင်ပေးမလား မသိဘူးနော်။
ကောင်းကင်က ကြယ်တွေကြွေတိုင်းသာ မင်းရဲ့ ဆုတောင်းတွေပြည့်မယ်ဆိုရင်
မင်းဆုတောင်းတွေ အမြဲပြည့်နေဖို့အတွက် မကြာခဏ ကြွေပေးနေမယ့်ကြယ်တွေ ငါဖြစ်ပါရစေ.....။
တစ်နေကုန် Chatting ၀င်....
အချိန်ရသမျှ Gtalk ပြော....
Monitor နဲ့  မျက်နှာ ခွါတယ်မရှိတော့....
မင်းမျက်ခွက်လည်း မှန်ထဲပြန်ကြည့်အုံးဟဲ့...။
လွမ်းတတ်သူအဖို့ အချိန်တိုင်းကလွမ်းစရာတွေချည်းပါပဲ...။
*သဗ္ဗေသတ္တာ ကမ္မသကာ*
သတ္တ၀ါမှန်သမျှ မိမိ၏ ကောင်းမှု၊ မကောင်းမှုသည်သာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါတကား။
မီး‌သွေးမျက်နှာ
ကျားလျှာလက်နဲ့ ကိုယ်က.....
ခစားဖို့ သင့်ရဲ့လား?
အားငယ်လွန်းရပါတယ်….
လွမ်းတယ် (အနေဝေးရင်)
ပိုင်ဆိုင်ချင်တယ် (တစ်ဘ၀စာ)
အရမ်းချစ်တယ် (တစ်သက်လုံး)
သတိရတယ် (မတွေ့ရတဲ့အခါ)
အတူနေချင်တယ် (လိုက်လျောရင်)
နမ်းချင်တယ် (ဖြူစင်စွာ)
ထိုင်ကြည့်ချင်တယ်(၂၄နာရီ)
Thursday, January 17, 2013
Hack ကြမယ်ဗျို့
Prepaid ငွေဖြည့်ကဒ်တွေကို Hack မယ်..ကံကောင်းလားမကောင်းလားစမ်းကြည့်ကြပါအုန်း(ရမယ်တော့ကျိန်းသေမပြောဘူးနော်)
Software ကတော့ Password Generator ပါ.. ဒါက အမှန်တော့ Generator လေးတစ်ခုပါ.. ဒါပေမယ့် သုံးတတ်ရင်တော့ေ၇ွှပေါ့.. အခု နှစ်သိန်းဖုန်းမှာဆိုရင် ကိန်းဂဏန်း 18 လုံးရှိပါတယ်.. ဒီတော့ ကျွန်တော်က numbers ကို အမှန်ခြစ်ပေးပြီး password length မှာ 18 ပေးလိုက်ပါတယ်... ပြီးရင် generate now ကို တစ်ချက်နိုပ်လိုက်မယ်.. code လေးကို မြင်ရမှာဖြစ်ပါတယ်.. code လေးက ဖုန်းငွေဖြည့်ကဒ်တည်းမှာ မသုံးရသေးတဲ့ ဖုန်းငွေဖြည့် code လေးဖြစ်ခဲ့မယ်ဆိုရင် သင် အတွက် ဘယ်လို ဖြစ်နိုင်မလဲ.... အခုတိုင်းတော့မရဘူးပေါ့ဗျာ.. သုံးပြီးသား code no; တွေလည်းပါနေတယ်လေ ဖုန်းတစ်လုံးမှာ ကုဒ်ကို 4ခါ မှားခွင့်ပေးထားပါတယ်.. ကဲ သုံးခါစမ်းမယ်ဗျာ..
ဖုန်း 10လုံးဆို ကုဒ်အခု သုံးဆယ် စမ်းမယ်ဗျာ ကံကောင်းလို့  တစ်ခုက တစ်သောင်းကဒ်လေး ဖြစ်နေမယ်ဆိုရင်တော့ အကျိုးအမြတ်လေးတွေးကြည့်ပေါ့ပာုတ်ဘူးလား
Software ကိုအောက်မှာဒေါင်းလိုက်ပါ..
