Blogger news

လာရောက်လေ့လာအကဲခက်သည်ကိုအထူးကျေးဇူးတင်ရှိပါသည်ခင်ဗျာ၊ နည်းပညာပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ခင်ဗျာ၊ ကျွန်တော်ရှေ့က အစ်ကိုတွေရေးသားထားတဲ့ ဘလော့များမှလည်း ပြန်လည်မျှဝေကြောင်းဝန်ခံပါတယ်၊ ကျွန်တော်ကိုယ်တိုင်းလည်း ကြိုးစားရေးသားနေပါတယ်၊ အထူးကျေးဇူးတင်ရှိပါတယ်

Pages

Facebook မှာ ဖတ်လို့ရအောင် Like လုပ်သွားအုန်းနော်..စကားလေးတွေလည်းပြောခဲ့ပါဗျ

Sunday, February 24, 2013

VLC 2.0.3 latest version


ဘယ် ပလက်ယာ (Player) မှ မသုံးနဲ့ ဒါပဲသုံး၊ အရမ်းမိုက်သဗျာ... အထဲမှာပါတဲ့ Faction တွေအားလုံးကို နည်းနည်းတော့ ကလိကြည့်ပေါ့ဗျာ.. အဲ့ဒါမှ ပိုခိုက်လာလိမ့်မယ်... ကျွန်တော်ကတော့ အရမ်းကြိုက် 
MP3 file, Video file fromat မျိုးစုံတို့ကို ဖွင့်လို့ရတဲ့ vlc player လေးပါ ဒီဆော့ဝဲလ် လူတိုင်းလဲ အသုံးများတဲ့ ဆော့ဝဲလ်လေးပါ အခုတင်ပေးလိုက်တာတော့ နောက်ဆုံးထွက် version လေးပါ အောက်မှာ ယူလိုက်နော်
ရော့အင့် Download

Tuesday, February 19, 2013

Street Fighter Game (phone)

Screenshots of the Street Fighter IV HD for Android tablet, phone.

Screenshots of the Street Fighter IV HD for Android tablet, phone.

Screenshots of the Street Fighter IV HD for Android tablet, phone.

Screenshots of the Street Fighter IV HD for Android tablet, phone.

Screenshots of the Street Fighter IV HD for Android tablet, phone.

Screenshots of the Street Fighter IV HD for Android tablet, phone.


လိုချင်သူတို့ ယူကြစေဗျား...... ရော့အင့် DownLoad
ဒီနေ့တော့ တော်ပြီဗျာ..... ညနေ ရှိုးပွဲတစ်ပွဲသွားဟဲမလို့ ဟဲဟဲ ဘိုင် လင်းခက်

Spider Man III (for Android)

Screenshots of the Spider-Man Total Mayhem HD for Android tablet, phone.

Screenshots of the Spider-Man Total Mayhem HD for Android tablet, phone.

Screenshots of the Spider-Man Total Mayhem HD for Android tablet, phone.

Screenshots of the Spider-Man Total Mayhem HD for Android tablet, phone.

Screenshots of the Spider-Man Total Mayhem HD for Android tablet, phone.

Screenshots of the Spider-Man Total Mayhem HD for Android tablet, phone.


ဒေါင်းလိုက်ကြိစို့ သူငယ်ချင်း 5 6 7 8 -----  Download

Avengers Initiative (Game for Android)

Screenshots of the Avengers Initiative for Android tablet, phone.

Screenshots of the Avengers Initiative for Android tablet, phone.

Screenshots of the Avengers Initiative for Android tablet, phone.

Screenshots of the Avengers Initiative for Android tablet, phone.

Screenshots of the Avengers Initiative for Android tablet, phone.

Screenshots of the Avengers Initiative for Android tablet, phone.

လိုချင်ရင်တော့ ယူပေါ့ဗျာ
ဒီနေရာလေးကိုနိုပ်ပြီးဒေါင်းပါ........ Download

Runic Rumble (Game) for Phone

ဒီဂိမ်းလေးက အပြင်အဆင်အရမ်းကောင်းပါတယ်၊ Action ဂိမ်းကောင်းကောင်းလေး ကစားချင်တဲ့ သူငယ်ချင်းတွေအတွက်ပါ.. Android Version 2.1 အထက်ဆိုရင် ဆော့လို့ရပါတယ်.. စမ်းကြည့်လိုက်ပေါ့ဗျာ......

Features:Touchscreen

Screenshots of the Runic Rumble for Android tablet, phone.

Screenshots of the Runic Rumble for Android tablet, phone.

Screenshots of the Runic Rumble for Android tablet, phone.

Screenshots of the Runic Rumble for Android tablet, phone.

Screenshots of the Runic Rumble for Android tablet, phone.

Screenshots of the Runic Rumble for Android tablet, phone. 
 
ကဲ..ဒီဂိမ်းလေးကိုယူချင်ရင်တော့ 

Thursday, February 7, 2013

2013 ခုနှစ် (၁၂)ရာသီခွင် ဟောကိန်းများ

 

တစ်ချို့တွေက အရမ်းစိတ်ဝင်စားကြတယ်ဗျ၊ ကျွန်တော်လည်း စိတ်ဝင်စားပါတယ်၊ ဘုရားရှင် လက်ထက်ကတည်းက၊ ဗေဒင်ပညာဆိုတာရှိနေခဲ့တာပဲလေ။ အဲ့တော့ ဘာပဲပြောပြောပေါ့ဗျာ ဆောင်ရန်ရှောင်ရန်ဆိုတာလေးတွေကလည်း အပြုသဘောဆောင်တဲ့သဘော မဟုတ်ဘူးလားဗျာ..အဲ့ဒါကြောင့် ဗေဒင်ဆိုတာ လူကြီးမိဘက ဆုံးမသလိုမျိုး (ကျွန်တော် တွေးမိတာပါ)။ ကောင်းရာကောင်းကြောင်းကိုပဲ ညွှန်ပြတက်တဲ့အတွက် ကျွန်တော် လက်ခံမိတယ်၊ မိတ်ဆွေတို့ရော.. သြော် ၊ ယတြာယာချေဘို့ တနင်္ဂနွေသားလိုရင် ကျွန်တော့်ကိုလာခေါ်လှည့်နှော်.... (လင်းခက်)

Zodiac_in_Sky
2013 ခုနှစ်အတွက် (၁၂)ရာသီခွင် ဟောကိန်းများကို စတင် တင်ဆက်ပေးလိုက်ပါတယ်။ ဒါပေမယ့် ယနေ့မှ စပြီး ရေးရတာ ဖြစ်လို့ (၁၂)ရာသီ ဖွား အားလုံးအတွက် တပြိုင်တည်း မရေးရသေးပါဘူး။ အလုပ်အားရင် အားသလို   ရာသီတစ်ခုပြီး တစ်ခု ဆက် တင်ပေးသွားပါမယ်။ သည်းခံပြီး စောင့်ဖတ်ပေးပါ။ နောက်ဆုံးကျ တဲ့ ရာသီခွင်တွေဖြစ်တဲ့ “ကုံရာသီ” ၊ “မိန်ရာသီ” များ နောက်ဆုံးမှ ဖတ်ရတာမျိုး မဖြစ်အောင် Randomize စနစ်နဲ့ တင်ပေးသွားပါတယ်။ ကိုယ့်အလှည့် မကျသေးရင် နည်းနည်း သည်းခံဖတ်ပေးဖို့ တောင်းပန်ပါတယ်။  ကျန်းမာကြပါစေ။
—————————————————————————————————————————-

မိဿ ရာသီဖွားများ

Aries-2 (178 x 237)
Preview ။                      ။ ယခုနှစ်မှာ မိဿရာသီခွင်အတွင်း မွေးဖွားလာကြသူများအတွက် ကံဇာတာ အကောင်း/အညံ့တွေ ရောထွေးနေပါတယ်။ ဒီနှစ်ဟာ မိဿရာသီဖွားများအတွက် Any Changes တစ်ခုခုဖြစ်နိုင်ပြီး ဘ၀အပြောင်းအလဲ ပုံစံတစ်ခု ဖြစ်ဖို့များပါတယ်။ ဘ၀တက်လမ်းအတွက် ခြေလှမ်းတိုင်းကို သတိထားပြီး လှမ်းလျှောက်ရမယ့် အနေအထားရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲတွေ ဖြစ်နိုင်တယ်။ (ရုပ်ပိုင်းဆိုတော့ ငွေရေး ကြေးရေး ၊ ပိုင်ဆိုင်မှု နဲ့ ကျန်းမာရေးတွေပါ ပါပြီပေါ့)။ ဒီနှစ်ဟာ မိဿရာသီဖွားများအတွက် အခက်အခဲများနိုင်တယ်။ မမျှော်လင့်နိုင်တဲ့ ဘေးဥပဒ်တွေ ၀င်ရောက်နိုင်တယ်။ တစ်ဖက်ကလည်း ရုတ်တရက် ဘ၀အခြေအနေ တိုးတက်မြင့်မားသွားခြင်းမျိုးလည်း ရှိတယ်။ အကောင်းတွေရော အညံ့တွေရော စုပြုံဝင်ရောက်နိုင်တဲ့ နှစ်တနှစ်လို့ ဆိုရမယ်။
စိတ်ပိုင်းဆိုင်ရာ ။                            ။ ဒီနှစ်ဟာ မိဿရာသီဖွားတွေအတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ အထူးဝင်ရောက်နိုင်တယ်။ Stress အလွန်များမယ့် နှစ်မျိုး ဖြစ်နိုင်တယ်။ ဒါကြောင့် စိတ်ဓာတ်ရေးရာ အထူး ပျက်ပြားဖွယ် ရှိတယ်။ အထီးကျန်ဆန်မှုကို ခံစားရမယ်။ မိမိကိုယ်ကို ယုံကြည်မှုတွေ ကျဆင်းမယ်။ လူတစ်ဖက်သား အပေါ်လည်း မယုံမကြည်ဖြစ်မယ်။ စိတ်ကျရောဂါ ဖြစ်ပွားဖို့ရှိတယ်။ ကြုံလာသမျှ ကိစ္စတိုင်းဟာ စိတ်ညစ်စရာတွေချည်းလို့သာ ထင်လာမယ်။ ဒီနှစ်အတွက် မိဿရာသီဖွားတွေ စိတ်ဓာတ်ခွန်အားကို အထူးမြှင့်တင်ဖို့ လိုအပ်တယ်။