Download >>>>
http://minsoeyarsar.webs.com/Software/password-generator.rar
ဒေါသနည်းအောင်နေနည်း
လူတိုင်းစိတ်ပင်ပန်းရတာ သက်သာအောင် အကောင်းဆုံး လုပ်နည်းက
တတ်နိုင်သလောက်ကြိုတင်ကာကွယ်တဲ့ နည်းပါပဲ။
• သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊
ကပ်ပြီးမှပြောရင်ပြင်ဆင်ချိန်မလောက်လို့စောင့်နေတဲ့အခါမှာ စိတ်တို တတ်တယ်။
• သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင်ဝယ်ထားပါ၊ သုံးချင်တဲ့အချိန်ကျမှ ကုန်နေလို့
စိတ်တိုတာမဖြစ်အောင်နော်။
• ကတိအကြွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကို
လွယ်လွယ်နဲ့မပေးပါနဲ့။ ကတိပေးပြီးမှမတည်နိုင်တဲ့အခါစိတ် ဆင်းရဲ ရတယ်၊
စိတ်တိုရတယ်၊ ကတိမတည်တဲ့သူလို့အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။
• မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။
ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့လိုတယ်။ ကိုယ့်
ရည်မှန်းချက်ကို နဲနဲချင်း ဖြေးဖြေးမြှင့်ပါ ။
• ကိုယ့်အတွက် အရေးကြီးတဲ့ ကိစ္စကိုလုပ်ဖို့ အချိန်လုံလောက် အောင်စီစဉ်ထားပါ။
အရေးမကြီးတာတွေကို အရင်လုပ်ပြီး ပင်ပန်းသွားတဲ့အခါကျမှ အရေးကြီးတာကိုလုပ်ရင်
ပိုပြီးစိတ်ပင်ပန်း တယ်။ ဒါကြောင့် အရေးကြီးတာကို အရင်လုပ်ပါ။ အရေးကြီးတာကို
အရင်လုပ်ပြီးရင် စိတ်ပေါ့ပါးသွားလို့ သိပ်အရေးမကြီးတာကိုလုပ်ဖို့ အားတက်လာမယ် ။
• စနစ်တကျလုပ်တတ်တဲ့အကျင့်ကို လေ့ကျင့်ထားပါ။ စနစ်ရှိရင် အချိန်ကုန်သက်သာတယ်၊
အမှားနည်းတယ်၊ စိတ်ပင်ပန်း လူပင်ပန်း ရတာလဲနည်းတယ်။ အဲဒါကြောင့် စိတ်တိုရတာ
ဒေါသဖြစ်ရတာပါ နဲသွားတယ်။ ပုံမှန်အချိန်ဇယားနဲ့ လုပ်လို့ဖြစ်တာမျိုးကို
သူ့အချိန်ကျ ရင်လုပ်ဖြစ်အောင် အကျင့်လုပ်ထားတာကောင်းတယ်။ အခုလုပ် ရမလား၊
နောက်မှလုပ်ရမလားလို့ တွေးမနေရတော့ဘူး။ အဲဒါကိုက အချိန်ကုန်သက်သာသလို
စိတ်ပင်ပန်းတာလဲ သက်သာပါတယ်။
• ကိုနေရတဲ့နေရာ၊ ကိုယ်အလုပ် လုပ်တဲ့နေရာကို တတ်နိုင်သလောက်
သန့်ရှင်းသပ်ရပ်အောင် လှပအောင်ပြုပြင်ပါ။ ရှုပ်ထွေး၊ ညစ်ပတ်၊ နံစော်
နေတဲ့နေရာမျိုးမှာ အလုပ်လုပ်ရရင် စိတ်ကြည်လင်မှာ မဟုတ်ဘူး။
• စိတ်ကြည်လင်စေမှုကို ဖျက်စီးတတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင်
တဲ့နေရာမှာမရှိပါစေနဲ့။ နံရံပေါ်မှာ၊ စာအုပ်စင်ပေါ်မှာ၊ အလုပ်စားပွဲ ပေါ်မှာ
စိတ်ကိုအနှောက်အယှက်ပေးနိုင်တဲ့အရာတွေကို မရှိပါစေနဲ့။ စိတ်တိုစရာကိစ္စ၊
စိတ်ညစ်စရာကိစ္စ၊ အဟောင်းကိုအသစ်ဖြစ်အောင် လုပ်မဲ့ ပစ္စည်းမျိုးကို
မြင်နိုင်တဲ့နေရာမှာ မထားတာကောင်းတယ်။ ကြည့်လိုက်တာနဲ့
စိတ်ကိုကြည်လင်အေးချမ်းသွားစေနိုင်တဲ့ ရှုခင်း ဓါတ်ပုံမျိုးကို မြင်သာတဲ့နေရာမှာ
ထားပါ။ ရေခဲတောင် ဓါတ်ပုံမျိုး၊ ရေကန်ကြီးကြီး ဓါတ်ပုံမျိုးကို ကြည့်ပြီး
အဲဒိနေရာမျိုးမှာ ကိုယ်ရောက် နေတယ်လို့ မှန်းကြည့်ပါ။ ကိုမြင်သမျှ
ကြားသမျှအရာတွေဟာ ကိုယ့်စိတ်ကို လွှမ်းမိုးတယ်။ ဒါကြောင့် မမြင်ရရင်ကောင်းတဲ့
အရာတွေကို ဝေးဝေးပို့ထားပါ၊ ဝေးလေကောင်းလေပဲ။ ပစ္စည်းတွေက ကိုယ့်စိတ်ကို
ချောက်ချားစေနိုင်တယ်။ ဘာပစ္စည်းမှမရှိရင် ဘာအနှောက်အယှက်မှ မရှိဘူး။
• အနံ့အသက်ဆိုးတွေ၊ မီးခိုးတွေ၊ ဆူညံသံတွေ မရှိအောင် လုပ်နိုင်ရင်ကောင်းတယ်။
 မရှိအောင်မတတ်နိုင်ရင်တော့ နဲနိုင်သမျှ နဲအောင် လုပ်ပါ။
• ကိုယ်ကအောင်မြင်လေလေ ကိုယ့်ကိုတွေ့ချင်တဲ့သူ၊ ကိုယ့်ဆီက
အကူအညီတောင်းချင်သူတွေ များလာလေဖြစ်တတ်တာ သဘာဝပဲ။ တစ်ခါတစ်လေ ကိုယ်မအားတုန်း
အလုပ်များနေတုန်း သူတို့ကတွေ့ချင် အကူအညီတောင်းချင်နေလို့ မရမက လုပ်လာရင်လည်း
စိတ်အနှောက်အယှက်ဖြစ်ရတယ်။
• စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင် သလောက်
မပြောပဲနေတာကောင်းတယ်။ အထူးသဖြင့် သူများ မကောင်းကြောင်းကို
မပြောပဲနေတာကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကို
အထူးရှောင်သင့်တယ်။ ကိုယ်ကသူများ မကောင်းကြောင်းကိုပြောရင်
ကိုယ့်မကောင်းကြောင်း ကိုလည်း သူများက ပြောမှာသေချာတယ်။ အဲဒါနဲ့ပဲ
ကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကို သူများကမကောင်းပြောရင်တောင်မှ
သူပြောတာမဟုတ်ကြောင်းကိုပဲ အေးအေးဆေးဆေးပြောပြီး သူ့မကောင်း ကြောင်းကိုတော့
ဟုတ်နေရင်တောင်မှ မပြောပဲထား လိုက်တာက ပိုကောင်းတယ်။ ကိုယ်ကသဘောထားကြီးကြီး
ထားဖို့လိုတယ် ။
• စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများ များနဲ့မရောပါနဲ့။
အလုပ်များတဲ့သူဟာ တစ်နေ့ တစ်နေ့ လူတွေနဲ့စကားပြောရတာ နဲမှာမဟုတ်ဘူး။
အခက်အခဲရှိလို့ပြော ချင်ရင်၊ တိုင်ပင်ချင်ရင် တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး
ပေးနိုင်မဲ့သူကိုပဲပြောပါ။ မဆိုင်တဲ့သူတွေကိုမပြောပါနဲ့။ စိတ်ပျက် စရာကို
ပြောတတ်တဲ့သူတွေကို ဘယ်တော့မှ မပြောပါနဲ့။
စိတ်ပျက်စရာကိုပြောတတ်တဲ့သူကိုပြောရင် ကိုယ်ပါစိတ်ဓါတ်ကျမယ်။
စိုးရိမ်စိတ်တွေများလာမယ်။ စိတ်ပင်ပန်းမယ်။ ကိုယ်လုပ်မဲ့ အလုပ်မျိုးကို
လုပ်နေတဲ့သူ၊ အတွေ့အကြုံများတဲ့သူမှသာ ကိုယ့်အခက်အခဲကိုနာလည်မယ်။
ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကို သေသေချာချာစဉ်းစားပါ။
• အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေး ဆေးဆေးလုပ်တတ်အောင်လေ့ကျင့်ပါ။
အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။ အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေ
တဲ့သူဟာ စိတ်တိုဖို့ပိုများတယ်။ မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။
ဒါကြောင့် ``အရင်လိုရင် အရနှေးတယ်´´ လို့ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ
တိတိကျကျ လုပ်တတ်တဲ့အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကိုပေး တယ် ။