စီးပွားရေး နှင့် အလုပ်အကိုင်။                        ။ မိဿရာသီဖွားများအတွက် ဒီနှစ်ဟာ စီးပွားရေးတွေ အများကြီး အပြောင်းအလဲ ဖြစ်နိုင်တယ်။ ရုတ်တရက် အလုပ်အကိုင် ပုံစံပြောင်းလဲမှု ၊ ဟောင်းနွမ်းနေတဲ့ လုပ်ငန်းများ ဖျက်သိမ်းခြင်း (သို့) ပျက်စီးခြင်းများ ဖြစ်နိုင်တယ်။ အလုပ်အများကြီး လုပ်ကိုင်နေသူများအဖို့ လုပ်ငန်းအတော်များများ ရပ်စဲလိမ့်မယ်။ သို့သော် ကောင်းသော ပုံစံသို့ ပြန်လည် ပြင်ဆင်ဖွဲ့စည်းနိုင်လိမ့်မယ်။ အပြောင်းအလဲအချိန်မှာ ပဋိပက္ခတွေ ရှိမယ်။ မိသားစု /အဖွဲ့အစည်း အတွင်းမှာ အပြောင်းအလဲကို ဆန့်ကျင်မှုတွေ ကြုံရမယ်။ အခက်အခဲ အလွန်များမယ်။ အချို့သော မိဿရာသီဖွားတွေမှာဆိုရင် တစ်သက်လုံး လုပ်လာခဲ့တဲ့ လုပ်ငန်းမျိုးသော်မှ အကြောင်းတစ်ခုခုကြောင့် ရပ်စဲသွားပြီး လုပ်ငန်းသစ် ဘ၀သစ်ကို အခက်အခဲများစွာနဲ့ ပြန်စ, ရကိန်း ရှိတယ်။ သို့သော် လုပ်ငန်းသစ်ကို အောင်မြင်အောင် ပြန်လည် တည်ဆောက်နိုင်ပါလိမ့်မယ်။ ယခုမှ အလုပ်သစ် အကိုင်သစ်တစ်ခု စပြီ ရှာဖွေနေကြသူများလည်း ဒီနှစ်ထဲမှာ လ,ပေါင်း အတော်ကြာအောင် အလုပ်ရှာနေရမယ်။ နောက်ဆုံးတော့ ရည်မှန်းထားတဲ့ အလုပ်တစ်ခု ရပါလိမ့်မယ်။
ငွေရေး ကြေးရေး။                        ။ ငွေကြေး အ၀င်များသလို အထွက်လည်း များမယ်။ ဒီနှစ်မှာ ငွေအဖတ်တင်အောင် စုမိဖို့ အလွန်ခဲယဉ်းမယ်။ ဒီကြားထဲမှာ လူလိမ်လူကောက်ဖြစ်ဖြစ် ၊ ကတိမတည်သူကိုဖြစ်ဖြစ် ငွေပေးမှား /ငွေချေးမှားလို့ ဆုံးရှုံးတာမျိုးလည်း ရှိမယ်။ လာဘ်လာဘ အလွန်ရွှင်တဲ့ သူမျိုးတောင်မှ “အိတ်ပေါက်နဲ့ဖားကောက်ရတဲံ” ကိန်းမျိုး ဖြစ်မယ့် နှစ်မျိုးဖြစ်တယ်။ မိမိကိုယ်တိုင်ကလည်း ဒီနှစ်ထဲမှာ အသုံးအဖြုန်း အလွန်ကြီးနေမယ်။ စီမံကိန်းတွေ ၊ လုပ်ငန်းတွေမှာ မလိုအပ်ဘဲ ဇာချဲ့မှုတွေကြောင့် ငွေကြေး မလုံမလောက်ဖြစ်မယ်။ ဒီနှစ်မှာ မိဿရာသီဖွားများအတွက် ငွေဟာ “သုခ” ကို မပေးနိုင်ဘဲ “ဒုက္ခ” ကိုသာ ပေးမယ့် အရာတစ်ခု ဖြစ်နိုင်တယ်။
ပညာရေး။                 ။ ပညာရေးကံ ဧပြီ (၂၀)နောက်ပိုင်းမှ ပြန်ပြီးကောင်းမယ်။ ဒီမတိုင်ခင်တော့ ပညာရေးကံ အလွန်အားနည်း နေမယ်။ နိုင်ငံရပ်ခြားသို့ ပညာသွားရောက် သင်ကြားလိုသူများ ဧပြီ(၂၀)မတိုင်မှီအတွင်း ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲကြုံတွေ့နိုင်တယ်။ အဲဒီနောက်ပိုင်း ပြန်လည် အဆင်ပြေနိုင်တယ်။
အချစ်ရေး ။                   ။ ဒီနှစ် 2013 အတွင်း မိဿရာသီဖွားများ အချစ်ရေးကံ မကောင်းသေးပါ။ နှောင့်နှေးကြန့်ကြာမှု များနေမယ်။ အကြပ်အတည်းပေါင်းစုံ ကြုံရမယ်။ သို့သော် နှစ်ကုန်ပိုင်းလောက်မှ ပြန်ပြီး အဆင်ပြေမယ်။
အိမ်ထောင်ရေး ။                ။ အိမ်ထောင်ပြုမည့်သူများအတွက်တော့ အခက်အခဲနှင့် နှောင့်နှေးကြန့်ကြမှုများ ရှိနိုင်ပေမယ့် အိမ်ထောင်ကျ နိုင်မယ့် နှစ်ဖြစ်တယ်။ သင်္ကြန်ကျပြီး မေလနောက်ပိုင်းမှာ အိမ်ထောင်ပြုသူများ တင့်တယ်ကောင်းမြတ်သော မင်္ဂလာ အခမ်းအနား နှင့် ဆောင်နှင်းရဖွယ် ရှိတယ်။ အိမ်ထောင်ပြုဖို့ တစ်နှစ်ပြီး တစ်နှစ် ရက်ရွှေ့လာကြသူများ ယခုနှစ်အတွင်း အိမ်ထောင်ပြုဖြစ်ကြ လိမ့်မယ်။
မိသားစု နှင့် အိမ်တွင်းရေး ။                ။ အိမ်တွင်းရေး မိသားစုအရေးကတော့ မကြာခဏ ကတောက်ကဆဖြစ်မယ်။ အိမ်တွင်းရေး ပူညံပူညံဖြစ်မယ်။ မိမိသဘောထား နှင့် ကျန်သူများ မတိုင်ဆိုင်မှု များမယ်။ တစ်ခါတစ်ရံ အလွန်ပေါက်ကွဲပြီး ဒေါသဖြစ်စရာတွေကြုံမယ်။ ဒါပေမယ့် ပျော်စရာကောင်းတဲ့ လ, ပိုင်းတွေလည်း ရှိမယ်။ ဆူဆူညံညံ ဖြစ်တတ်ပေမယ့် ပြောပလောက်တဲ့ ကံမကောင်းမှုမျိုးတော့ မရှိနိုင်လို့ ယူဆပါတယ်။
ကျန်းမာရေး ။            ။ မိဿရာသီဖွားတွေအတွက် ဒီနှစ် ကျန်းမာရေး အားနည်း နိုင်ပါတယ်။ ရုတ်တရက် ကောက်ခါငင်ကာ ထ,ပြီး ရောဂါဖြစ်တာမျိုး ကြုံရနိုင်တယ်။ အစားမှားနိုင်လို့ ကိုယ်နဲ့ သိပ်မတည့်တဲ့ အစားအစာများ ဒီနှစ်မှာ အထူးရှောင်ပါ။ ဦးခေါင်း ၊ မျက်နှာ ၊ သွားခံတွင်း ၊ လည်ပင်း တစ်ဝိုက်မှာ ခွဲစိတ်ကုသခံရမှုမျိုး ရှိနိုင်တယ်။ ဦးခေါင်း နဲ့ ခြေထောက်ပိုင်းများမှာ ထိခိုက်ဒဏ်ရာရတတ်ပြီး သွေးထွက်သံယို ဖြစ်တတ်တယ်။ မီး ၊ လျှပ်စစ်များကို သတိထား ကိုင်တွယ်ပါ။ အပူလောင် လျှပ်စစ်ဓာတ်လိုက်ခြင်း များ ကြုံရနိုင်တယ်။ ရုပ်ပိုင်းဆိုင်ရာ အားနည်းတဲ့ နှစ်ဖြစ်လို့ ချူခြာလွယ်ပြီး ကူးစက်ရောဂါများ ၊ ရာသီအပြောင်း ဖြစ်တဲ့ ရောဂါများ သတိပြုပါ။
ပြည်တွင်းခရီး နှင့် နိုင်ငံခြားခရီး ။                   ။ ပြည်တွင်းခရီး သွားလာမှုများ နှောင့်နှေးကြန့်ကြာမယ်။ သို့သော် ပြည်ပ ခရီးများ သွားလာ ရဖို့ ရှိပါတယ်။ မိသားစုနှင့်အတူ ပျော်ရွှင်ဖွယ်ကောင်းသော ပြည်ပခရီးစဉ်များ ဖြစ်ပေါ်လာနိုင်တယ်။ သို့မဟုတ် မိသားစု နှင့် ပြည်တွင်း ဘုရားဖူးခရီး၊ အပန်းဖြေခရီးများ သွားလာရဖို့ ရှိတယ်။  နိုင်ငံရပ်ခြား သို့ အလုပ်သွားရောက် လုပ်ကိုင်မည့်သူများ မေလလောက်က စ,ပြီး ကံကြမ္မာအခွင့်အလမ်းကောင်းများ ပေါ်လာနိုင်တယ်။
လူမှုဆက်ဆံရေး ။                         ။ မိဿရာသီဖွားများအဖို့ ယခုနှစ်မှာ လူမှုဆက်ဆံရေးပိုင်းမှာ မပြေလည်မှု ၊ ကတောက်ကဆ ဖြစ်မှုတွေ များနိုင်ပါတယ်။ ဒီနှစ်မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ မကြည်မလင်ဖြစ်မှု များနေတာကြောင့် ဖြစ်နိုင်ပါတယ်။
နှစ်ချုပ် ကံကြမ္မာ ။                              ။ ဒီနှစ်ဟာ မိဿရာသီဖွားတွေအတွက် ကံကောင်းလှတဲ့ နှစ်လို့တော့ မဆိုနိုင်သလို ကံ အရမ်း ဆိုးမယ့် နှစ်လည်း မဆိုနိုင်ပါဘူး။ တကယ်တန်း ဖြစ်ပျက်တဲ့ ကိစ္စထက် ကိုယ်က ပုံကြီးချဲ့ပြီး တွေးနေ ၊ စိတ်ဓာတ်ကျနေတတ်လို့ ကံမကောင်းလှတဲ့ နှစ်လို့ ခံစားရနိုင်တယ်။ သို့သော်လည်း ဧပြီလ (၂၀)ရက် မတိုင်မှီအထိတော့ မိဿရာသီဖွားအားလုံးလိုလို ကံအထူးညံ့နေတတ်လို့ သတိထားရမယ့် ကာလဖြစ်ပါတယ်။ ထိုကာလ ကျော်လွန်လာလျှင် ကံဇာတာ သိပ်အညံ့ကြီး မရှိနိုင်တော့ပါ။ အရေးကြီးတာ ဒီနှစ်ထဲမှာ အခက်အခဲအကြပ်အတည်းကြုံလာရင် ဆုံးဖြတ်ချက် မမှားဖို့လိုတယ်။ ဒီနှစ်ထဲမှာ မိဿရာသီ အများစုဟာ စိတ်အလျှင်စလို ၊ စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက်ချမိတတ်ကြပြီး ဒီအမှားကို ကိုယ်ဘဲ ရင်ဆိုင်ဖြေရှင်းရဖို့ ရှိတယ်။ စိတ်အလိုမလိုက်ဘဲ လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ် နိုင်ဖို့လိုလိမ့်မယ်။ ဒီနှစ်အတွက် မိဿရာသီဖွားတွေမှာ မိမိဆုံးဖြတ်ချက် မှန်မှု/မမှန်မှုအပေါ်မူတည်ပြီး ကံကောင်းမှု အနိမ့်အမြင့် ကွာခြားသွားကြလိမ့်မယ်။ ဒီနှစ်အတွက် အထူးအကြံပေးစကားက – သတိရှိပါ။ ခေါင်းအေးအေးထားပြီး ဆုံးဖြတ်ပါ။ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။
နေ့သားသမီး အလိုက်ကံကြမ္မာ။                      ။ ဒီနှစ်အတွင်း မိဿရာသီဖွားများအနက် “အင်္ဂါနေ့” နှင့် “သောကြာနေ့” မွေးဖွားသူများသာ ကံအမြင့်မားဆုံးဖြစ်တတ်ပြီး ကျန်နေ့သားသမီးများ အနည်းနှင့် အများ ပြဿနာ တစ်ခုမဟုတ် တစ်ခု ရင်ဆိုင်ရနိုင်တယ်။ စနေသားသမီးများ နှင့် ရာဟုသားသမီးများ ကံဇာတာ အညံ့ကို ခက်ခဲစွာကျော်ဖြတ်ကျော်ရမယ်။
ယတြာပြုလုပ်လိုက ။             ။ အခမဲ့ဆေးပေးခန်း ၊ ဆေးရုံ ၊ နာရေးကူညီမှု ၊ ဌာနများမှာ မိမိတတ်နိုင်သလောက် ငွေလှူဒါန်းပေးပါ။ အနည်းဆုံး (၃)လ တစ်ကြိမ်လောက် တစ်နှစ်လုံး လှူဒါန်းပေးပါ။
————————————————————————————————————————-