• လတ်တလောအဆင်ပြေအောင်လွယ်လွယ်နဲ့ကတိမပေးလိုက်ပါနဲ့။
ကိုယ့်ကိုသဘောကျအောင်ဘာတွေပေးမယ်၊ ဘာတွေလုပ်ပေးမယ်၊ ဘယ်လိုအခွင့်အရေးတွေပေးမယ်
ဆိုတာမျိုးကို မစားရ၀ခမန်း မပြောပါနဲ့။ ကိုယ်ကို အင်မတန်သဘောကောင်း
တယ်လို့မြင်စေချင်လို့ ချက်ချင်းဝမ်းသာသွားအောင်မပြောပါနဲ့။ ပြောတုန်းမှာ
လွယ်လွယ်နဲ့ ပြောပြီး တကယ်လုပ်တဲ့အခါ ကိုယ်မတတ်နိုင်ရင် မူလက ကိုယ့်
စေတနာမှန်ပေမယ့်လည်း ကိုယ့်စေတနာကို တဖက်ကယုံမှာ မဟုတ်ဘူး။ အပြောနဲ့
အလုပ်မညီတာတွေများလာတဲ့အခါ ကိုယ့်စကားကို ကြာတော့ ဘယ်သူမှ
ယုံတော့မှာမဟုတ်တော့ဘူး။ တကယ်ပေးနိုင်မှ၊ တကယ်လုပ်ပေးနိုင်မှပဲ ပြောပါ။
ပေးနိုင် တာထက် နည်းနည်းလျှော့ပြောတာကောင်းတယ်။
• အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ညင်းတာခုံတာကို မလုပ်ပါနဲ့။
ဘာမှမဟုတ်တာကို ညင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေ တော်တော်များပါတယ်။
ဒါကြောင့်အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့သူဟာ အရေးမကြီးတာတွေကို
ကိုသိတိုင်းလည်း မပြောသင့်ဘူး။ မေးတိုင်းလည်းမဖြေသင့်ဘူး။
• အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင်
စောင့်သင့်တယ်။ ကိုယ်မှန်တိုင် ၀င်ပြောပြီး အနိုင်မယူသင့်ဘူး။
နိုင်လို့ရတိုင်းနိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။
စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ်ထား၊
သဘောထားကြီးတဲ့စိတ်ထားမျိုးကိုမွေးယူရမယ်။
• ဘယ်အလုပ်မျိုးဖြစ်ဖြစ် အဆင်မပြေမှုရှိပါတယ်၊ အခက်အခဲရှိပါတယ်။
 ဆရာဝန်အလုပ်ခက်သလို၊ ကျောင်းဆရာအလုပ်လည်းခက်ပါတယ်။ ဈေးရောင်းတဲ့အလုပ်ခက်သလို
ကားမောင်းတဲ့အလုပ်လည်း ခက်ပါ တယ်။ ကားမောင်းတဲ့အလုပ်က စိတ်ရှည်ဖို့
တော်တော်လိုပါတယ်။ ဆရာဝန်အလုပ်လည်းစိတ်ရှည်ဖို့လိုပါတယ်။ လူနာရဲ့ အသက်ကို
လုနေရတဲ့အခါမျိုးမှာ သေးမင်းနဲ့ရင်ဆိုင်တိုက်ပွဲလိုဖြစ်နေတဲ့အခါမှာ
တော်တော်ပင်ပန်းပါတယ်။ လူနာက အားကိုး တကြီးနဲ့ကြည့်တဲ့ မျက်လုံရဲ့အဓိပ္ပါယ်ဟာ
ဆရာဝန်တွေရဲ့ စိတ်မှာ ပြင်းထန်တဲ့ ကရုဏာကို ဖြစ်စေတယ်။ ကျောင်းဆရာ၊
ဆရာမတွေကလည်း စိတ်ရှည်ဖို့လိုပါတယ်။ စာမေးပွဲကျတဲ့ကျောင်းသားရဲ့ စိတ်မှာ
ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့သလိုဖြစ်သွားတာဟာ တော်တော်
သနားစရာကောင်းပါတယ်။ ကိုယ့်တပည့်လေးအောင်ပါ့မလားဆိုပြီး ဆရာတွေ ဆရာမတွေ
သောကဖြစ်ရတယ်။ မိဘတွေ ဆင်းဆင်းရဲရဲနဲ့ သားသမီးကို ပညာတတ်စေချင်လို့
ကျောင်းထားတယ်။ စားမေးပွဲကျရင် ဆက်ထားဖို့မလွယ်တော့ဘူး။
• လူများများနဲ့ ဆက်ဆံရတဲ့အလုပ်တွေက ဆက်ဆံရေးအခက်အခဲ အမြဲရှိပါတယ်။
လူတိုင်းကိုစိတ်ကျေနပ်အောင်ဘယ်သူမှ လုပ်မပေး နိုင်ဘူး။ မကျေနပ်တဲ့သူက
အပြစ်တင်မယ်၊ မကောင်းပြောမယ်။ အဲဒီအခါ စိတ်တိုမယ်၊ ဒေါသဖြစ်မယ်၊ စိတ်ဓါတ်ကျမယ်။