မိန် ရာသီဖွားများ

pices (178 x 234)
Randomize ဂဏန်းအရ ဒုတိယ အလှည့်ကျသည့် ရာသီမှာ “မိန်” ရာသီဖြစ်ပါသည်။
Preview ။                          ။ 2013 ခုနှစ်ကို (၄)လစီ (၃)ပိုင်းခွဲလိုက်မည်ဆိုက ပထမ (၄)လပိုင်းအတွက် မိန်ရာသီဖွားများရဲ့ ကံဟာ ကသောင်း ကနင်းဖြစ်နေတတ်ပါတယ်။ ပြဿနာမျိုးစုံ ကြုံနိုင်တဲ့ လပိုင်းတွေ ဖြစ်ပါတယ်။ အိမ်တွင်းရေး အဆင်မပြေလှသလို ပြင်ပဆက်ဆံရေးပိုင်းမှာလည်း မိမိကို တိုက်ခိုက်သူတွေ များနေတတ်ပါတယ်။ အဆိုးဆုံးကတော့ ငွေကြေးကိစ္စတွေမှာ ကသောင်းကနင်း ဖြစ်နေခြင်းပါဘဲ။ ရသမျှငွေ ၊ ၀င်သမျှ ငွေ ကိုယ့်ဆီမှာ ဖင်ပူအောင် မနေတတ်ပါဘူး။ ဟောကနဲ ဟောကနဲ ထွက်နေတတ်ပါတယ်။ ဒါပေမယ့်လည်း ဒီနှစ်ဟာ မိန်ရာသီဖွားတွေ အတွက် လုပ်ငန်းကြီးတွေ စတင်တည်ထောင်ဖို့ စိုင်းပြင်းနေတဲ့ နှစ်လည်း ဖြစ်ပါတယ်။ ဒီနှစ်ဟာ မိန်ရာသီဖွားတွေအတွက် “ပင်ပန်းသလောက် အကျိုးကျေးဇူးခံစားရမယ့် နှစ်” လို့ ပြောရမှာဘဲ ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု ၊ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကတော့ ဒီနှစ်မှာ ပြောလောက်အောင် များနိုင်တယ်။ ဒီတော့ ဆက်ပြီး ကဏ္ဍခွဲကြည့်ကြရအောင်လား။
စိတ်ပိုင်းဆိုင်ရာ ။                      ။ ဒီနှစ် မိမိစိတ်ပိုင်းဆိုင်ရာမှာ မျှော်လင့်ချက်တွေ ပြည့်နေမယ်။ စိတ်ကူးအိပ်မက်တွေ ကြီးကြီးကျယ်ကျယ် မက်နေမယ်။ ဒါပေမယ့် ကိုယ့်အဖြစ်က မှောင်ထဲမှာ လမ်းပျောက်နေတဲ့ လူလို ဖြစ်နေမယ်။ မျှော်လင့်ချက်သာ ကြီးနေရတာ ဘာမှ ရေရေရာရာ မရှိသေးတဲ့ အခြေအနေမျိုးကိုလည်း ရင်ဆိုင်ရမယ်။ ဒါပေမယ့် စိတ်ဓာတ်ကတော့ ခိုင်မာနေမယ်။ အချိန်တန်ရင်လည်း မျှော်လင့်ချက် လမ်းစက ဘွားကနဲ့ ပေါ်လာမှာ မဟုတ်လား။ အဲဒီ အချိန်မှာ အခွင့်အရေးကို မိမိရရ ဆုပ်ကိုင်နိုင်ဖို့အရေးကြီးပါတယ်။
စီးပွားရေး နှင့် အလုပ်အကိုင် ။                         ။ ဒီနှစ်ထဲမှာ ပထမ (၄)လပိုင်းမှ မျှော်လင့်ချက်နဲ့ စမ်းတ၀ါးဝါး ရှိနေရာက ဒုတိယ (၄)လပိုင်းမှာ ကိုယ့်ရဲ့ အိပ်မက်နဲ့ မျှော်လင့်ချက်တွေ အကောင်အထည် ပေါ်လာမယ်။ အခွင့်အရေးက ကိုယ့်ဆီကို တန်းတန်းမတ်မတ် ရောက်လာမယ်။ ကိုယ်လုပ်ရမယ့် လုပ်ငန်းတွေကတော့ လွယ်ကူလှတဲ့ လုပ်ငန်းတွေ မဟုတ်ဘူး။ ကြိုးစားရလိမ့်မယ်။ ကိုယ်နှစ်စိတ်နှစ် အလုပ်လုပ်ရလိမ့်မယ်။ အငြိမ်မနေရဘဲ အမြဲ သွားလာလှုပ်ရှားနေရမယ်။ ဒီအထဲမှာ ဆုံးရှုံးမှု အချို့လည်း ရှိနိုင်တယ်။ ကိစ္စမရှိဘူး။ ဆုံးရှုံးမှုကို ရင်းနှီးမြုတ်နှံမှုလို့ သဘောထားလိုက်ပါ။ အချိန်တန်ရင် ဒီ ဆုံးရှုံးမှုထက် မကတဲ့ အကျိုးအမြတ်များ ရှိလာမှာ ဖြစ်တယ်။ ဒီနှစ် (2013) ခုနှစ်ဟာ ဘယ် မိန်ရာသီဖွား မဆို လုပ်ငန်းကြီးတွေ တည်ထောင်မိတတ်တဲ့နှစ်မျိုးဖြစ်ပြီး သာမန် ဇာတာရှင်များတောင်မှ အလုပ်ကြီးအကိုင်ကြီးတွေ တည်ထောင်တဲ့ နေရာမှာ ပါဝင် ဆောင်ရွက်ခွင့် ရတတ်တယ်။ ဟော်တယ် ခရီးသွားလုပ်ငန်း ၊ ယာဉ်ကား လုပ်ငန်း ၊ စာနယ်ဇင်း နှင့် သတင်းဆက်သွယ်ရေး လုပ်ငန်း ၊ အီလက်ထရောနစ် ၊ ကွန်ပျူတာ နှင့် အဆင့်မြင့် ဖုန်းဆက်သွယ်ရေး နှင့် Smart Phone လုပ်ငန်း ၊ ဖက်ရှင်ဒီဇိုင်း လုပ်ငန်းများနှင့် ပတ်သက်ပြီး မိန်ရာသီဖွားများ အကျိုးကျေးဇူး အလွန်ဖြစ်ထွန်းကြဖို့ ရှိပါတယ်။ အခွင့်ကောင်း အခါကောင်းတွေကတော့ တောက်လျှောက်ရောက်လာမှာဘဲ ၊ မိမိရရ ဆုပ်ကိုင်နိုင်ဖို့က ကိုယ့်ဘက်က တာဝန်ဖြစ်တယ်။
ငွေရေး ကြေးရေး ။                    ။ ငွေကြေးကံကတော့ အထက်က ပြောသလို “ညာဖက်က၀င် ၊ ဘယ်ဖက်က ထွက်” ဖြစ်နေမယ်။ ဒီနှစ်ထဲမှာ  ငွေစုလို့ ရဦးမည် မဟုတ်ပါ။ ငွေကြေးအများအပြား ၀င်ရောက်ကိန်း ရှိသလို ပြန်လည် ရင်းနှီးဖို့ကို မလောက်မငဖြစ်နေမယ်။ သို့သော် နောက်ပိုင်းမှာတော့ အကျိုးအမြတ် ကြီးစွာ ရရှိဖို့ ဖြစ်တယ်။ ဒီနှစ်ဟာ “မိန်” ရာသီဖွားများအတွက် အတိတ်ကံရဲ့ အကျိုးပေးမှုကို အများဆုံးရမယ့် နှစ်ဖြစ်တယ်။  နိုင်ငံရပ်ခြားများနှင့် ဆက်သွယ်လုပ်ကိုင်သော လုပ်ငန်းများမှ အကျိုးအမြတ် သိသာထင်ရှားစွာ ရရှိမယ်။ ပိုင်ဆိုင်မှုတွေ မြင့်မားတိုးတက်လာသော်လည်း ငွေကတော့ သိသာစွာ ပေါ်ဦးမည် မဟုတ်ပါ။
ပညာရေး။                      ။ ပညာသင်ကြားနေသူ ငယ်ရွယ်သူများအတွက် ယခုနှစ်မှာ ကြိုးစားလျှင် ကြိုးစားသလောက် အောင်ပန်းဆွတ်ခူးနိုင်မည့် နှစ်ဖြစ်တယ်။ ၀ီရိယအားနည်းသူတို့အတွက် မဟုတ်ပါ။ စနေဂြိုဟ် ကောင်းစွာ အလုပ်လုပ်နေလို့ တကယ်ကြိုးစားသူများသာ ထိုက်ထိုက်တန်တန် ပညာရေး သရဖူကို ဆွတ်ခူးနိုင်မယ်။ ခြေချော်လက်ချော် ဖြစ်စရာ မရှိ။
အချစ်ရေး ။                     ။ ချစ်သူနဲ့ မကြာခဏ ကတောက်ကဆ ဖြစ်မယ်။ ခိုက်ရန်ဖြစ်ပွားမယ်။ မခေါ်ကြ မပြောကြသည်အထိ ဖြစ်မယ်။ တနှစ်လုံး တစောင်းစေး နဲ့ မျက်ချေး ဆိုတာလို ဖြစ်နေမယ်။ အချစ်ရေး ကိစ္စ သာယာချမ်းမြေ့မှု မရှိဖို့ များလှပါတယ်။
အိမ်ထောင်ရေး။                 ။ ဒီနှစ်ဟာ မိန်ရာသီဖွားများအတွက် အိမ်ထောင်ရေးကံ “ထ” သော နှစ်ဖြစ်မယ်။ အပျိုကြီး လူပျိုကြီးမျာ စွံကြမယ်။ နှစ်ရှည်လများ Living together ဘ၀နဲ့စခန်းသွားနေရတဲ့ ချစ်သူရည်းစားများ ဒီနှစ်မှာတော့ လက်ထပ်ဖြစ်ကြမယ်။ တိတ်တိတ်ပုန်း ဘ၀မှာ အနေကြာလှသူများလည်း ထင်ထင်ပေါ်ပေါ်ဘ၀ကို ရောက်လာမယ်။
မိသားစု နှင့် အိမ်တွင်းရေး ။                      ။ အိမ်ထောင်ကျပြီးသူများအတွက်တော့ မိမိ လုပ်ငန်းများကို အာရုံစူးစိုက်ရခြင်း ၊ အလုပ်အလွန်များ ခြင်းတို့ကြောင့် အိမ်တွင်းရေးကို လှည့်လည်း မကြည့်နိုင်၊ အိမ်ထောင်ဘက်ကိုလည်း ဂရုမစိုက်နိုင်ခြင်းတို့ကြောင့် အိမ်ထောင်ရေးဘ၀ဟာ အေးစက်စက်ဖြစ်လာတတ်တယ်။ အိမ်ထောင်ဘက်ရဲ့ အထင်အမြင်လွဲမှုကို မကြာခဏ ခံရမယ်။ အိမ်တွင်းရေး မသာယာပါ။ အကောင်းဆုံးက မိမိဘက်မှ အိမ်ထောင်ဘက်အပေါ် ပြန်လည် ကြင်နာမှုပေးလိုက်ပါ။ အလုပ်ကို နည်းနည်းလျှော့လုပ်လိုက်ပါ။ သို့မဟုတ်ပါက အပျက်ပျက်ဖြင့် နှာခေါင်းသွေးထွက်ကိန်း ရှိသည်ကို သတိပြုရမယ်။
ကျန်းမာရေး ။                              ။ ပထမ (၄)လပိုင်းမှာ ကျန်းမာရေး မကောင်းပါ။ ချူခြာနေမယ်။ တစ်ခုပြီး တစ်ခု ဖြစ်နေမယ်။ နေကောင်းတဲ့ အခါရယ်လို့ မရှိပါ။ အလုပ်အကိုင်ကလည်း အဆင်မပြေလှသေးခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုလည်း များနိုင်ပါတယ်။ တနင်္လာ သားသမီး နဲ့ စနေ သားသမီးများမှာ အသေးစား ခွဲစိတ်ကုသမှုမျိုး ရှိနိုင်တယ်။ အိမ်ထောင်ဘက် ဖြစ်သူကလည်း ကျန်းမာရေး မကောင်းတတ်ပါ။ ပထမ (၄)လပိုင်းမှာ မိသားစုအတွင်း ကျန်းမာရေး အသေးစား ချူခြာမှုများ ကြောင့် စိတ်ညစ်ငြူးရတတ်ပါတယ်။
ပြည်တွင်းခရီး နှင့် နိုင်ငံခြားခရီး ။                          ။ ပြည်တွင်းခရီး မကြာခဏ ထွက်ရတတ်ပါတယ်။ ခရီးသွားလာခြင်းမှ မိမိလုပ်ငန်း တိုးတက်ရာ တိုးတက်ကြောင်းများ တွေ့လာနိုင်ပါတယ်။ နိုင်ငံရပ်ခြားသို့ အပြီးပြောင်းရွှေ့ဖို့ ကြန့်ကြာနေသူများ ယခုနှစ်အတွင်း အထမြောက် အောင်မြင်ဖို့ ရှိပါတယ်။ နိုင်ငံရပ်ခြား ခရီးများမှ မိမိဘ၀တိုးတက်ရေးအတွက် အကူအညီပေးနိုင်မည့် သူများနှင့် တွေ့ကြုံရတတ်ပါတယ်။ ယခုနှစ်အတွင်း မိန်ရာသီဖွားများ နိုင်ငံရပ်ခြားများသို ခရီးမကြာခဏ ထွက်ခြင်းကို “ဘ၀တိုးတက်ရေး ယတြာ” တစ်ခုသဖွယ် ပြုလုပ်ပေးသင့်ပါတယ်။
လူမှုဆက်ဆံရေး ။                        ။ လူမှုဆက်ဆံရေး နယ်ပယ်မှာ ကိုယ့်ကို တိုက်ခိုက်မယ့် ရန်သူပေါ်နိုင်သလို ကိုယ့်ကို အကျိုးပြုမယ့် မ,စ မယ့် ပုဂ္ဂိုလ်လည်း ပေါ်တတ်ပါတယ်။ သတိထားရမှာက ဒီနှစ်မှာ မိန်ရာသီဖွား အများအပြားရှိတဲ့ အနက် “လူမှုဆက်ဆံရေး အလွန်ကောင်းသူ ၊ လူချစ်လူခင် အလွန်များသူ ၊ နိမ့်ကျသော လူအများကို အမြဲကူညီစောင့်ရှောက်လေ့ရှိသူ” များဟာ ဒီနှစ်မှာ အခြားသော မိန်ရာသီဖွားများထက် အပြတ်အသတ် တိုးတက်အောင်မြင်သွားကြမှာဖြစ်လို့ ဒီနှစ်မှာ လူမှုဆက်ဆံရေးနယ်ပယ်မှာ ပြဿနာ မရှိအောင် ရှောင်ပါ။ ပြိုင်လာလျှင် အရှုံးပေးလိုက်ပါ။ နှလုံးအေးရုံမက အကျိုးအမြတ်ပါ ထွက်လာလိမ့်မယ်။
နှစ်ချုပ် ကံကြမ္မာ ။                          ။ ယခုနှစ်အတွက် မိန်ရာသီဖွားတို့၏ ကံကြမ္မာကို လေ့လာရလျှင် (၁၀)နှစ်တစ်ခါ မပေါ်နိုင်သော အခွင့်အလမ်း ကောင်းများ ပေါ်ထွန်းတတ်သော နှစ်မျိုးဖြစ်တယ်။ လူမျိုးခြား ၊ နိုင်ငံခြားသား (သို့) နိုင်ငံခြားတွင် နေထိုင်သူ မြန်မာလူမျိုး ၊ ငယ်သူငယ်ချင်း ၊ ဆွေမျိုး . . စသည်များမှ မ,စ မည့် ကံမျိုး ပေါ်ပေါက်တတ်တယ်။ “စိုင်ကော်လို့ ခြံပေါ်ရောက်” ကိန်းရှိတယ်။ ထိုသို့သော ကံကြမ္မာကောင်းများ ၀င်ရောက်လာရန်အတွက် “လှေကြီးလှေငယ် ဆိုက်ကပ်ရန် လွယ်ကူသော ဆိပ်ကမ်းသာ” တစ်ခုနှယ်သို့ မိမိကိုယ်ကို ပြုပြင်ထားသင့်တယ်။ အခွင့်အရေးကောင်းတွေအတွက် အသင့်ကြိုဆိုနိုင်အောင် လုပ်ထားသင့်တယ်။ သင့်ရဲ့ လူမှုဆက်ဆံရေး စွမ်းရည် ၊ ယုံကြည်စိတ်ချရမှု စွမ်းရည်များက သင့်ဘ၀ကို မြှင့်တင်ပေးလိမ့်မယ်။ ဒီနှစ်ဟာ အကျဉ်းချုပ်ပြောရရင် “ကံကောင်းအောင် အသင့် ပြင်ဆင် ထားမယ် ဆိုရင် ကံကောင်းခြင်းတွေ ဆိုက်ရောက်လာမည့်နှစ်” ဖြစ်တယ်လို့ ဆိုရမယ်။ သဘောပေါက်တယ် ဟုတ်။
နေ့သားသမီးအလိုက် ကံကြမ္မာ။                          ။ ဒီနှစ်ထဲမှာ မိန်ရာသီဖွားများအနက် တနင်္ဂနွေ ၊ ဗုဒ္ဓဟူး ၊ ရာဟု ၊ သောကြာ နဲ့ စနေ သားသမီးများဟာ ကံကောင်းမှုကို ပိုမိုသိသာစွာ ရရှိကြမှာဖြစ်တယ်။ တနင်္လာ သားသမီးတွေကတော့ ရန် အတိုက်အခံ ၊ အိမ်တွင်းရေး ပြဿနာတွေကို ဖြေရှင်းပြီးမှ ကံကောင်းမှုကို ရရှိနိုင်မယ်။ ကြာသပတေး သားသမီးတွေကတော့ ဒုတိယ(၄)လ နဲ့ တတိယ(၄)လ ပိုင်း တစ်ခုခုမှာမှ အကောင်းကို ခံစားရမယ်။ အင်္ဂါ သားသမီးများ မိန်ရာသီရဲ့ အကျိုးကျေးဇူးတွေကို အလျော့နည်းဆုံး ခံစားရမယ်။
ယတြာပြုလုပ်လိုက ။                          ။ မိမိမွေးနေ့မှာ ဆင်းရဲသားရပ်ကွက်တစ်ခုကို သွားပြီး “ဘဲသား” ဆန်ပြုတ်တိုက်ပြီး ဒါနလုပ်ပေးပါ။ တစ်နှစ်လုံး (၃)ကြိမ်မှ (၅)ကြိမ်အထိ ပြုလုပ်ပေးပါ။
————————————————————————————————————————-

တူ ရာသီ ဖွားများ

libra (178 x 234)
Preview ။                          ။ 2013 ခုနှစ်ဟာ တူရာသီဖွားများအတွက် ဘ၀တိုးတက်ရေးအတွက် အနားမနေ အငြိမ်မနေရဘဲ လှုပ်ရှားနေရမယ့် နှစ်ဖြစ်တယ်။ ဒါပေမယ့် မနှစ်ကလိုတော့ မဟုတ်ဘူး။ မနှစ်ကတော့ တူရာသီဖွား အတော်များများ အဆင်မပြေ ခဲ့ကြဘူး။ ဒီနှစ်တော့ ကြိုးစားသလောက် အောင်မြင်ဖို့ အခွင့်အလမ်း များမယ့် နှစ်ဖြစ်တယ်။ အထူးသဖြင့် အလုပ်အကိုင် တိုးတက်ချဲ့ထွင်ရခြင်း ၊ ရာထူးတိုးခြင်း ၊ လုပ်ငန်းနှင့်ပတ်သက်ပြီး မိမိရည်မှန်းချက်ပန်းတိုင် ပြည့်ဝခြင်းများဖြင့် ပြည့်စုံနိုင်မည့်နှစ် ဖြစ်ပါလိမ့်မယ်။ ယဉ်ကား ၊ အိုးအိမ် ၊ ခြံမြေ ၊ မရွေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် ပတ်သက်ပြီး အကျိုးကျေးဇူး အထူးရှိနိုင်မည့် နှစ်ဖြစ်တယ်။ ဧပြီလနောက်ပိုင်းမှာ အလှူရေစက် လက်နဲ့မကွာ ဆိုသလို အလှူကြီးအတန်းကြီး ပေးရမယ်။ ဘာသာရေး သာသနာရေး ကိစ္စတွေ အထူးလုပ်ဆောင်ရမယ်။ ဒီနှစ်ကတော့ ယေဘူယျပြောရရင် “တူ” ရာသီဖွားများအတွက် ကံကောင်းမှုတွေ များပြားမယ့် နှစ်လို့ ဆိုနိုင်ပါလိမ့်မယ်။
စိတ်ပိုင်းဆိုင်ရာ ။                      ။ ဒီနှစ် မိမိစိတ်ပိုင်းဆိုင်ရာမှာ စိတ်အားတက်ကြွမှု ၊ မျှော်လင့်ချက် နဲ့ အကောင်းမြင်ဝါဒ ၊ မိမိကိုယ်ကို ယုံကြည်မှုတွေ တိုးပွားနေမယ်။ ဒီနှစ်ဟာ တကယ်လည်း စိတ်ချမ်းသာမှုနဲ့ ပြည့်စုံရမယ့် နှစ်မျိုးဖြစ်ပါတယ်။ တူရာသီဖွား တစ်ဦးနဲ့တစ်ဦး ထပ်တူမကျနိုင်ပေမယ့် ပျော်ရွှင်မှု အတိုင်းအတာကတော့ အနည်းနဲ့ အများဆိုသလို ရရှိကြမှာဖြစ်တယ်။
စီးပွားရေး နှင့် အလုပ်အကိုင် ။                         ။ စီးပွားလုပ်ငန်းများ တိုးတက်ချဲ့ထွင်ရခြင်း၊ ၀န်ထမ်းများ ရာထူးတိုးခြင်း၊ အလုပ်တစ်ခု ရှာဖွေနေကြသူများ အလုပ်ကိုင်ကောင်းများကို ရရှိခြင်းများကို ဧကန်ရရှိနိုင်တဲ့ နှစ်ဖြစ်တယ်။ ဒီနှစ်ဟာ အလုပ်လုပ်ရတာကိုက ပျော်စရာ ကောင်းနေမယ်။ လုပ်သမျှ အလုပ်တိုင်းဟာ “ခွင်တည့်” နေပြီး မှန်းချက်နဲ့ နှမ်းထွက် ကိုက်နေမယ်။ ရေ ၊ အရည် ၊ အဖျော်ယမကာ ၊ ရေ နှင့် ပတ်သက်နေသော လုပ်ငန်းများ၊ ဆား နှင့် ငါးလုပ်ငန်း ၊ အမျိုးသမီး အလှအပဆိုင်ရာ ပစ္စည်းများ ရောင်းဝယ်ထုတ်လုပ်ခြင်း လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်း၊ ဟော်တယ်လုပ်ငန်း ၊ ရုပ်ရှင် ဂီတ နှင့် ဖျော်ဖြေရေး ဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်နေသူများ အထူးအကျိုးများကြလိမ့်မယ်။ ဒီနှစ်မှာ ဘာသာရေး ဆိုင်ရာ ကိစ္စရပ်များ လုပ်ကိုင်ဖို့ ပေါ်ပေါက်လာတတ်ပြီး လုပ်ခွင့်ရရင် သဒ္ဓါထက်သန်စွာ လုပ်ကိုင်ခြင်းဖြင့် မိမိဘ၀အခြေအနေပါ တိုးတက်မြင့်မား လာတာကို ချက်ခြင်းလက်ငင်း အကျိုးခံစားကြရလိမ့်မယ်။ အိုးအိမ်ခြံမြေများ ပိုင်ဆိုင်ထားသူများ မိမိတို့ ပိုင်ဆိုင်မှုတန်ဖိုး တိုးတက်မြင့်မားမှုကို ခံစားရမယ်။
ငွေရေး ကြေးရေး ။                    ။ ငွေကြေးကိစ္စတွေမှာ အ၀င်အထွက် ခက်ခဲတဲ့ အခြေအနေတစ်ရပ်ကို ကြုံတွေ့နိုင်ပေမယ့် ကျော်လွှားသွားနိုင်ပါလိမ့်မယ်။ နှစ်အစပိုင်းမှာတော့ အခက်အခဲ အနည်းငယ်ရှိပြီး ဒုတိယ နှစ်ဝက်ကျော်လာရင်တော့ ငွေကြေးကံ ကောင်းလာပါလိမ့်မယ်။ ဒီနှစ်ဟာ လုပ်ငန်းရှင်များအတွက် အမြတ်အစွန်း ကြီးမားတတ်တဲ့ နှစ်မျိုးဖြစ်ပြီး ငွေအလုံးအရင်းနဲ့ ၀င်ရောက်တတ်ပါတယ်။ မိမိရဲ့ ပုံမှန်လုပ်ငန်းအပြင် အခြားသော နည်းလမ်းများနဲ့လည်း ငွေဝင်ရောက်ကိန်း ရှိပါတယ်။ ဒါကြောင့် “ထီဝါသနာပါသူ” များအတွက် ထီမှန်မှန် ထိုးသင့်တဲ့ နှစ်လည်း ဖြစ်ပါတယ်။ တူရာသီဖွားတွေ ဒီနှစ်ငွေဝင်မည့် ပုံစံက လက်လီစိတ် ပြီး ၀င်တာမျိုးထက် တချီတချီကို အလုံးအရင်းနဲ့ ၀င်တာမျိုးက ပိုဖြစ်နိုင်တယ်။ ငွေများများဝင်လာရင် လက်ထဲမှာ “ကျစ်” မထားဘဲ တစ်စိတ်တစ်ပိုင်း ပြန်လည် လှူဒါန်းပေးကမ်းရဖို့ “ဒီနှစ်ရဲ့ လမ်းညွှန်ချက်” ထဲမှာ အထူးကဏ္ဍက ပါဝင်နေတာကိုတော့ သတိပြုပါ။
ပညာရေး။                      ။ ပညာသင်ကြားနေသူ ငယ်ရွယ်သူများအတွက် ပညာရေးအောင်ပန်း အကြီးအကျယ် ဆွတ်ခူးနိုင်တဲ့ နှစ်မျိုးဖြစ်တယ်။ အထူးသဖြင့် တူရာသီဖွား မိန်းကလေးများက ယောင်္ကျားလေးများထက် ပိုပြီးအောင်မြင်နိုင်တယ်။ ပညာရေးနဲ့ ပတ်သက်ပြီး ဂုဏ်ပြုချီးမွမ်းခံရမယ်။ ဒီနှစ်အတွက် ကျောင်းသူကျောင်းသားများကို အထူးသတိပေးလိုတာက စာကျက် လေ့ကျင့်ခဏ်း လုပ်ကြတဲ့အခါ စိတ်တူကိုယ်တူ သူငယ်ချင်း ()ယောက်တိတိ အတူတွဲပြီး စာလုပ်ပါ။ ထူးခြားတဲ့ အကျိုးကို ခံစားရမယ်။ ဦးခေါင်း()ခေါင်း ဆိုင်ပြီး အလုပ်လုပ်ခြင်းဖြင့် ဒီနှစ်ရဲ့ ပညာရေးအောင်ပန်းကို ဆွတ်ခူးနိုင်ကြလိမ့်မယ်။
အချစ်ရေး ။                     ။ ငယ်ရွယ်သူများ ဒီနှစ် အချစ်ရေးကံ အလွန်ကောင်းတယ် ဆိုရမယ်။ ချစ်သူနှင့် အဆင်ပြေသော ဆက်ဆံရေးများ ရှိမယ်။ ဒီနှစ်ထဲမှာ ပြဿနာ မများဘဲ စိတ်တူကိုယ်တူ ရှိကြလိမ့်မယ်။ အချစ်သစ် ရှာဖွေနေကြသူများလည်း အဆင်ပြေကြလိမ့်မယ်။
အိမ်ထောင်ရေး။                 ။ ဒီနှစ်ဟာ တူရာသီဖွားများ အချစ်ရေးကံ အဆင်ပြေသလို အိမ်ထောင်ရေးကံလည်း အဆင်ပြေကြလိမ့်မယ်။ ဒီနှစ်မှာ တင့်တယ်ကောင်းမြတ်သော မင်္ဂလာအခမ်းအနားများနှင့် အိမ်ထောင်ပြုကြရမယ့် ကံမျိုး ရှိကြမယ်။ နှစ်ဦးနှစ်ဘက် ဆွေမျိုးများ အဆင်ပြေပြေနှင့် လက်ထပ်ရတတ်တယ်။
မိသားစု နှင့် အိမ်တွင်းရေး ။                      ။ အိမ်ထောင်ကျပြီးသူများအတွက် ဒီနှစ်ဟာ သိသိသာသာ အိမ်ထောင်ရေးကံ တိုးတက်မြင့်မားမည့် နှစ်ဖြစ်နိုင်တယ်။ အိမ်ထောင်ရေး ၊ အိမ်တွင်းရေး အဆင်ပြေမယ် ၊ သာယာချမ်းမြေ့မယ်။ ပျော်စရာကောင်း တဲ့ အလည်အပတ်ခရီးများ ၊ စားပွဲသောက်ပွဲများကို ကျင်းပရတတ်တယ်။ သားကြီးသမီးကြီး ရှိတဲ့ အိမ်ထောင်များမှာ သားသမီးများ အတွင်း မင်္ဂလာကိစ္စ ပေါ်ပေါက်ကိန်း ရှိတယ်။ သားသမီးများကို မင်္ဂလာပြုပေးရတတ်ပါတယ်။
ကျန်းမာရေး ။                              ။ ကျန်းမာရေးကတော့ အနည်းငယ် အားနည်း ချူခြာမယ်။ သို့သော် ကြီးကြီးမားမား ဖြစ်စရာတော့ မရှိဘူး။ ခရီးများများ သွားတတ်သူများ ခရီးသွားလာရင်း ၊ ပန်ပန်းနွမ်းနယ်မှုကြောင့် ကျန်းမာရေး အနည်းငယ် ထိခိုက်ခြင်းများ ရှိနိုင်တယ်။ သားသမီး ရှိသူများ သားသမီးများရဲ့ ကျန်းမာရေးကို နည်းနည်း ဂရုစိုက်ပေးပါ။
ပြည်တွင်းခရီး နှင့် နိုင်ငံခြားခရီး ။                          ။ ဒီနှစ်ဟာ တူရာသီဖွားများအတွက် “ခရီးနှစ်” လို့တောင် ခေါ်နိုင်ပါတယ်။ မကြာခဏ ခရီးဝေး/နီးများ သွားလာရမယ်။ နိုင်ငံခြားခရီးများ ရှိတယ်။ ဒုတိယ ()လပိုင်းမှာ နိုင်ငံရပ်ခြားနဲ့ ပတ်သက်ပြီး အလုပ်ကအကိုင် အခွင့်အလမ်းကောင်းများ တွေ့ကြုံရတတ်ပါတယ်။ နိုင်ငံခြားကို သွားရောက် အလုပ်လုပ်ကိုင်မည့် သူများ ဒုတိယ ()လပိုင်းလောက်မှ အဆင်ပြေချောမွေ့နိုင်မယ်။
လူမှုဆက်ဆံရေး ။                        ။ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာမှာ ဒီနှစ် ပြဿနာ နည်းမယ်။ သို့သော် ဒီနှစ်မှာ အချို့ ငွေရေးကြေးရေးကို နှမြောတွန့်တိုကြသူများ၊ ပေသီးခေါက်တတ်ကြသူများ အတွက် မလိုလားအပ်သော လူမှုဆက်ဆံရေး အဖုအထစ်များ ရှိနိုင်တယ်။ ပြဿနာတော့ သိပ်အကြီးကြီး မတွေ့ရနိုင်ဘူးလို့ဘဲ ယူဆပါတယ်။ ကိုယ့်အပေါ်မှာ မလိုလားတဲ့ သူများကိုတော့ “မေတ္တာတရား” နဲ့ဘဲ အနိုင်ယူလိုက်ပါ။ မေတ္တာ မကြာခဏ ပို့ပေးပါ။ အဆင်ပြေသွားပါလိမ့်မယ်။
နှစ်ချုပ် ကံကြမ္မာ ။                          ။ ယခုနှစ်အတွက် တူရာသီဖွားတို့၏ ကံကြမ္မာကို သုံးသပ်ရမည်ဆိုလျှင် ယခုနှစ်အတွက် ကံကြမ္မာ တိုးတက်ကောင်းမွန်သည့် ရာသီခွင်များထဲတွင် ပါဝင်ပါတယ်။ ဒီနှစ်အတွက် တူရာသီဖွား အများစုဟာ ကံကောင်းမှုများ ကို အသီးသီး ပုံစံတစ်မျိုးစီနဲ့ ခံစားရဖို့ ရှိပါတယ်။ မနှစ်က ကံဇာတာ ညံ့ခဲ့သည့် တူရာသီဖွားများ ၊ အဆုံးအရှုံးများခဲ့သည့် တူရာသီဖွားများ ဒီနှစ်မှာ ဆုံးရှုံးမှုများကို ပြန်လည် ခံစားခွင့်၊ အစားထိုး ရပိုင်ခွင့်များ ရှိလာကြပါလိမ့်မယ်။ ဒီနှစ်မှာ သိပ်ကို ညံ့စရာ ရယ်လို့ မရှိနိုင်ဘူးလို့ဘဲ ယူဆပါတယ်။ ဒီနှစ်ဟာ ကိုယ့်အလုပ်အကိုင် ၊ ကိုယ့်မိသားစု ၊ ဆွေမျိုးသားခြင်း ၊ အပေါင်းအဖော်များ ၊ စတဲ့ အုပ်စုများအတွင်း ပျော်စရာကောင်းတဲ့ အခြေအနေများကို တွေ့ကြရဖို့ ရှိပါတယ်။ တစ်ခု သတိထားရမှာ ဒီနှစ် အရာရာမှာ အပျော်မကျူးဖို့ဘဲ လိုပါမယ်။ ဒီနှစ်ထဲမှာ “ရက်ရောပေးကမ်းခြင်း” ဟာ “နှမြောတွန့်တိုခြင်း” ထက် ပိုပြီး အောင်မြင်မှုကို ပေးနိုင်တယ် ဆိုတာကို စွဲစွဲမြဲမြဲ သတိထားဖို့ လိုပါလိမ့်မယ်။
နေ့သားသမီးအလိုက် ကံကြမ္မာ။                          ။ ဒီနှစ်ထဲမှာ တူရာသီဖွားများအနက် တနင်္လာ ၊ အင်္ဂါ ၊ ကြာသပတေး ၊ သောကြာ သားသမီးများဟာ ကံကောင်းမှုကို ပိုမိုသိသာစွာ ရရှိကြမှာဖြစ်တယ်။ တနင်္ဂနွေ ၊ ဗုဒ္ဓဟူး ၊ စနေ နဲ့ ရာဟု သားသမီးများကတော့ အစပိုင်းမှာ ကံအနည်းငယ် နှောင့်နှေးတတ်ပြီး အဆင်မပြေသလို ဖြစ်နေရာက နောက်ပိုင်းမှာ ရုတ်တရက် ကံကောင်းလာတတ်တယ်။ ငွေစုငွေပုံကြီးများ ၀င်ရောက်နိုင်တယ်။
ယတြာပြုလုပ်လိုက ။                          ။ မိမိမွေးနေ့မှာ ဘုန်းတော်ကြီးတစ်ကျောင်းကို သွားပြီး “အီလက်ထရောနစ်ပစ္စည်း” တစ်ခုခုကို လှူဒါန်းလိုက်ပါ။ ပြီးရင် တိရိစ္ဆာန်ဥယာဉ်ကို သွားပြီး ဆင်တွေကို ကြံကျွေးလိုက်ပါ။
————————————————————————————————————————-