ဒါကြောင့် ကိုယ့်အလုပ်နဲ့ပတ်သက်ပြီး ဖြစ်နိုင်တဲ့အခက်အခဲတွေကို ကြိုတင်ပြီး
တွေးထားပြီးတော့ ဒီအခက်အခဲမျိုးကတော့ တွေ့ရမှာသေချာတယ်၊ ဒီလိုအပြောမျိုးတော့
ခံရမှာသေချာတယ်၊ ဒါကြောင့် အခက်အခဲနဲ့တွေ့ရတဲ့အခါ၊ အပြောခံရတဲ့အခါ
စိတ်မပျက်ဘူး၊ စိတ်မညစ်ဘူ။ စိတ်ရှည်ရှည်ထားမယ်လို့မကြာခဏ နှလုံးသွင်းပါ။
လူတွေပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ။ သူတို့ကိုနားလည်ဖို့ကြိုးစားပါ။
 ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့၊ ကိုယ့်စေတနာက မှားနေရင် ကိုယ့်စေတနာက
ကိုယ့်ကိုအကျိုးပေးမှာပါပဲ။ ပြဿနာ တော်တော်များများဟာ ဆက်ဆံရေးအဆင်မပြေလို့
ဖြစ်ရတာပါ။ တစ်ယောက် ပြောချင်တာကို တစ်ယောက်ဆုံးအောင် နားမထောင်ရင် တစ်ယောက်ကို
တစ်ယောက် နားလည်မှာမဟုတ်ဘူး။ တစ်ယောက် စကားကို တစ်ယောက် အဓိပ္ပါယ်မှန်အောင်
မကောက်နိုင်ရင် အထင်လွဲတာတွေ ဖြစ်လာမယ်။ ဒါကြောင့် ဆက်ဆံရေး အဆင်ပြေချင်ရင်
တဖက်သား ပြောချင်နေတာကို ဂရုတစိုက် နားထောင်ပါ။
သူ့စိတ်ထဲမှာ ပြောချင်နေတာကို
ပြောခွင့်ပေးပါ။ အထူးသဖြင့် အရေးကြီးတဲ့ ကိစ္စပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့
ပိုပြီးအရေးကြီးတယ်။ သူပြောချင်နေတာကို ပြည့်ပြည့်စုံစုံ ပြောနိုင်အောင် သူ့ကို
မေးခွန်းတွေမေးပြီး ရှင်းခိုင်းပါ။ သူ့အခက်အခဲကို ကိုယ်က ကိုယ်ချင်စာပါတယ်
ဆိုတာကို သူသိအောင်ပြောပါ။ တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်ကူညီပြီးနေသွားရတာ
ကျေနပ်စရာ သိပ်ကောင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တစ်ကယ် နားလည်မှုရသွားရင်
စိတ်သက်သာမှုရတယ်။ ကိုယ့်ဘ၀မှာ အရေးပါတဲ့သူရဲ့ အထင်လွဲမှုကို ခံရတာ စိတ်ဆင်းရဲစရာ
သိပ်ကောင်းတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အထင်လွဲနေရင်
လေးလေးစားစားဆွေးနွေးပါ။
လောကီအတွက်ပါ အကျိုးပေးတဲ့ ဆုံးမသြ၀ါဒပါ။ ၀ိပဿနာတရားတွေကို
အမြဲရှုပွားနေနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဆရာတော်ရဲ့ သြ၀ါဒက ချက်ချင်းစိတ်ကို
ငြိမ်းချမ်းစေနိုင်ပါတယ်။ စိတ်ကလေးကြည်လင်နေတဲ့အခါ ခန္ဓာဉာဏ်ရောက်တရားများကို
အားစိုက်နာကြည့်လိုက်ပါ။ ဒါမမဟုတ် ၀ိပဿနာတရားအားထုတ်ကြည့်ပါ။ အင်မတန်ကို
ချမ်းသာသုခ ရနေတဲ့အချိန်ပါ။ ဓမ္မမိတ်ဆွေများလည်း ဆရာတော် ပြောပြဆုံးမသည့်အတိုင်း
လိုက်နာကျင့်သုံးနိုင်ပါစေ။ ဘ၀မှာ စိတ်အချမ်းသာဆုံးနေနိုင်ကြပါစေ။
*မှတ်ချက် ။ ဆရာတော်ဦးဇောတိကစာပေမှရေးသားတင်ပြပါသည်
ရေးတင်သူ ။ မောင်သိန်းထိုက်
Sunday, January 13, 2013
သစ်ရွက်ဖမ်းတဲ့လက်
အမှတ်တရ သိမ်းထားတာပါဗျာ...
စာတွေတော့ ဖတ်လို့မရသေးဘူးဗျ ဖောင့်ပျောက်နေလို့ (အဟဲ) :P
ကျောင်းသီချင်းလေးတွေ
ကျောင်းသီချင်းလေးတွေပေါ့ဗျာ... အဆောင်ရှေ့တွေမှာ ကျွန်တော်တို့ တွေ တီးခဲ့ဘူးတဲ့ သီချင်းတွေပေါ့..