ကရကဋ် ရာသီဖွားများ

cancer (178 x 234)
Preview ။                    ။ 2013 ခုနှစ်ဟာ ကရကဋ် ရာသီဖွားများအတွက် ကံဇာတာ အဆိုး အကောင်း ယှဉ်တွဲ တွေ့ကြုံရဖို့ရှိတယ်။ တစ်ဖက်ကလည်း “တိုးပွား” မှုတွေ ရှိသလို တစ်ဖက်ကလည်း “ဆုတ်ယုတ်” မှုတွေ ရှိနိုင်တယ်။ “အောင်မြင်မှု” တွေ ရှိသလို “ကျရှုံးမှု” တွေ ရှိမယ်။ “စိတ်တက်ကြွ” တဲ့ အခါရှိသလို “စိတ်ဓာတ်ကျ” တဲ့ အချိန်တွေကိုလည်း ဖြတ်သန်းရမယ်။ “ရိုးသားဖြောင့်မတ်မှု” နဲ့ “လိမ်လည်လှည့်ဖျား” မှုတွေ အားပြိုင်နေမယ်။ “လောဘ” နဲ့ “စွန့်လွှတ်ခြင်း” တို့ အားပြိုင်နေမယ်။ ဒီနှစ်ဟာ ကရကဋ်ရာသီဖွားများအတွက် “အစွန်းတရား” နှစ်ဖက်တို့ ပြိုင်ဆိုင် ၀င်ရောက်တတ်တဲ့ နှစ်မျိုးဖြစ်တာ မို့ စိတ်ဓာတ်ကြံ့ခိုင်ဖို့နဲ့ မှားယွင်းသော ဆုံးဖြတ်ချက်များ မချမိစေဖို့ လိုအပ်ပါသည်။ ဒီနှစ်ထဲမှာ ဖြစ်ရပျက်ရတဲ့ ကိစ္စတွေ အတော်တော်များများဟာ “ကံတရား” ကြောင့်ထက် “မိမိရဲ့ အဆုံးအဖြတ်နဲ့ရွေးချယ်မှု” က ပိုပြီး အဓိကကျပေလိမ့်မယ်။ ခြံပြီးပြောရရင်တော့ ဒီနှစ်ဟာ ကရကဋ် ရာသီဖွားများ ကံဇာတာ မသင့်မြတ်လှပေဘူး။
စိတ်ပိုင်းဆိုင်ရာ ။                    ။ ဒီနှစ်မှာ ကရကဋ်ရာသီခွင်မှာ မွေးဖွားလာတဲ့ သူများမှာ မကောင်းတဲ့ ဂြိုဟ်ဆိုးတွေ လွှမ်းမိုးမှု များနေတဲ့နှစ်တနှစ် ဖြစ်တဲ့အတွက် မိမိစိတ်ပိုင်းဆိုင်ရာမှာ ကိုယ်ကျိုးအတ္တ နဲ့ မာန်မာန တို့ ကြီးစိုးနေတတ်တယ်။ ဒါကြောင့် ဒီနှစ်မှာ မရိုးဖြောင့်တဲ့ စကားကို ဆိုမိတတ်တယ်။ မရိုးဖြောင့်တဲ့ အလုပ်ကို လုပ်မိတတ်တယ်။ လျှို့ဝှက်မှုတွေ ၊ လောဘတရားတွေ ၊ မစဉ်းစားမဆင်ခြင်နိုင်ဘဲ ပြောမိလုပ်မိတာတွေ များနေတတ်တယ်။ မကောင်းသော အကြောင်းများဟာ မကောင်းအကျိုးကို ဖြစ်ထွန်းစေတတ်တာမို့ ဒီနှစ်မှာ ကိုယ့်စိတ်ရဲ့ အနေအထားလေးတွေကို သတိနဲ့ အစဉ်စောင့်ကြည့် ထိန်းသိမ်းနေသင့်တယ်။
စီးပွားရေး နှင့် အလုပ်အကိုင် ။                    ။ အလုပ်အကိုင်ဘာဝကို ကြီးစိုးတဲ့ အင်္ဂါဂြိုဟ် ()တန့်မှာ ရပ်ပြီး ယူရေးနပ်စ်နဲ့ Square အမြင်ဟာ ကရကဋ်ရာသီဖွားများအတွက် ဒီနှစ်မှာ အလုပ်အကိုင် စီးပွားရေးနဲ့ ပတ်သက်ပြီး အလွန်ဆိုးဝါးတဲ့ အမြင် ဖြစ်နေပါတယ်။ ဒီအမြင်ကြောင့် အကောင်းမြင်ဝါဒ နဲ့ လောဘတရားတွေ အလွန်အမင်း လွှမ်းမိုးလာပြီး ကိုယ်မနိုင်တဲ့ အလုပ်ကြီးအကိုင်ကြီးတွေ လုပ်မိတတ်တယ်။ အဲဒီမှာ အစပိုင်းတော့ ဟန်သလိုလိုနဲ့ နောက်ဆုံးမှာတော့ “ဖင်မနိုင်ဘဲ ပဲကြီးဟင်းသောက်” ဆိုတာလို လုပ်ငန်းကြီးတွေ ဟာ တွက်ရေးက စက်သူဌေး၊ တွက်ကြည့်အမြတ်မရှိ ဖြစ်ရတတ်တယ်။ အမြတ်မရှိယုံမက အရှုံးကြီးရှုံးရတတ်တယ်။ စီးပွားရေး လုပ်ငန်းကြီးများ လုပ်သူများအတွက် ဒီနှစ်မျိုးဟာ လုပ်ငန်းကြီးတွေ အကြီးအကျယ် ပျက်စီးတတ်တဲ့ နှစ်မျိုးဖြစ်တာကို သတိပြုပါ။ သာမန် လခစား လုပ်သားများ ၊ လုပ်ငန်းငယ်ကလေးများကို ခြေနိုင်လက်နိုင်လုပ်နေသူများသော်မှ ယခုနှစ်မှာ အရွှေ့အပြောင်းခံရခြင်း ၊ အလုပ်ရပ်ဆိုင်းခြင်း ၊ အဆုံးအရှုံးများခြင်းများ ကြုံရဖွယ် ရှိတယ်။ ဒီနှစ်အတွက် အကောင်းဆုံးအကြံပေးချင်တာက စိတ်ထားကောင်းပြီး – ကံဇာတာကောင်းမွန်တဲ့ မိတ်ကောင်းဆွေကောင်းများနဲ့ အတူတွဲဖက်ပြီး သူတို့အကြံဉာဏ်ကို လိုက်နာခြင်းပါဘဲ။ ဒီနှစ်ဟာ တစ်ဦးတည်း ချီတက်ရမယ့် နှစ်မဟုတ်။ မိတ်ကောင်းဆွေကောင်းများ အကူအညီယူရမယ်။ အလုပ်ကို ပုံမှန်လောက်ဘဲ လုပ်ပါ။ မနိုင်မနင်းတွေ ၊ မလုပ်ဖူးတာတွေ သွားမလုပ်ပါလေနဲ့။
ငွေရေး ကြေးရေး ။                    ။ ငွေကြေးကိစ္စတွေမှာတော့ အ၀င်လည်း ရှိနိုင်သလို အထွက်လည်း ရှိနေမယ်။ ငွေကြေးကိစ္စ မတည်ငြိမ်တတ်ပါ။ ထူးထူးဆန်းဆန်းနည်းတွေနဲ့ ငွေစုငွေပုံ ၀င်လာတာမျိုးလည်း ရှိတတ်တယ်။ လက်ရှိအလုပ်ရဲ့ ပုံမှန်ဝင်ငွေက တိုးတက်နေပေမယ့် အလုပ်သစ်အကိုင်သစ်တစ်ခုခုကို လုပ်မိတတ်ပြီး အဲဒီ လုပ်ငန်းသစ်က လုပ်ငန်းဟောင်းရဲ့ ပုံမှန်ဝင်ငွေကို ၀ါးမြိုသွားတတ်တယ်။ ထီ စပ်တူ ပေါက်တတ်တဲ့ ကံကြမ္မာမျိုး ရှိတတ်လို့ တနင်္ဂနွေ ၊ တနင်္လာ ၊ စနေ သားသမီးများနဲ့ ထီစပ်တူထိုးပေးပါ။ ဒီနှစ်ဟာ ကိုယ့်အလုပ်အဟောင်းလေးကို တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ကိုင်နေသူများအဖို့ ငွေကြေးကိစ္စ ပြဿနာ သိပ် မရှိတတ်ပါ။ အလုပ်သစ် အကိုင်သစ်ကို မနိုင်မနင်း လုပ်မယ့်သူတွေတော့ ငွေကြေးအတွက် ထင်တိုင်းမပေါက်ဖြစ်ရမယ်။ (ဒီလို လုပ်ဖို့လည်း အခွင့်အလမ်းက ပေါ်လာတတ်တယ်) လုပ်သင့် မလုပ်သင့် ဆုံးဖြတ်ရမှာ ခင်ဗျားတာဝန်ဘဲ။
ပညာရေး။                    ။ ပညာသင်ကြားနေသူ ငယ်ရွယ်သူများအတွက် ပညာရေးနဲ့ ပတ်သက်ပြီး အားနည်းသော အချိန်ကာလ ဖြစ်နိုင်စရာ ရှိတယ်။ ဇန်န၀ါရီလ မှ ဧပြီလကုန်အတွင်း စာမေးပွဲဖြေဆိုရမည့် သူများအတွက် ကံဇာတာ နိမ့်ပါးနေတတ်ပြီး ခြေချော် လက်ချော် ဖြစ်တတ်တာကို သတိပြုပါ။ ဧပြီနောက်ပိုင်း မှ နှစ်ကုန်အတွင်း ဖြေဆိုရတဲ့ စာမေးပွဲတွေမှာတော့ ကံကောင်းတိုးတက်နိုင်တယ်။
အချစ်ရေး ။                    ။ ငယ်ရွယ်သူများ ဒီနှစ် အချစ်ရေးကံ အလွန့် အလွန် ညံ့နိုင်တယ်။ နဂိုကတည်းက ပြဿနာ ပေါ်နေတဲ့ အချစ်ရေးတွေမှာ လမ်းခွဲရသည်အထိ ဖြစ်သွားနိုင်တယ်။ သို့မဟုတ် မျက်နှာခြင်း ဆိုင်မရလောက်အောင် တကျက်ကျက် ဖြစ်နေမယ်။ ကြားလူဖျက်လို့ ပျက်ရတဲ့ အဖြစ်မျိုး ရှိနိုင်တယ်။ အိမ်ထောင်ရေး သစ္စာမဲ့မှု ကြုံရနိုင်ဖွယ် ရှိတယ်။
အိမ်ထောင်ရေး။                    ။ အချစ်ရေးမှာ ညံ့ပေမယ့် အိမ်ထောင်ရေးကျပြန်တော့ သိပ်မညံ့ပေဘူး။ ချစ်သူဘ၀သို့ ရောက်နေသည်မှာ ကြာနေသူများ လက်ထပ်ဖြစ်လိမ့်မယ်။ သို့သော် အထက်က ပြောခဲ့တဲ့အတိုင်း ပူညံပူညံနဲ့ လက်ထပ်ဖြစ်မယ်။ အခက်အခဲ ပြဿနာတွေ ကြုံမယ်။ လက်ထပ်ဖို့ အရေး နှောင့်နှေးကြန့်ကြာ ရက်တွေမကြာခဏ ရွှေ့ရပြီးမှ လက်ထက်ဖြစ် တတ်တယ်။ နှစ်ဖက်ဆွေမျိုးများကြားမှာလည်း ပြဿနာတွေ ဖြစ်တတ်တယ်။ သို့သော် အောင်မြင်စွာ လက်ထပ်ဖြစ်ပါလိမ့်မယ်။
မိသားစု နှင့် အိမ်တွင်းရေး ။                    ။ အိမ်ထောင်ကျပြီးသူများအတွက် အိမ်ထောင်ရေး သာယာမှု သိပ်မရှိနိုင်ပါ။ ရန်များမယ်။ စကားများမယ်။ မိသားစုအတွင်း ကျန်းမာရေး ပြဿနာ ပေါ်မယ်။ အိမ်ထောင်ဘက်ရဲ့ မရိုးမသားလုပ်တာ ခံရနိုင်တယ်။ ငွေကြေးပြဿနာ ရှင်းရတတ်တယ်။ သားသမီးရှိသူများ ကျန်းမာရေးကြောင့်၎င်း ၊ အခြားသော ကိစ္စများကြောင့်၎င်း အပူသောက တွေ့ရဖွယ် ရှိတယ်။
ကျန်းမာရေး ။                    ။ ကျန်းမာရေးနဲ့ ပတ်သက်ရင်တော့ အသေးစား ထိခိုက်ရှနာခြင်းများ ၊ အသေးစား ခွဲစိတ်ကုသမှု များ ဖြစ်နိုင်ချေ ရှိတယ်။ အစာအိမ် နဲ့ နှလုံး အားနည်းတတ်ဖွယ် ရှိတယ်။ လည်ပင်း ၊ လိင်အင်္ဂါ ၊ မျိုးပွားအင်္ဂါများမှာ အနာ ၊ အဖုအကြိတ်များ ဖြစ်နိုင်ဖွယ်ရှိတယ်။ အသက်အန္တရာယ်တော့ မမြင်ပါ။
ပြည်တွင်းခရီး နှင့် နိုင်ငံခြားခရီး ။                    ။ ဧပြီလကုန်အတွင်း နိုင်ငံခြားခရီးစဉ်များ ပျက်ပြားတတ်တယ်။ ထွက်ဖြစ်ရင် လည်း အခက်အခဲများစွာနဲ့ ထွက်ရတတ်တယ်။ ဧပြီလကျော်သွားရင်တော့ နိုင်ငံခြားခရီးစဉ်များ အတွက် ကံဇာတာ ကောင်းမွန်လာပြီး အပြီးအပိုင်ပြောင်းရွှေ့မည့်သူများအတွက် အထမြောက်အောင်မြင်နိုင်တယ်။ အမေရိကန် ကံစမ်းဗီဇာ ထိုးထားသူများ ဗီဇာ ပေါက်ကိန်း ရှိတယ်။
လူမှုဆက်ဆံရေး ။                    ။ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာမှာ ဂုဏ်သိက္ခာ ကျဆင်းစရာ ကိစ္စများ ကြုံနိုင်တယ်။ နာမည်ပျက်ခြင်း၊ အရှက်ကွဲခြင်းများ ဖြစ်နိုင်တယ်။ ဖြစ်ရတဲ့ အဓိက အကြောင်းကတော့ ကိုယ်ကိုယ်တိုင် အနေမမှန် ၊ စကားမမှန် ၊ အလုပ်မမှန်ခြင်းများကြောင့် ဖြစ်နိုင်တယ်။ လိုအပ်သည်ထက် ပိုသော လောဘတရားကြောင့် အရှက်ရတတ်တယ်။ ကိုယ့်ရဲ့ လုပ်ရပ်တွေ သိပ်လွန်ကျူးသွားရင်တော့ “အွန်လိုင်း” နှင့် “သတင်းဂျာနယ်” စတဲ့ “မီဒီယာ” တွေမှာပါ “အဖွခံ” ရသည်အထိ အရှက်ရတတ်တာကို သတိပြုပါ။
နှစ်ချုပ် ကံကြမ္မာ ။                    ။ ယခုနှစ်အတွက် ကရကဋ် ရာသီဖွားတို့၏ ကံကြမ္မာကို သုံးသပ်ရမည်ဆိုလျှင် ယခုနှစ်အတွက် ကံကြမ္မာ အညံ့များတတ်ပါတယ်။ ရိုးရိုးကုပ်ကုပ် နေသူများ ပြဿနာ မများပါ။ ပပလွှားလွှားနေသူများ ၊ မာန နှင့် အကြွားများသူ များ ဒုက္ခကြုံတတ်ပါတယ်။ ဒီနှစ်မှာ စိတ်ထားကောင်းကောင်းထားပါ။ နှုတ်ကို စောင့်စည်းပါ။ ဘာသာတရားကို လေးစားလိုက်နာပါ။ မတရားပြုမူလိုစိတ်နှင့် လောဘစိတ်ကို မမွေးပါနှင့်။ (မိမိ၏ ဟောကိန်းများသည် တက်တက်စင် လွဲရန် ခဲယဉ်းလှပါသည်) ယခုနှစ်တွင် ကရကဋ်ရာသီဖွားများ အနည်းနဲ့အများ ဆိုသလို လောကဓံ ခံကြရဖွယ် ရှိပါတယ်။ ပြင်းအား အနည်းအများသာ ကွာပါမည်။ ပြင်းအား အနည်းအများမှာ စိတ်ထား နှင့် ခံယူချက်အပေါ်တွင် တည်ပါသည်။ လိမ်လည်လှည့်ဖျား လုပ်ကိုင်စားသူများ ယခုနှစ်မှာ တရားဥပဒေ နှင့် ကြုံဆုံရဖို့ ရှိပါသည်။ လူကောင်းများကတော့ ဘာမှ ပူစရာ မရှိပါ။ သူတော်ကောင်း နတ်ကောင်းမ, ပါမည်။ အေးအေးဆေးဆေး ရိုးရိုးသားသား စိတ်ထားကောင်းကောင်းနှင့် လုပ်ကိုင်စားနေသူများ ဘာမှတွေးပူစရာမလိုပါ။ အေးချမ်းစွာ နှစ်တနှစ် ကုန်ဆုံးသွားပါလိမ့်မည်။ ယခုနှစ် ကရကဋ် ရာသီဖွားများအတွက် စကားလက်ဆောင်မှာ မေတ္တာသုတ်လာ “အပ္ပကိစ္စောစ” (နည်းပါးသော အမှုကိစ္စ ရှိပါစေ) ဟူသတည်း။ အမှုကိစ္စနည်းလျှင် ပြဿနာ နည်းမည်။ အမှုကိစ္စများလျှင် ပြဿနာ များမည်။ ဤကား နှစ်ချုပ်တည်း။
နေ့သားသမီးအလိုက် ကံကြမ္မာ။                    ။ ဒီနှစ်ထဲမှာ ကရကဋ် ရာသီဖွားများအနက် အင်္ဂါ ၊ ကြာသပတေး ၊ သောကြာ သားသမီးများ ကံဇာတာ အလွန်ညံ့တတ်တယ်။ တနင်္ဂနွေ၊ တနင်္လာ ၊ ဗုဒ္ဓဟူး(ရာဟု) ၊ စနေသားသမီးများ အဆိုး လျှော့ပါး သက်သာဖွယ် ရှိတယ်။
ယတြာပြုလုပ်လိုက ။                    ။ မိမိအနေနဲ့ တတ်နိုင်လျှင် သီလရှင် စာသင်ကျောင်းတစ်ကျောင်းမှာ ဆွမ်းကျွေးအလှူ လုပ်လိုက်ပါ။ မတတ်နိုင်လျှင် သီလရှင် ()ပါးကို ၀တ်စုံတစ်စုံစီ လှူဒါန်းပေးပါ။ ရပ်ဝေးနေသူများ မြန်မာပြည်ထဲမှ မိသားစုများအား လုပ်ခိုင်းနိုင်ပါသည်။ ထို့နောက် ရင်သွေးအမွှာ()ဦးကို ကစားစရာ အရုပ်တစ်ခုခု ၀ယ်ပေးပြီး ဒါနပြုလုပ်ပါ။
————————————————————————————————————————-