မသိသေးတဲ့ လူငယ်တွေအတွက်ပေါ့.. အဲ..ကျွန်တော်လည်း လူငယ်ပါပဲဗျာ.. နားထောင်ကြည့်ပါ.
ကျောင်းသီချင်းများ စုစည်းမှု
  1. ချစ်အယူခံ (ခင်မောင်ထူး) >> Download <<
  2. တစ်စိမ့်စိမ့်ရင်ထဲနွေ (ကော်နီ) >> Download <<
  3. ပုဂံလမ်းကစောင့်မယ်(တင့်တင့်ထွန်း) >> Download <<
  4. မာလာဆောင်မောင်မလာ(နော်လီဇာ) >> Download <<
  5. သီချင်းဧည့်သည်(အေးချမ်းမေ) >> Download <<
  6. အင်းယား (စိုးလွင်လွင်) >> Download <<
  7. အင်းယားသို့ (ဆင်ပေါက်) >> Download <<
  8. အင်းယားအသိဆုံး(ရင်ဂို) >> Download <<
  9. အင်းယားအဆောင်သူလေး(ဗလ) >> Download <<
  10. အဓိပတိလမ်းကခြေရာ(ထူးအိမ်သင်) >> Download <<
  11. အဆောင်သူရဲ(ဖိုးချို) >> Download <<
  12. အဆောင်သူအလွမ်းပြေ(အောင်နိုင်) >> Download <<
  13. ကျောင်းပုံပြင်(အဝေးကဧည့်ခန်း) >> Download <<
  14. ကျောင်းသီချင်း(ကဗျာဘွဲ့ မှူး) >> Download <<
  15. ကျောင်းသားဘ၀ (ဆေး-၂) (ဂျန်) >> Download <<
  16. ကျောင်းဖွင့်ချိန် (ချောစုခင်) >> Download <<
  17. ကျောင်းဖွင့်ချိန် (အေးချမ်းမေ) >> Download <<
  18. ပြန်မယ်ပြန်မယ် (တင်ဇာမော်) >> Download <<
  19. ပြန်ဆုံနိုင်ပါ့မလား (ထွန်းအိန္ဒြာဗို) >> Download <<
  20. ကျောင်းဖွင့်စနေ့ (လှိုက်ဦးမော်) >> Download <<
  21. မင်းကျောင်းမတက်တဲ့နေ့ ( ဇော်ပိုင်) >> Download <<
  22. ဝေဒနာပြူတင်းပေါက် (အစိုင်း) >> Download <<
  23. သူငယ်ချင်းများကို (NGIIK) >> Download <<
  24.  ကင်တင်းထဲကကွင်းလက်ချာ (အရိုး) >> Download <<
ကြိုက်လွန်းလို့ ဥ သည်။
http://axeltkw.blogspot.com မှ ကူးယူပါသည်ခင်ဗျာ။
ထူးအိမ်သင် Discography
Discography of Htoo Eain Thin
Thanks to
Some File & Cover Art
Credit to Original Uploader & My Friends
ထူးအိမ်သင် - နာရီပေါ်မှမျက်ရည်စက်များ (၁၉၈၇)
၀၁။ မေ့လိုက်တော့
၀၂။ ရက်စက်စွာ ပြုံးတတ်သော
၀၃။ ခွင့်မပြု
၀၄။ နာရီပေါ်က မျက်ရည်စက်များ
၀၅။ စိတ်ဓာတ်ကင်ဆာ
၀၆။ တစ်နေ့နေ့တော့ ချစ်လာလိမ့်မည်
၀၇။ ကြိုက်သလို လုပ်
၀၈။ မရိုးသားတော့ဘူး
၀၉။ ဆွေးပြီ
၁၀။ သီချင်းလေး သက်သေ
၁၁။ သူငယ်ချင်းအတွက်
၁၂။ ဝေးသွားတဲ့ အခါ
၁၃။ နာရီရဲ့ သီချင်း
၁၄။ ချစ်
၁၅။ ညီလေးရေ
၁၆။ စိမ်းရက်လေအား
Tuesday, January 8, 2013
Virus အမျိုးမျိုးသတ်နည်းအကြောင်း
SVCHOST.EXE သတ်နည်း
SVCHOST.EXE က Flash Drive များမှတဆင့် မိမိကွန်ပျူတာဆီသို့အချိန် မရွေးရောက်နိုင်
ပါတယ်..သူတိုက်ခိုက်ခြင်းခံရရင် Signature တွေအနေနဲ့ ဒီလိုပြလေ့ရှိပါတယ်..
ကွန်ပျူတာစဖွင့်လိုက်တာနဲ့..
1. အဲဒီအချိန်က သုံးခဲ့တဲ့ Flash Drive ကိုပြန်တောင်းနေတတ်ပါတယ်..