ပြိဿ ရာသီဖွားများ

taurus (178 x 234)
Preview ။                    ။ 2013 ခုနှစ်ဟာ ပြိဿ ရာသီဖွားများအတွက် နှစ်အစပိုင်းမှာ ၀ာာဝန်ဝတ္တရားတွေ အလွန်ကြီးမားတတ်ပြီး မိမိ အလုပ်အကိုင် အကြံအစည်များ နှေးကွေးကြန့်ကြာခြင်း၊ ပိတ်ပင်ခံရခြင်းများကြုံရတတ်ပြီး ဖိအား Tension များတတ်တဲ့ နှစ်လည်း ဖြစ်တယ်။ မထင်မှတ်သော အပြောင်းအလဲများလည်း ကြုံရနိုင်တယ်။ စိတ်ဓာတ်ကျဆင်းနေမယ်။ အထက်လူကြီး ၊ လုပ်ဖော်ကိုင်ဖက်တို့ရဲ့ လှည့်ဖျားမှု နှင့် မရိုးမသားလုပ်တာ ခံရခြင်းများလည်း ကြုံရနိုင်တယ်။ နှစ်အစပိုင်းမှာ ဒီလို မကောင်းတဲ့ ကံတရားတွေ ရှိပေမယ့် နှစ်အလယ်လောက်ကစပြီး ကံဇာတာ ပြန်လည် တိုးတက်လာနိုင်တယ်။ ကိုယ်တိုင် အပြစ်တစ်ခုခု ကျူးလွန်ထားမိသူများမှာ ဒီအပြစ်ရဲ့ ခြောက်လှန့်မှုကို ခံစားနေရမယ်။ နောင်တ တရားတွေ ဖြစ်နေရတတ်တယ်။ အိပ်ပျက်ညတွေ များနေတတ်တယ်။ သို့သော် နှစ် အလယ်ပိုင်းတစ်ချက်မှာ စီးပွားရေးသမားများမှာ ငွေစုငွေပုံ ၀င်ရောက်ခြင်း (သို့) အခွင့်အလမ်းကြီးကြီးမားမား ၀င်ရောက်ခြင်း များဖြစ်နိုင်ပြီး ၀န်ထမ်းများမှာ ရာထူးတိုးခြင်း ၊ လုပ်ပိုင်ခွင့်တိုးခြင်း ၊ ဂုဏ်ပြုချီးမွမ်းခံရခြင်းများ လည်း ကြုံဆုံရဖို့ ရှိပါတယ်။ ဒါကြောင့် ဒီနှစ်ကို ကံညံ့သလားလို့ မေးပြန်ရင်လည်း သိပ်တော့ မညံ့ပါဘူး။ ကိုယ်ကောင်းရင် ခေါင်းဘယ်မှ မရွေ့ပါဘူးလို့ဘဲ ဆိုရမှာပါ။ ဒီနှစ်ဟာ ပြိဿရာသီဖွားများအတွက် “နှစ်ဦးနှစ်ဖက် မျှတခြင်း” ဆိုတဲ့ စိတ်သဘောထား နဲ့ လုပ်ရပ်တွေ အရေးတကြီးလိုအပ်ပါတယ်။ “မျှတခြင်း ၊ ကိုယ်ခြင်းစာခြင်း ၊ တရားနည်းလမ်း ကျခြင်း” များနဲ့ ပြည့်စုံရင်တော့ ဒီနှစ်ရဲ့ အဆုံးသတ်ဟာ ကံကောင်းမှုတွေ အသေအချာရမယ်။ တစ်ကိုယ်ကောင်း ဆန်တဲ့ စိတ်ထား နဲ့ အပြုအမူကြောင့် ဒီနှစ်အဆုံးဟာ “ဖွတ်မရ ၊ ဓါးမဆုံး” ဖြစ်သွားတတ်တာကို သတိပြုရပါမယ်။
စိတ်ပိုင်းဆိုင်ရာ ။                    ။ ဒီနှစ်မှာ ပြိဿရာသီခွင်မှာ မွေးဖွားလာတဲ့ သူများမှာ ဝေခွဲမရ၊ ဆုံးဖြတ်မရတဲ့ အခြေအနေမျိုးတွေ ကြုံတွေ့နိုင်ပြီး ဘာလမ်းကို လိုက်ရမှန်းမသိအောင် ဖြစ်တတ်တယ်။ မိမိအပေါ် ဖိအားများလည်း အလွန်များတတ်တယ်။ အလိုလိုနေခြင်း စိတ်အားငယ်ခြင်း ၊ စိတ်တုန်လှုပ်ချောက်ခြားခြင်းများ ၊ အိမ်မပျော်ခြင်းများ ဖြစ်နေမယ်။ အတိတ်ကိုလည်း စိုးရွံ့ ၊ အနာဂါတ်ကိုလည်း စိုးရွံ့စိတ်တွေ များနေမယ်။ ခြောက်အိပ်မက်တွေနဲ့ ထိတ်လန့်နေတတ်တယ်။ ဘာသာတရား (အထူးသဖြင့်) မေတ္တာတရားကို အစဉ်ပွားများနိုင်ဖို့ လိုလိမ့်မယ်။
စီးပွားရေး နှင့် အလုပ်အကိုင် ။                    ။ ဒီနှစ်ထဲမှာ စီးပွားရေးမှာ ထူးခြားတဲ့ အပြောင်းအလဲတွေ ဖြစ်ဖို့ရှိတယ်။ မိမိတစ်ဦး တည်း လုပ်ကိုင်ရတဲ့ လုပ်ငန်းပုံစံကနေ နှစ်ဦးစပ်လုပ်ငန်း (သို့) အဖွဲ့အစည်းနဲ့ လုပ်ကိုင်ရတဲ့ လုပ်ငန်းပုံစံမျိုး ပြောင်းလဲရဖွယ် ရှိတယ်။ သို့သော် အဆင်ပြေပြေနဲ့ ပြောင်းလဲရတဲ့ ပုံစံမျိုးမဟုတ်ဘဲ အခြေအနေအရ ပြောင်းလဲရတဲ့ ပုံစံမျိုး ဖြစ်ဖို့များတယ်။ မိမိသဘောကျ မဖြစ်ဖို့များတယ်။ ပြင်ပအမြင်မှာတော့ ယခုနှစ်မှာ မိမိအလုပ်အကိုင် အခြေအနေတွေ အရမ်းတိုးတက်အောင်မြင် နေတယ်လို့ ထင်ကြမယ်။ ဒါပေမယ့် လက်တွေ့မှာ အတွင်းကျိတ် ပြဿနာတွေ များနေတတ်တယ်။ မိမိလုပ်ငန်းနှင့် ပတ်သတ်ပြီး “ငုံမရ ၊ ထွေးမရ” အခြေအနေမျိုးတွေ ကြုံရတတ်တယ်။ ဧပြီလလယ် လောက်ကနေ ဇွန်လကုန် အတွင်းလောက်မှာ လုပ်ငန်းနှင့် ပတ်သက်ပြီး ထူးခြားကောင်းမွန်တဲ့ အခြေအနေမျိုးကို ကြုံရမယ်။ လုပ်ငန်းတိုးတက်ချဲ့ထွင်မှု ၊ ကျော်ဇောမှု ၊ မြင့်မားသောအခြေ အနေသို့ ရောက်ရှိမှုများ ဖြစ်နိုင်တယ်။ ဒီနှစ်ရဲ့ လုပ်ငန်းပုံစံတွေကတော့ ပေါင်းစပ်ဖွဲ့စည်းခြင်း၊ ဖက်စပ်လုပ်ကိုင်ခြင်း၊ မတူကွဲပြား သော ပြိုင်ဖက်များနှင့် ပေါင်းစပ်လုပ်ကိုင်ရခြင်း သဘောများကို အသွင်ဆောင်ယူမယ်။ ဒီနှစ်ဟာ အရာရာမှာ ငါတစ်ကောကော လုပ်မရပါ။ မိမိစိတ်တိုင်းကျ လုပ်မရပါ။ အခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီး လုပ်ရမယ့် နှစ်ဖြစ်တယ်။ စစ်ဘက် နှင့် အုပ်ချုပ်ရေး ဘက်ဆိုင်ရာလုပ်ငန်းများ၊ ဆေးပညာဆိုင်ရာလုပ်ငန်းများ ၊ စက်ရုံ နှင့် စက်မှုလက်မှု လုပ်ငန်းများ ၊ နိုင်ငံရေးသမားများ ၊ သတ္တုတူးဖော်ထုတ်လုပ်ရေး ဆိုင်ရာ လုပ်ငန်းများ ၊ ရေ ၊ အရက် ၊ ဘီယာ ၊ ဓာတုဗေဒဓာတ်ဆေး ၊ ပိုးသတ်ဆေး ၊ မြေသြဇာ စတဲ့ လုပ်ငန်းများမှာ လုပ်ကိုင်သူများ အခွင့်အလမ်း ကောင်းများ တိုးတက်ရရှိနိုင်တယ်။ သို့သော် အထက်က ပြောသလို ဆန့်ကျင်ဘက် အင်အားစုများနဲ့ အတူယှဉ်တွဲ လုပ်ဆောင်ရဖို့ များတယ်။
ငွေရေး ကြေးရေး ။                    ။ ငွေကြေးကံကတော့ ဧပြီလလောက်အထိ ငွေမလည်ဘဲ ဖြစ်နေတတ်တယ်။ ဧပြီလ ကနေ ဇွန်လကုန် အတွင်းမှာတော့ ငွေကြေးနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ အခွင့်အလမ်းတွေ ရရှိနိုင်တယ်။ ငွေစုငွေပုံ ၀င်နိုင်တယ်။ အမွေရဖို့ ရှိတဲ့သူတွေ ၊ အမွေအတွက် တရားဖြစ်နေတဲ့သူတွေ အနိုင်ရပြီး အမွေဆက်ခံခွင့်ရှိမယ်။ လျှို့ဝှက်သောနေရာ ၊ လျှို့ဝှက်သော နည်းလမ်းများဖြင့် ငွေစုငွေပုံ ၀င်ရောက်နိုင်တယ်။ ဒါပေမယ့် တနှစ်လုံးအနေနဲ့ ပြောရရင်တော့ ငွေကြေးကိစ္စက ပုံမှန် အနေအထားမှာဘဲ ရှိပါမယ်။ လာဘ်လာဘ ထူးထူးခြားခြား ရွှင်လန်းတဲ့ နှစ်လို့တော့ မဆိုနိုင်ဘူး။ နိုင်ငံရပ်ခြား နှင့် ဆက်စပ် နေသော ငွေကြေးကိစ္စများ ၊ ရရန်ရှိသည်များ (လွှဲပြောင်းရန်ရှိသည်များ) အကျိုးခံစားခွင့် ရရှိနိုင်တယ်။
ပညာရေး။                    ။ ငယ်ရွယ်သူများ ပညာသင်ကြားနေသူများ ပညာရေးနှင့် ပတ်သက်ပြီး ထူးခြားစွာ အောင်မြင်တိုးတက် နိုင်တဲ့ နှစ်ဖြစ်တယ်။ ဘွဲ့ထူး ဂုဏ်ထူးများစွာဖြင့် အောင်မြင်တတ်တဲ့ နှစ်မျိုးဖြစ်တယ်။ သို့သော် မတ်လအတွင်း ဖြေဆိုရတဲ့ စာမေးပွဲတွေမှာတော့ ကံ အားနည်းဖွယ် ရှိတယ်။ ဧပြီလ နောက်ပိုင်းမှာ ဖြေဆိုရတဲ့ စာမေးပွဲတွေမှာတော့ ကံကောင်းမှုတွေ များပါလိမ့်မယ်။ စာမေးပွဲမေးခွန် နဲ့ အဖြေလွှာတွေကို သေချာစွာ ဖတ်ဖို့ ၊ အပြန်ပြန်စစ်ဆေးဖို့ လိုပါလိမ့်မယ်။ ဒီနှစ်မှာ အထူး ”မျက်စေ့လျှမ်း” တတ်ပါတယ်။ စာမေးပွဲခန်းအပြင်ရောက်မှ မှားဖြေမိခဲ့တာမျိုး ဖြစ်ဖို့များလို့ သတိထားပါ။
အချစ်ရေး ။                    ။ အချစ်ရေး ကိစ္စတွေမှာ နှောင့်နှေးကြန့်ကြမယ်။ ချစ်သူတွေမှာ ခိုက်ရန်ဖြစ်ပွားမှု ၊ အထင်အမြင် လွဲမှားမှု မကြာခဏ ဖြစ်မယ်။ သို့သော် ကြီးမားတဲ့ အကွဲအပြဲမျိုးတော့ ဖြစ်ဖို့ နည်းပါးတယ်။ တနှစ်လုံးတော့ တကျက်ကျက် ဖြစ်နေမယ်။
အိမ်ထောင်ရေး။                    ။ အိမ်ထောင်ရေးကိစ္စကတော့ ဒီနှစ်မှာ အိမ်ထောင်မကျရင်လည်း အရှင်း ၊ ကျရင်လည်း မိမိထက် အဆင့်မြင့်သူ ၊ ဂုဏ်သိက္ခာကြီးမားသူများနှင့် အိမ်ထောင်ပြုရတတ်တယ် (သို့မဟုတ်) တင့်တယ်ကောင်းမြတ်သော မင်္ဂလာ အခမ်းအနားများ ကျင်းပရတတ်တယ်။ ဒီနှစ်အိမ်ထောင်ပြုမည့်သူများ ၀ါတွင်းကာလ မတိုင်မှီထက် ၊ ၀ါကျွတ်ပြီးမှ မင်္ဂလာဆောင် ခြင်းဖြင့် ကောင်းမွန်သော အိမ်ထောင်ရေးကံကို ပိုမိုရရှိနိုင်မှာ ဖြစ်ပါတယ်။
မိသားစု နှင့် အိမ်တွင်းရေး ။                    ။ ဒီနှစ်အတွက် မိသားစုအရေး ၊ အိမ်တွင်းရေးကတော့ အိုကေမှာ စိုပြေနေပါလိမ့်မယ်။ အိမ်တွင်းရေး တည်ငြိမ်အေးချမ်းမယ်။ မိသားစုရဲ့ ဘတ်ဂျက်အခြေအနေလည်း ကောင်းမွန်မယ်။ ပျော်ရွှင်တဲ့ မိသားစုဘ၀ကို ရရှိလိမ့်မယ်။ ယခင်နှစ်များက အဆင်မပြေလှသော အိမ်ထောင်သည်များမှာပင် ဒီနှစ်မှာ အတော်လေး အခြေအနေ ကောင်းနေလိမ့်မယ်။
ကျန်းမာရေး ။                    ။ ကျန်းမာရေးနဲ့ ပတ်သက်ရင်တော့ ဒီနှစ်မှာ အတော်ကလေး ဂရုစိုက်ရမယ်။ အထူးသဖြင့် ရောဂါအခံရှိသူများ သတိထားပါ။ ရောဂါတိုးတတ်တဲ့ နှစ်ဖြစ်တယ်။ ဆေးရုံဆေးခန်း တက်ရောက်ရတဲ့ နှစ်မျိုး ဖြစ်တတ်တယ်။ ဦးနှောက်အာရုံကြော ၊ မျက်စေ့ ၊ ခါးနာခြင်း ၊ ခါးတစ်ဝိုက်ရောဂါများ၊  နှလုံးရောဂါ ၊ လေဖြတ်ခြင်း ၊ မတော်တဆ ထိခိုက်ခြင်း ၊ ယာဉ် Accident များ ၊ ဆီးချိုရောဂါများ သတိထားဖို့ ပိုလိုအပ်မယ်။
ပြည်တွင်းခရီး နှင့် နိုင်ငံခြားခရီး ။                    ။ နိုင်ငံခြားကို ခရီးသွားလာဖို့ ရှိသူများ အကြံအစည် အထမြောက်မယ်။ မထွက်ရတော့ဘူးလို့ ထင်ထားသူများပင် ရုတ်တရက် နိုင်ငံခြားခရီး ထွက်ရတတ်တယ်။ နိုင်ငံခြားကို အလုပ်သွားရောက် လုပ်ကိုင်မည့်သူများ ဒုတိယ ()လပိုင်းမှာ အဆင်ပြေမယ်။ အလုပ်အကိုင်ကောင်း ရမယ်။ ဒီထက် စောထွက်ရင် အဆင်မပြေ တတ်ပါ။
လူမှုဆက်ဆံရေး ။                    ။ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာမှာ အပြင်ပန်းကနေကြည့်ရင် အောင်မြင်နေတဲ့ အနေအထားမျိုး ရှိပေမယ့် အတွင်းကြိတ်ပြဿနာလေးတွေ ရှိမယ်။ ဒါပေမယ့် ပြဿနာ ကြီးမလာအောင် ထိန်းထားနိုင်မယ်။ ဂုဏ်သိက္ခာ ကျလောက်အောင် မဟုတ်ပေမယ့် သွားပုတ်လေလွင့် ပြောတာမျိုးတော့ ခံရမယ်။ ယခုနှစ်အတွင်း လူမှုဆက်ဆံရေးပိုင်းမှာ “ဟန်ဆောင် ၊ သရုပ်ဆောင်ပြီး” ဆက်ဆံနေရတဲ့ ဆက်ဆံရေးမျိုးတွေ များလိမ့်မယ်။
နှစ်ချုပ် ကံကြမ္မာ ။                    ။ ယခုနှစ်အတွက် ပြိဿ ရာသီဖွားတို့၏ ကံကြမ္မာအချုပ်ကို သုံးသပ်ရမည်ဆိုလျှင် မညံ့လွန်း မကောင်းလွန်း သင့်တင့်မျှတတဲ့ အနေအထားမျိုးဘဲ ရှိတယ် ပြောရပါမယ်။ ပြောလောက်အောင် ကောင်းတဲ့ /ဆိုးတဲ့ နှစ် ဖြစ်စရာတော့ မရှိပါ။ သို့သော် ယခုနှစ်မှာ “ဟန်ဆောင်မျက်နှာဖုံး တပ်ထားရတာမျိုး” ၊ “အပူရုပ်ကို ဟန်လုပ်နေရတာမျိုး” ရှိနိုင်တယ်။ အခြေအနေ အချိန်အခါအရ ကိုယ်မနှစ်သက်သော သူများနှင့် အလုပ်ပူးတွဲ လုပ်ကိုင်ရခြင်းမျိုး ရှိဖို့များတယ်။ အမွေရဖို့ ရှိသူများ အမွေရတတ်တယ်။ တစ်ခု သတိထားရမှာက ကျန်းမာရေး ပါဘဲ။ ဒီနှစ်ထဲမှာ မမျှော်လင့်ဘဲ ကျန်းမာရေး ညံ့သွားနိုင်တယ်။ ကျန်းမာရေး ဖြစ်လာရင် ပေါ့ပေါ့ ပါးပါးနဲ့ မပြီးတတ်ဘူး။ ငယ်ရွယ်သူများထက် အသက်အရွယ် ကြီးရင့်သူများ ၊ ရောဂါ အခံရှိသူများ ပိုမို သတိထားရမယ်။ သို့သော် ဒီနှစ် အိမ်တွင်းရေး ကံကြမ္မာကို ပြန်ကြည့်မယ်ဆိုရင် “အကောင်းပြနေလို့” အလွန်ဆိုးဝါးတဲ့ အခြေအနေမျိုးတော့ မဖြစ်နိုင်ဘူးလို့ ယူဆပါတယ်။ နောက်ပြီး မကျန်းမမာဖြစ်ရင်လည်း အချိန်ကာလ မကြာရှည်တတ်ဘူးလို့ မှတ်ယူနိုင်ပါတယ်။
နေ့သားသမီးအလိုက် ကံကြမ္မာ။                    ။ ဒီနှစ်ထဲမှာ ပြိဿ ရာသီဖွားများအနက် အင်္ဂါ ၊ ကြာသပတေး ၊ သောကြာ သားသမီးများ ကံဇာတာ အနည်းငယ် ညံ့တတ်တယ်။ ကြာသပတး သားသမီးကတော့ ()လကျော်လျှင် ကံပြန်တက်လာနိုင်တယ်။ တနင်္ဂနွေ၊ တနင်္လာ ၊ ဗုဒ္ဓဟူး(ရာဟု) ၊ စနေသားသမီးများ ကံကြမ္မာ အကောင်း/အညံ့ မျှတနေတတ် ပါတယ်။
ယတြာပြုလုပ်လိုက ။                    ။ ပျက်နေတဲ့ လမ်း ၊ တံတားများ ပြင်ဆင်ပေးပါ။ ထိုလုပ်ငန်းများမှာ အလှူငွေ ထည့်ပေးပါ။ ခရီးသွားလာဖို့ အခက်အခဲ ဖြစ်နေတဲ့ သက်ကြီးဝါကြီး သံဃာတစ်ပါးကို ခရီးစားရိတ် လှူဒါန်းလိုက်ပါ။ ယခုနှစ်အတွင်း ကားအသစ် ၀ယ်မစီးပါနှင့်။ Accident ဖြစ်ဖွယ်ရှိပါတယ်။ သို့မဟုတ် ကားဝင်ပြီးတာနဲ့ ကျန်းမာရေး ညံ့လာတတ်ပါတယ်။
————————————————————————————————————————-