2. Windows Directory ကိုမခေါ်ပဲနဲ့ တက်လာပါတယ်..
ဒါဆိုရင်တော့ SVCHOST.EXE ရဲ့ တိုက်ခိုက်ခြင်းကိုခံနေရပြီလို့ မှတ်ယူနိုင်ပါတယ်..
တကယ်တော့ SVCHOST ဆိုတာ ကျွန်တော်တို့ရဲ့ System ထဲမှာအမှန်တကယ်အလုပ် လုပ်နေတဲ့ File ပါ..ခုပြောတဲ့ SVCHOST.EXE ကတော့ သူလို့ထင်ယောင်ထင်မှားဖြစ်အောင် ပုံမှားရိုက်တာပေါ့..Process ထဲကနေ သူ့ကို Kill မယ်ဆို အမှန်တကယ်အလုပ်လုပ်နေတဲ့ System File နဲ့မှားယွင်းတတ်ပါတယ်..အချို့ကတော့ သူ့ကို Process ကနေ Kill လိုက်ပေမယ့် ကွန်ပျူတာပြန်ဖွင့်လိုက်တာနဲ့ သူကပြန်တက်လာပါတယ်..Antivirus ကလည်းသူ့ကိုရှာ မတွေ့နိုင်ပါဘူး.. ဘာကြောင့်လဲဆိုတော့ သူက System File ယောင်ဆောင်ထားတာကိုး..
ကျွန်တော့်မှာတော့ သူ့ကိုသတ်စရာနည်းလေးရှိပါတယ်.. အကယ်လို့များ မိမိကွန်ပျူတာမှာ ၀င်နေရင်စမ်းကြည့်ကြပါလား..
အောက်ကအဆင့်လေးတွေတဆင့်ချင်းလုပ်ကြည့်ပါနော်..
1. Task Manager ခေါ်ပြီး Process Tab အောက်က svchost.exe ကို End Process
လုပ်လိုက်ပါ... svchost.exe တွေကတော့အများကြီးဖြစ်နေပြီ.. ဘယ်တစ်ခုကို End
ရမှန်းမသိဖြစ်နေကြပြီထင်ပါရဲ့.. လွယ်ပါတယ်.. ကျွန်တော်တို့ ကွန်ပျူတာထဲကို
ဘယ် User Name နဲ့ဝင်သလဲဆိုတာအရင်ဆန်းစစ်ကြည့်ဖို့တော့လိုပါတယ်..
မိမိဝင်ထားတဲ့ User Name အောက်မှာ run နေတဲ့ svchost.exe ကို End Process
လုပ်ရမှာပါ... မိမိဘယ် User Name မှာဝင်နေသလဲဆိုတာ Task Manager Windows
ရဲ့ User ဆိုတဲ့ Tab အောက်မှာ ကြည့်နိုင်ပါတယ်..
2. Run Command (Windows+R) ကိုခေါ်ပြီး Restore လို့ ရိုက်ထည့်ပြီး Enter
နှိပ်လိုက်ပါ.. ပြီးရင်
Tool>Folder Options ကိုသွားပါ...
ပြီးရင် View Tab အောက်မှာ Show Hidden Files & Folders ကို Check လုပ်ပါ..
နောက်တဆင့်အနေနဲ့ Hide Protected Operating Files System ကို Uncheck လုပ်ပေးပါ..
Operating Files System ကိုဖော်မှာဖြစ်တဲ့အတွက်ကြောင့် သူကအတည်ပြုချက်တောင်း ပါလိမ့်မယ် Yes ကိုနှိပ်ပါ..အဲဒီအခါ Restore Folder အောက်မှာ svchost ဆိုတဲ့ Fileရယ်၊ Data ဆိုတဲ့ Folder လေးရယ် မှိန်မှိန်လေးပေါ်လာပါလိမ့်မယ်..
ရဲရဲသာဖျက်လိုက်ပါ.. Shift+Del နဲ့နော်.. သင့်ရဲ့ စက်ကိုဒုက္ခပေးနေတာ အဲဒီကောင်ပေါ့..
3. နောက်ဆုံးအဆင့်အနေနဲ့ Run Command ကိုခေါ်ပြီး msconfig ကိုရိုက်ထည့်ပါ.. Enter နှိပ်ပါ။startup Tab ကိုသွားပါ.. အဲဒီအောက်မှာလည်း svchost ဆိုတာရှိနေပါလိမ့်မယ်..
Uncheck လုပ်ပေးပါ.. သူက သင့်ကွန်ပျူတာဖွင့်တိုင်း svchostအလုပ်လုပ်နေအောင် အဲဒီကနေခိုင်နေတာပါ.. ပြီးရင် OK နှိပ်ပါ.. Restartပြုလုပ်ပေးဖို့လိုကြောင်းပြောပါလိမ့်မယ်.. Restart ကိုနှိပ်ပါ..စက်ပြန်တက်လာရင်အားလုံးအဆင်ပြေသွားပါလိမ့်မယ်..