ကုံ ရာသီဖွားများ

aquarius (178 x 234)
Preview ။                    ။ 2013 ခုနှစ်ဟာ ကုံ ရာသီဖွားများအတွက် အဆောက်အဦးတစ်ခုကို ဒီဇိုင်းဆွဲ ပုံစံချ တည်ဆောက်ရ သလိုဘဲ ဘ၀ပုံစံ ၊ အလုပ်ပုံစံတစ်ခုကို တည်ဆောက်ရမယ့် နှစ် ဖြစ်တယ်လို့ ဆိုနိုင်တယ်။ အချိန်ယူမှု နဲ့ ကြိုးစားအားထုတ်မှု တော့ ရှိရမယ်။ အဲဒီနောက် အသီးအပွင့်ကို ခံစားရမယ်။ ဒီနှစ်ဟာ ကိုယ့်ရဲ ကိုယ်ရည်ကိုယ်သွေး နဲ့ အလုပ်ကျွမ်းကျင်မှုတွေကို ထုတ်ဖော်ပြသရမယ့် အချိန်အခါဘဲဖြစ်တယ်။ ဒီနှစ်ထဲမှာ ကိုယ့်ရဲ့ အရည်အချင်း၊ အရည်အသွေးတွေကို လူတွေသိလာမယ်။ လူသိများလာမယ်။ အသိအမှတ်ပြုလာမယ်။ ဒီနောက် ထင်ပေါ်ကျော်ကြားလာမယ်။ ဘ၀အဆင့်အတန်း ၊ အလုပ်အကိုင် အဆင့်အတန်းပါ မြင့်မားလာမယ်။ ကိုယ့်ရဲ့ သြဇာအရှိန်အ၀ါလည်း တက်လာမယ်။ ဒီနှစ်ဟာ ကုံရာသီဖွားများအတွက် ကောင်းခြင်း အဖြာဖြာ ပြည့်စုံနိုင်တဲ့ နှစ်ဖြစ်လိမ့်မယ်။ “အဆင်မပြေ ဖြစ်နေတာ ကြာပါပြီ” ဆိုတဲ့ ကံဇာတာ နိမ့်လှတဲ့ ကုံရာသီဖွားများတောင်မှ ဒီနှစ်မှာ “ထင်ပေါ်လို့ စင်တော်ကောက်” တာကို ခံရလိမ့်မယ်။ ဒါပေမယ့် ဒီနှစ်ရဲ့ ကောင်းကျိုးတွေကို ခံစားနိုင်ဖို့ ကုံရာသီဖွား တစ်ယောက်မှာ “အရည်အချင်း နဲ့ အတတ်ပညာကောင်း” တစ်ခုတော့ ရှိထားပြီးသူဖြစ်ရမယ်။ အတတ်ပညာမရှိဘဲ အရည်အချင်း အားနည်းသူကတော့ ဒီနှစ်ရဲ့ ကောင်းကျိုးတွေကို သိသိသာသာ ခံစားရမှာ မဟုတ်ဘူး။ ဒီနှစ်ဟာ ရှင်းရှင်းပြောရရင် ကုံရာသီဖွားများအတွက် “ပညာရဲရင့် ပွဲလယ်တင့်” မယ့် နှစ်မျိုးဖြစ်တယ်။ အရည်အချင်းမရှိဘဲ အချောင်ကြီးပွားမယ့် နှစ်မဟုတ်ဘူး လို့တော့ ဆိုပါရစေ။
စိတ်ပိုင်းဆိုင်ရာ ။                    ။ ဒီနှစ်အတွက် ကုံရာသီခွင်မှာ မွေးဖွားလာတဲ့ သူများမှာ စိတ်ဓာတ်တက်ကြွရွှင်လန်းနေမယ်။ စိတ်ဆုံးဖြတ်ချက်တွေ မြန်မယ်။ အရာရာကို ဟောဟောဒိုင်းဒိုင်း ပြုလုပ်လိုစိတ်များနေမယ်။ အကောင်းမြင်ဝါဒ လွန်ကဲ နေမယ်။ စိတ်ကလည်း ဆတ်ဆတ်ထိမခံဖြစ်နေမယ်။ စိတ်တို ဒေါသကြီးနေမယ်။ အလုပ်အကိုင် အကြီးကြီးတွေ လုပ်လိုစိတ် လွန်ကဲနေမယ်။ တစ်နေရာထဲမှာ ငြိမ်ငြိမ်မနေချင်ဘဲ လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွ ပြောလို လုပ်လိုစိတ်တွေ များနေလိမ့်မယ်။
စီးပွားရေး နှင့် အလုပ်အကိုင် ။                    ။ ဒီနှစ်ထဲမှာ ကိုယ်ရည်ရွယ်ထားတာဖြစ်စေ ၊ မရည်ရွယ်ဘဲဖြစ်စေ စီးပွားရေး လုပ်ငန်းပုံစံတစ်ခု ကိုယ့်ထံကို ၀င်ရောက်လာဖို့ရှိတယ်။ အနှစ်နှစ်အလလက ရည်မှန်းထားတဲ့ လုပ်ငန်းလည်း ဖြစ်ချင်ဖြစ်မယ်။ ဒီလုပ်ငန်းဟာ ကိုယ့်ရဲ့ ၀ါသနာ ၊ အရည်အသွေးနဲ့လည်း ကိုက်ညီတဲ့ လုပ်ငန်းဖြစ်လိမ့်မယ်။ အောင်မြင်အောင်လည်း လုပ်ဆောင် နိုင်လိမ့်မယ်။ အချို့သူများကြတော့ လက်ရှိလုပ်ငန်းအဟောင်းကို အသွင်သစ်၊ အမြင်သစ် ခေတ်နဲ့ လိုက်လျောညီထွေအောင် ပြင်ဆင်တိုးချဲ့နိုင်လိမ့်မယ်။ လုံးဝကွဲပြားခြားနားတဲ့ စိတ်ကူးစိတ်သန်း ဒီဇိုင်းအဆန်းတွေနဲ့ လုပ်ငန်းကို ပြင်ဆင် တိုးချဲ့နိုင်လိမ့် မယ်။ အလုပ်အကိုင်အသစ်ကို အခုမှ စ,ပြီး ရှာနေတဲ့ ငယ်ရွယ်သူများမှာလည်း ဘ၀တက်လမ်းကောင်းတဲ့ အလုပ်ကြီးအကိုင်ကြီး တွေမှာ ခံအပ်တာကို ခံရလိမ့်မယ်။ ကိုယ့်ရဲ့ အရည်အချင်းကို လိုက်ပြီး တိုးတက်သွားကြမှာဖြစ်တယ်။ ဒီနှစ်ထဲမှာ ဆောက်လုပ်ရေး လုပ်ငန်း ၊ ဗိသုကာလုပ်ငန်း ၊ အဆောက်အဦး ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်း ၊ ရေလုပ်ငန်း ၊ အရက်ဘီယာလုပ်ငန်း ၊ ဓာတုဗေဒ ဓာတ်ဆေးရည်လုပ်ငန်း ၊ ဆေးဝါးလုပ်ငန်း ၊ ဆေးကုသခြင်းလုပ်ငန်း ၊ စစ်ဘက်ဆိုင်ရာ လုပ်ငန်း ၊ စက်မှုလက်မှု လုပ်ငန်း ၊ အီလက်ထရောနစ်လုပ်ငန်း ၊ မိုဘိုင်းဖုန်းဆက်သွယ်ရေးလုပ်ငန်း စတဲ့ လုပ်ငန်းများမှာ လုပ်ကိုင်နေကြသူများ အထူးအကျိုးကျေးဇူး များနိုင်ကြတယ်။ မြန်မာနှစ်ဆန်းတစ်ရက်ကျော်လာပြီးချိန်ကစပြီး လုပ်ငန်းများ သိသိသာသာ တိုးတက်ကောင်းမွန်လာကြဖွယ် ရှိတယ်။ သို့သော် လုပ်ငန်းပြိုင်ဖက် ၊ ရန်အတိုက်အခံများကတော့ နှစ်လယ်လောက်ကစပြီး သိသိသာသာ တိုးတက်များပြား လာနိုင်တယ်။ ပြဿနာတော့ သိပ်မရှိနိုင်ပါဘူး။ ဒီနှစ် ကိုယ့်ရဲ့ ကံကြမ္မာက မြင့်မားနေတော့ ရန်သူရှိလည်း ကိုယ့်ကို လှန်နိုင်ချေ မရှိတတ်ပါ။
ငွေရေး ကြေးရေး ။                    ။ ငွေကြေးကံကတော့ အထူးကောင်းနိုင်တယ်။ မိမိလုပ်ငန်းမှ ၀င်ငွေများ တိုးတက်များပြား လာနိုင်တယ်။ လုပ်ငန်းကြီးသမားများမှာ ငွေအစုလိုက် အပုံလိုက် ၀င်ရောက်နိုင်တယ်။ အမြတ်အစွန်း အလွန်ကြီးမားမယ့် လုပ်ငန်းကြီးများကို ကိုင်တွယ်လုပ်ဆောင်ခွင့် ရရှိကြလိမ့်မယ်။ ဒီနှစ်မှာ ငွေကြေးနဲ့ ပတ်သတ်ပြီး လုံးဝစိတ်ပူစရာ မလိုတဲ့ နှစ်ဖြစ်မယ်။ ရံဖန်ရံခါ ငွေကြပ်ခြင်းများ ရှိနိုင်သော်လည်း ပြန်ဝင်ပြီဆိုရင် အဆတိုးပြီး ၀င်လာတတ်တယ်။ ဒီနှစ်ဟာ ကုံရာသီဖွား များအတွက် ငွေကြေးစုပုံ ၀င်ရောက်နိုင်တဲ့ နှစ်လို့ ဆိုရမယ်။
ပညာရေး။                    ။ ကုံရာသီဖွားများအတွက် ဒီနှစ်ဟာ ပညာရေးနှင့် ပတ်သက်ပြီး ထူးခြားစွာ အောင်မြင်တိုးတက် နိုင်တဲ့ နှစ်ဖြစ်တယ်။ နိုင်ငံရပ်ခြားများသို့ ပညာသွားရောက်သင်ကြားခွင့်မျိုး ရတတ်တယ်။ နိုင်ငံခြားမှ ပေးအပ်သော ပညာသင်ဆုများ ရရှိနိုင်တယ်။ မဟာဘွဲ့ ၊ PhD ဘွဲ့ သင်တန်းများ တက်ရောက်မည့် သူများ အဆင်ပြေစွာ တက်ရောက်သင်ကြားခွင့်ရမယ်။ ယခု နှစ်အတွက် ကုံရာသီဖွား ကျောင်းသားများဟာ အခြေခံပညာ ၊ အထက်တန်းပညာ ၊ တက္ကသိုလ်ပညာ ၊ ဘွဲ့လွန်ပညာ ၊ အလုပ်ဝင်ခွင့် စာမေးပွဲ . . . အားလုံးမှာ အခြေအနေ ကောင်းနေမယ်။ ကံကောင်းနေမယ်။
အချစ်ရေး ။                    ။ အဆင်ပြေပြီဆိုတော့ အားလုံးဘဲ ဆိုပါတော့။ အချစ်ရေး ကိစ္စတွေမှာလည်း ကံကောင်းနေမယ်။ အချစ်ရေးကိစ္စတွေမှာ ပျော်ရွှင်ရမယ်။ ရည်မှန်းချက် ပြည့်ဝမယ်။ အချစ်ရေး တောင်းခံထားသူများ ၊ အချိန်ဆွဲ ဗျူဟာနဲ့ မအီမလည် အလုပ်ခံထား ရသူများ ပျော်စရာကောင်းတဲ့ ချစ်သူရဲ့ အဖြေကို ဒီနှစ်ထဲမှာ ရတတ်တယ်။ အထီးကျန်ဘ၀နဲ့ နေရတာကြာသူများ “အစွံထုတ်” လို့ ရမယ့် နှစ်မျိုးဖြစ်တယ်။
အိမ်ထောင်ရေး။                    ။ အိမ်ထောင်ရေးကိစ္စကတော့ ဒီနှစ်မှာ အိမ်ထောင်ပြုရေး မပြုရေးနဲ့ ပတ်သက်ပြီး ဒွိဟစိတ်တွေ များနေတတ်တယ်။ စဉ်းစားဆုံးဖြတ်ရမယ့် အခြေအနေမျိုး ကြုံရတတ်တယ်။ အချို့သူများမှာ ()ဦး ()ယောက် ဘယ်သူ့ကို ရွေးရမလဲ ဆိုတဲ့ ပြဿနာမျိုးတွေလည်း ၀င်နိုင်တယ်။ ဒါပေမယ့် ကံတရားအရတော့ ဒီနှစ်ဟာ ရွေးချယ်မှု မှားဖို့ သိပ်မရှိဘူး။ ဒီနှစ်ဟာ အိမ်ထောင်ပြုမယ်ဆိုရင် ကျတတ်တဲ့ နှစ်မျိုးဖြစ်ပေမယ့် မိမိကိုယ်တိုင်က စိတ်မပြတ်သားဘဲ အချိန်ဆွဲနေတတ်တယ် ပြဿနာတော့ မရှိပါဘူး။
မိသားစု နှင့် အိမ်တွင်းရေး ။                    ။ ဒီလို စီးပွားရေး နဲ့ ငွေရေးကြေးရေးတွေ အဆင်ပြေတဲ့ နှစ်မျိုးမှာ အိမ်ထောင်ရေး မိသားစုအိမ်တွင်းရေးများဟာလည်း သာယာနေမယ်ဆိုတာ ပြောနေဖို့တောင် မလိုဘူး။ သာယာချမ်းမြေ့တဲ့ နှစ်ကလေးတစ်နှစ် ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဇနီးမောင်နှံနှစ်ဦးဟာ အိမ်ထောင်ရေး စည်းကမ်းများကိုတော့ လေးစားလိုက်နာရလိမ့်မယ်။ ငွေပေါတဲ့ နှစ်မို့အပျော်အပါးများလာရင်တော့ ပူညံပူညံ ဖြစ်လာတတ်တာကို သတိထားပါ။
ကျန်းမာရေး ။                    ။ ကျန်းမာရေးကတော့ အနည်းအပါး ချုခြာတာကလွဲလို့ ရောဂါကြီးများ မဖြစ်နိုင်တဲ့ နှစ်လို့ ဆိုရမယ်။ လူပင်ပန်း စိတ်ပင်ပန်းမှု ကြောင့် ကိုယ်ခန္ဓာ ဓာတ်()ပါးမညီဘဲ ထွေလီကာလီ ရောဂါတွေ (ခေါင်းကိုက်၊ ဗိုက်နာ ၊ အကြောတက် ၊ သွေးတိုး ၊ ညောင်းညာ) စတဲ့ ရောဂါသေးတွေသာ ဖြစ်နိုင်ချေ ရှိတယ်။ (ဒါဆို အလုပ်ပန်းတာကို အနားပိုယူဖို့ လိုပြီဆိုတာကို သတိထားရမယ်) အပန်းဖြေ ခရီးများ မကြာခဏ ထွက်ပေးသင့်တယ်။ အစားမှား ဆေးမှား ဖြစ်တတ်တယ်။
ပြည်တွင်းခရီး နှင့် နိုင်ငံခြားခရီး ။                    ။ နိုင်ငံခြားကို ခရီးသွားလာရန် စီစဉ်သူများ အဆင်ပြေချောမွေ့စွာ ထွက်ရမယ်။ ဒီနှစ် စောစောပိုင်းမှာဘဲ ထွက်ရတတ်တယ်။ နိုင်ငံခြားကို အလုပ်သွားရောက် လုပ်ကိုင်မည့်သူများလည်း အဆင်ပြေချောမွေ့စွာ ထွက်ရခြင်း ၊ နိုင်ငံခြားမှာ အလုပ်အကိုင်ကောင်းများ ရရှိခြင်းများ အကျိုးကို ခံစားရဖို့ ရှိပါတယ်။
လူမှုဆက်ဆံရေး ။                    ။ လူမှုဆက်ဆံရေးပိုင်းမှာတော့ ပြဿနာ အနည်းနဲ့အများ ရှိတတ်ပါတယ်။ ဒီနှစ်ထဲမှာ အလုပ် ပြိုက်ဘက်ပေါ်မယ်။ ရန်ပေါ်မယ်။ ကိုယ့်ကို ဗြောင်တစ်မျိုး၊ နောက်ကွယ်ကတစ်မျိုး တိုက်ခိုက်အပုတ်ချတာကို ခံရမယ်။ မိမိကိုယ် တိုင်ကလည်း ဒီနှစ်ထဲမှာ စိတ်တိုစိတ်ကြီးလွယ်မယ်။ ထစ်ကနဲရှိ ပေါက်ကွဲလွယ်မယ်။ သူများကိုလည်း မှိုချိုးမျှစ်ချိုး ပြောလိုမယ်။ ဒီတော့ အပြောခံရသူတွေက အမှတ်အတေးထားပြီး ကိုယ့်ကို ပြန်တိုက်ခိုက်မယ်။ ဒါကြောင့် ဒီနှစ် ဒေါသကို ချုပ်တည်းပါ။ “ကြမ်းကျွံ သော် နုတ်ရ၏ ၊ စကားကျွံသော် နုတ်မရ” ဆိုတဲ့ စကားကို အမှတ်ထားပေးပါ။ မလိုလားအပ်တဲ့ လူမှုရေး ပြဿနာများ ပေါ်နိုင်ချေ ရှိပါတယ်။
နှစ်ချုပ် ကံကြမ္မာ ။                    ။ ယခုနှစ်အတွက် ကုံ ရာသီဖွားတို့၏ ကံကြမ္မာအချုပ်ကို သုံးသပ်ရမည်ဆိုလျှင် အတော်လေး ကောင်းမွန်သင့်မြတ်တဲ့ အနေအထားရှိပါတယ်။ အလုပ်ကြီးအကိုင်ကြီးတွေ လုပ်ခွင့်ရမယ်။ မိမိအလုပ်ကို တိုးတက်ချဲ့ထွင်ခွင့် ရမယ်။ ကိုယ့်ကို လူသိများလာမယ်။ လေးစားခံရမယ်။ အသိအမှတ်အပြုခံရမယ်။ နာမည်တစ်လုံး လူသိများလာမယ်။ ဒါတွေကတော့ ကုံရာသီဖွား အတော်များများ ခံစားရရှိမယ့် ကံတရားတွေပါ။ အလွန့်အလွန် နည်းပါးလှတဲ့ လူနည်းစုလောက်သာ ဒီနှစ်ရဲ့ ကောင်းကျိုးတွေကို သိသိသာသာ မခံစားရဘဲ ရှိတတ်ပါတယ်။ နောက်ဆုံး ကောင်းကျိုး မခံစားရရင်တော့ ဆိုးကျိုး မရှိသလောက် နည်းနိုင်တဲ့ နှစ်တနှစ်ဖြစ်တယ်လို့တော့ ပြောနိုင်ပါတယ်။ ဒီနှစ်ဟာ ပျော်ရွှင်ခြင်း ၊ ချစ်ခြင်းမေတ္တာ ၊ အလှအပတရား နဲ့ ကျန်းမာခြင်း တို့ရဲ့ သင်္ကေတနှစ်လည်း ဖြစ်တယ်။ အတွေးအခေါ်အသစ် ၊ စိတ်ကူးသစ် ၊ ဘ၀သစ် ပုံစံများရဲ့ သင်္ကေတနှစ်လည်း ဖြစ်တယ်လို့ ဆိုနိုင်တဲ့ နှစ်လည်း ဖြစ်တယ်။ ကဲ - ဘာလိုသေးလဲ ?
နေ့သားသမီးအလိုက် ကံကြမ္မာ။                    ။ ဒီနှစ်ထဲမှာ ကုံ ရာသီဖွားများအနက် အင်္ဂါ ၊ ရာဟု ၊ သောကြာ ၊ စနေ သားသမီးများ ကံဇာတာ ပိုမိုကောင်းမွန်မှု များမယ် ။ ကြာသပတး သားသမီးကတော့ ()လကျော်လျှင် ရန်နဲနဲ များတတ်တယ်။ တနင်္ဂနွေ၊ ဗုဒ္ဓဟူး ၊ တနင်္လာ သားသမီးများ ကံကောင်းမှု နည်းနည်းလေး လျော့နိုင်တယ်။
ယတြာပြုလုပ်လိုက ။                    ။ ရေတွင်း ရေကန် အသစ်တူးဖော်ခြင်း ၊ အဟောင်းကို ဆယ်ခြင်း ပြုပြင်ခြင်း လုပ်ငန်းများမှာ အလှူငွေ ထည့်ဝင်လှူဒါန်းလိုက်ပါ။ လုံးဝပျက်စီးနေသော ရေတွင်းရေကန်များကို အသစ်ပြုပြင်ခွင့်ရလျှင် အကောင်းဆုံးဖြစ်ပါတယ်။
————————————————————————————————————————-