Wednesday, January 2, 2013
သက်တံရောင်ကောင်မလေး
ပုံနဲ့ သီချင်းနဲ့ ဘာမှ မဆိုင်ပါဘူး.. ပုံက Show တစ်ခုမှာ ဆိုထားတာ
သီချင်းက ဆယ်တန်း တုန်းက တီးပြီး ဆိုထားတာ သိပ်မကောင်းပါဘူး...
သီချင်းကတော့ ဒီမှာဒေါင်းလို့ရတယ်။ (ကောင်မလေးတစ်ယောက်အတွက် ရည်ရွယ်ပါတယ်)
နားထောင်ကြည့်ပေါ့
Windows တင်နည်းစာအုပ်များ
http://www.crazyprofile.com/slide_show/ssfd05.swf
Windows တင်နည်းစာအုပ်လေးတွေပါ။Windows 7 / Windows Visita / Windows XP သုံးမျိုးလုံးတွေ့ လို့
ပြန်၇ှယ်ပေးလိုက်ပါတယ်။လိုချင်တဲ့စာအုပ်ကိုအောက်မှာဒေါင်းလော့ချသွားလိုက်ပါနော်……
ကိုယ့်ဆီမှာ၇ှိနေ၇င်လိုအပ်တဲ့အချိန်မှာဘယ်အချိန်မဆိုအသုံးပြုလို့၇တာပေါ့ဗျာ…..
အားလုံးပဲအဆင်ပြေကြပါစေ……..ကျေးဇူးတင်ပါတယ်ခင်ဗျာ…..
DrySnake Timeline Cover
ကျွန်တော့်တို့ အဖွဲ့ရဲ့ ကာဘာ ဒီဇိုင်းလေးပါ.. ကျွန်တော် ကိုယ်တိုင် ဆွဲထားတာပါ..
Dry Snake အဖွဲ့သားတွေအတွက်ပေါ့..
လိုချင်ရင်တော့ ယူပေါ့..
Internet Download Manager 6.05 build 5 final + Path
လောလောဆယ်တော့နောက်ထပ်ထွက်တဲ့ update လေးပါ။အကိုတယောက်ဆီမှာနောက်ထပ် Update အသစ်ထပ်ထွက်နေတယ်ဆိုတာတွေ့ တာနဲ့ကျွန်တော်လဲလိုက်၇ှာလိုက်တာ ဒီကောင်လေးကို path file လေးနဲ့၇လာလို့တင်ပေးလိုက်တာပါ။ကျွန်တော်စက်မှာတင်ကြည့်တာတော့အဆင်ပြေပါတယ်။ finalလို့တော့ပြောတာပဲဗျာ…..နောက်ထပ်ထပ်ထွက်၇င်လဲလက်တို့လိုက်အုံးပေါ့ဗျာ……
ဘယ်လိုအသုံးပြု၇မယ်ဆိုတာကတော့ ဒီလင့်လေး ကပဲသွားကြည့်လိုက်ပါနော်။ကျွန်တော်သေချာ
၇ှင်းပြထားပါတယ်။ကျွန်တော်ပြောထားတိုင်းအတိုင်းလိုက်လုပ်ကြည့်လိုက်ပါ။အဆင်ပြေသွားပါလိမ့်
မယ်..အောက်မှာကျွန်တော်ဒေါင်းလော့လင့်လေးပေးထားပါတယ်…..
ဒီမှာ နောက်လင့်တစ်ခုဗျ   Internet Download Manager 6.14 Final ဆိုပဲ
ဒီမှာဒေါင်းလိုက်ပါ ---- ဒီဟာလေးကိုနိုပ်
အသုံးဝင်မဲ့ English to Myanmar Dictionary လေးတွေပါ
ကျွန်တော်ဆီမှာ၇ှိတဲ့ windows myanmar translator  လေးနဲ့  English to Myanmar Dictionary လေးတွေကိုတင်ပေးလိုက်ပါတယ်။အသုံးပြု၇တာလဲအဆင်ပြေပါတယ်။ကျွန်တော်အခုတော့ဒီတိုင်းပဲတင်
ပေးထားပါတယ်။တကယ်လို့ Potable လေးတွေလိုချင်တဲ့သူတွေ၇ှိ၇င်တော့ပြောပါခင်ဗျာ။ကျွန်တော်တင်
ပေးပါမယ်…….
                                                         windows myanmar translator
                                                     English to Myanmar Dictionary 
windows_myanmar_translator 
English to Myanmar Dictionary 
အားလုံးပဲအဆင်ပြေကြပါစေ……ကျေးဇူးတင်ပါတယ်ခင်ဗျာ…..