ဓနု ရာသီဖွားများ

sagitarus (178 x 234)
Preview ။                    ။ 2013 ခုနှစ်ဟာ ဓနု ရာသီဖွားများအတွက် မျှော်လင့်ခြင်း ၊ တောင့်တခြင်း နှင့် စိတ်ကူးယဉ်အိပ်မက် များ အကောင်အထည် ပေါ်လာနိုင်တဲ့ နှစ်ဖြစ်တယ်။ ဒီနှစ်ဟာ ဓနုရာသီဖွားများအတွက် ကံကောင်းခြင်းလက်ဆောင် အတော်များများကို ခံစားခွင့် ရရှိနိုင်မယ့် နှစ်လည်းဖြစ်တယ်။ ဧပြီလ ၊ မေလ ၊ ဇွန်လများဟာ ဆိုရင် ဓနုရာသီဖွား အတော်များများအတွက် ကံကောင်းခြင်းလက်ဆောင်ကို ခံစားရရှိနိုင်မယ့် လ, တွေဖြစ်တယ်။ များသောအားဖြင့် ဒီနှစ်မှာ ဓနုရာသီဖွားများအနက် အသက်အရွယ် ငယ်ရွယ်သူများ ၊ ဆရာသမား အကြီးအကဲ နေရာမှာ ရောက်ရှိနေသူများ ၊ ရဟန်းသံဃာ နှင့် သာသနာရေး ဆိုင်ရာ ပုဂ္ဂိုလ်များမှာ ထူးခြားတဲ့ ကံအကျိုးပေးမှုကို ပိုမိုခံစားရရှိကြရမှာဖြစ်တယ်။ လူပျိုအပျိုများ “စန်း” အလွန် ထ, မယ့်နှစ်ဖြစ်ပြီး အချစ်ရေး များမှာ ကံကောင်းစွာနဲ့ အဆင်ပြေကြလိမ့်မယ်။ အသက်အရွယ် ကြီးရင့်နေသူများ နဲ့ နာတာရှည် ရောဂါရှိသူများအတွက်တော့ သိပ်ကံကောင်းမယ့် နှစ်လို့ မဆိုနိုင်ပြန်ဘူး။ လူငယ်တွေအတွက်တော့ ကံကောင်းမှု များလိမ့်မယ်။
စိတ်ပိုင်းဆိုင်ရာ ။                    ။ ဒီနှစ်အတွက် ဓနုရာသီခွင်မှာ မွေးဖွားလာတဲ့ သူများမှာ စိတ်လန်းဆန်း ပျော်ရွှင်မှုတွေ ပိုမို ဖြစ်ပေါ်နေလိမ့်မယ်။ တီထွင်ဖန်တီးလိုတဲ့စိတ် နဲ့ အနုပညာအရည်အသွေးတွေ မြင့်မားနေလိမ့်မယ်။ နူးညံ့သိမ်မွေ့ခြင်း နဲ့ ကြင်နာ သနားတတ်ခြင်းဆိုတဲ့ စိတ်ကောင်းလေးတွေလည်း ဒီနှစ်ထဲမှာ များပြားနေတတ်တယ်။ ဒါဟာ ကောင်းတဲ့ လက္ခဏာဘဲ မဟုတ်လား။ ဒီနှစ်အတွက် ကံကောင်းခြင်းကို ခံစားရမယ့် သူများမှာ စိတ်ကောင်းတွေ များပြားနေလိမ့်မယ်။ ငယ်ရွယ်သူများမှာလည်း ချစ်စိတ်ချစ်သွေးတွေ များပြားနေတတ်ပြီး စိတ်ကူးယဉ်အိပ်မက်များ နဲ့ ပျော်ရွှင်နေတတ် တဲ့ နှစ်မျိုးလည်း ဖြစ်တယ်။
စီးပွားရေး နှင့် အလုပ်အကိုင် ။                    ။ ဒီနှစ်ထဲမှာ တီထွင်ဖန်တီးတတ်တဲ့ စိတ်ကူးဉာဏ် ကွန့်မြူးမှု များနေတာကြောင့် အလုပ်သစ် အကိုင်သစ်တွေဖြစ်ဖြစ် ၊ လက်ရှိအလုပ်ကို ပြုပြင်မွမ်းမံ ချယ်မှုန်းတာမျိုးဖြစ်ဖြစ် ဖြစ်နိုင်တယ်။ ဒီနှစ်မှာ အလုပ်အကိုင် အခွင့်အရေးအတွက် ဘာမှ ပူစရာ မလိုဘူးလို့ ဆိုနိုင်တယ်။ အားလုံး သူ့ဟာနဲ့သူ အဆင်ပြေပြေ ဖြစ်သွားလိမ့်မယ်။ လက်ရှိ အလုပ်ကို လုပ်မြဲလုပ်နေသူဖြစ်ဖြစ် ၊ အလုပ်အသစ်ကို ရှာဖွေနေသူဖြစ်ဖြစ် ၊ ကိုယ်ပိုင်လုပ်ငန်းသစ်တစ်ခုကို တည်ထောင်မယ်လို့ ပြင်ဆင်နေသူဖြစ်ဖြစ် အားလုံး သူ့ဟာနဲ့သူ အဆင်ပြေကြလိမ့်မယ်။ အဖွဲ့အစည်းတစ်ခုကို ဦးဆောင်နေသူဖြစ်ရင် ဒီနှစ်မှာ ထက်မြက်တဲ့ ခေါင်းဆောင်တစ်ယောက်လို့ အသိအမှတ်ပြုခံရလိမ့်မယ်။ အနုပညာနှင့် ပတ်သက်နေသော လုပ်ငန်းလုပ်ကိုင် နေသူများ ၊ အနုပညာရှင်များအတွက် ထူးခြားအောင်မြင်တဲ့ နှစ်တနှစ် ဖြစ်လိမ့်မယ်။ ဖက်ရှင် ဒီဇိုင်း ဆိုင်ရာ လုပ်ငန်းများမှာ လုပ်ကိုင်နေကြသူများလည်း ခေတ်မှီဆန်းပြားပြီး လူကြိုက်များတဲ့ ဒီဇိုင်းများ တီထွင်ဖန်တီးနိုင်မှုကြောင့် အောင်မြင်မှု ရလိမ့်မယ်။ အနုပညာနှင့် ပတ်သက်နေသော လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းနေသူ အတော်များများ ယခုနှစ်ဟာ ကံကောင်းသော နှစ်ဖြစ်မယ်။ နာမည်တစ်လုံးဖြင့် အသက်မွေးသူများ အလွန်နာမည်ကြီးနိုင်တဲ့ နှစ်ဖြစ်တယ်။ အခြား တိုးတက်မှု များပြားနိုင်တဲ့ လုပ်ငန်းများကတော့ ဟော်တယ် နှင့် ခရီးသွားလုပ်ငန်း ၊ အမျိုးသမီး အလှအပ ဆိုင်ရာ ပစ္စည်းများ ထုတ်လုပ်ရောင်းဝယ်ခြင်း လုပ်ငန်း ၊ လှောင်ကုန်လုပ်ငန်း ၊ ရေ နှင့် ရေထွက်ပစ္စည်း ဆိုင်ရာ လုပ်ငန်း ၊ သတ္တု တူးဖော်ခြင်း လုပ်ငန်း ၊ သတ္တုပစ္စည်းများ ထုတ်လုပ်ရောင်းဝယ်ခြင်း လုပ်ငန်းများ ၊ ထီ လုပ်ငန်း . . . စတဲ့ လုပ်ငန်းများ လုပ်ကိုင် သူများလည်း အကျိုးများကြမယ်။
ငွေရေး ကြေးရေး ။                    ။ ငွေကြေးကတော့ ဒီနှစ်မှာ အ၀င်လည်း များမယ်။ အထွက်လည်း များမယ်။ ၀င်သလောက် ကုန်ပြီး ၊ ကုန်သလောက် ပြန်ဝင်မယ်။ ပြောနိုင်တာ တစ်ခုက ဒီနှစ်မှာ ငွေကြေးကိစ္စအတွက် သိပ်ပူစရာ မလိုပါ။ ဒါပေမယ့် ဒီနှစ်မှာ “လောင်းကစား” ကိစ္စကိုတော့ အားမပေးပါ။ “လောင်းကစား” ကြောင့် ပြန်မဖတ်ဆည်မရလောက်အောင် အဆုံးအရှုံးများနိုင်တယ်။ ကျန်လုပ်ငန်းများကတော့ မရှိ မရှားဖြစ်နေမယ်။ သို့သော် ငွေကြေးကို အလွန်အကျွံ ချေးငှားထားသူများ ၊ ချေးယူထားသူများ မှာတော့ မနိုင်ဝန်ကြောင့် အခက်အခဲဖြစ်စေလိမ့်မယ်။ နှစ်ဦးနှစ်ဘက်ကြား အမှုအခင်း နဲ့ ပြဿနာတွေ ပေါ်ပေါက်နိုင်တယ်။
ပညာရေး။                    ။ ဓနုရာသီဖွားများအတွက် ပညာရေးကံ အလွန်ကောင်းနိုင်ပါတယ်။ အလုပ်တိုးတက်ရေး ၊ ရာထူးတိုးတက်ရေး များနှင့် ဆက်နွယ်နေသော ပညာရေးကံ ပိုကောင်းပါတယ်။ ငယ်ရွယ်သူ အလယ်တန်း ၊ အထက်တန်း ပညာရေးများ ဆည်းပူးနေသူများလည်း ကံကောင်းသော ပညာရေးနှစ်ဖြစ်ပါမယ်။ သို့သော် အချစ်ရေးကို ဦးစားပေးလွန်း သူများ ပညာရေး နောက်ကောက်ကျလိမ့်မယ်။
အချစ်ရေး ။                    ။ ဒီနှစ်ဟာ ဓနုရာသီဖွားများအတွက် အချစ်ရေး မြှားနတ်မောင် ကိုယ့်အနားမှာ တစ်ဝဲ၀ဲလည် နေမယ့် နှစ်မျိုးဖြစ်တယ်။ အချစ်ရေး အချစ်ရာတွေမှာ အဆင်ပြေမှု များမယ်။ စိတ်ကူးယဉ် အိပ်မက်တွေ အကောင်အထည် ပေါ်လာမယ်။ ချစ်သူမရှိသေးသူများအတွက် ချစ်သူရနိုင်တဲ့ နှစ်ဖြစ်တယ်။ ဒါပေမယ့် ချစ်သူရှိပြီးသား အချို့သော ဓနုရာသီဖွားများမှာ ကိုယ့်ချစ်သူက ရက်ရက်စက်စက် သစ္စာဖောက်ခံရတာမျိုး ဖြစ်ကိန်းရှိတယ်။ စွန့်ပစ်ခံရကိန်း ရှိတယ်။ ဒါကြောင့် ဒီနှစ်ဟာ အချစ်ရေး ကိစ္စတွေမှာ ချစ်သူမရှိသေးသူတွေအတွက်တာ ကောင်းတာမျိုးဖြစ်ပြီး ချစ်သူစုံတွဲများ အထူးသတိထား နေရမယ့် နှစ်မျိုးလည်း ဖြစ်တယ်။
အိမ်ထောင်ရေး။                    ။ ဒီနှစ်ဟာ အိမ်ထောင်ပြုလိုသူများအတွက် အခက်အခဲ အလွန်များနိုင်တယ်။ အဓိကကတော့ ငွေရေးကြေးရေး ပြဿနာ ဖြစ်နိုင်တယ်။ လက်ထပ်ဖို့ ရက်တွေ ရွှေ့ဆိုင်းရတာမျိုး ဖြစ်လိမ့်မယ်။ လက်ထပ်ဖို့ ကိစ္စအတွက် ကိုယ့်ကိုယ်ကို ယုံကြည်ချက် နည်းနေမယ်။ မစွန့်စားဝံ့ ဖြစ်နေမယ်။ ပူပင်သောကတွေ များနေလိမ့်မယ်။ လက်ထပ်ဖြစ်ရင်တောင် မှ အခက်အခဲများစွာနဲ့ လက်ထပ်ရတတ်တယ်။
မိသားစု နှင့် အိမ်တွင်းရေး ။                    ။ မိသားစုအတွင်းမှာ “ကျန်းမာရေး” ကိစ္စ ဂရုပြုရမယ့် နှစ်ဖြစ်တယ်။ အသက်အရွယ် ကြီးရင့်နေသူများ ရှိရင် ကျန်းမာရေး သတိထားပါ။ သားသမီးနဲ့ ပတ်သက်ပြီး အပူသောက တွေ့ရတတ်တဲ့ နှစ်မျိုးဖြစ်တယ်။ သားသမီးကိစ္စအတွက် အမှုအခင်းဖြစ်ဖွယ် ရှိတာကို သတိထားရမယ်။ ကိုယ်တိုင်လည်း အမှုအခင်းတစ်ခုခုထဲမှာ ၀င်ပါရတတ်ကိန်း ရှိတတ်ပါတယ်။
ကျန်းမာရေး ။                    ။ ဓနုရာသီဖွား ငယ်ရွယ်သူများမှာ ကျန်းမာရေး အထူးစိုးရိမ်စရာ မရှိပေမယ့် အသက်အရွယ် ကြီးရင့် နေသူများ ၊ နာတာရှည် ရောဂါ အခံရှိသူများ ကျန်းမာရေး အထူးဂရုပြုရမယ့် နှစ်ဖြစ်ပါတယ်။ ရောဂါတိုးတတ်ပါတယ်။ အစာအိမ် ၊ အူလမ်းကြောင်း ၊ သားအိမ် ၊ ရေဖျဉ်း ၊ အသည်း ၊ ကျောက်ကပ် နှင့် စအိုဝန်းကျင်တွင် ဖြစ်သော ရောဂါများ သတိထားပါ။
ပြည်တွင်းခရီး နှင့် နိုင်ငံခြားခရီး ။                    ။ ပြည်တွင်းခရီး သွားလာရမှုများမှာ အခက်အခဲ ၊ ဘေးဥပဒ်များ အနည်းငယ် ကြုံရဖွယ် ရှိပေမယ့် နိုင်ငံခြားခရီးများ အဆင်ပြေ တတ်ပါတယ်။ နိုင်ငံရပ်ခြားကနေ အာမခံ(စပွန်ဆာ)နဲ့ ခေါ်ယူခံခွင့် လျှောက်ထား သူများ အဆင်ပြေတတ်တယ်။ နိုင်ငံရပ်ခြားသို့ အပြီးအပိုင် ပြောင်းရွှေ့ခြင်း ကိစ္စများ အဆင်ပြေတတ်တယ်။ အမေရိကန်နိုင်ငံသား ဖြစ်ခွင့် ကံစမ်းမဲ ပေါက်တတ်တယ်။
လူမှုဆက်ဆံရေး ။                    ။ လူမှုဆက်ခံရေးပိုင်းမှာ ဒေါသနဲ့ မခံချင်စိတ် အားကြီးမှုတို့ကြောင့် ပြဿနာ အနည်းနှင့် အများ ကြုံတတ်တယ်။ အမှိုက်ကစ ပြဿာဒ်မီးလောင် ဖြစ်တတ်တာကို သတိထားပါ။ ဖြစ်လာရင် ကိုယ်က ရှုံးဖို့ များတယ်။ ဒါကြောင့် လူမှုရေး ပြဿနာများ မဖြစ်အောင် သတိထားပါ။ ဖြစ်ရင် ကိုယ်ကသာ နာလိမ့်မယ်။ သာစရာ မရှိ။
နှစ်ချုပ် ကံကြမ္မာ ။                    ။ ယခုနှစ်အတွက် ဓနု ရာသီဖွားတို့၏ ကံကြမ္မာအချုပ်ကို သုံးသပ်ရမည်ဆိုရင်တော့ စီးပွားရေး ၊ အလုပ်အကိုင် နှင့် ကံကြမ္မာ အခွင့်အလမ်းများနှင့် ပတ်သက်ပြီး ကံကောင်းမှု များနိုင်ပါသည်။ သို့သော် ချစ်သူ စုံတွဲများ နှင့် အိမ်ထောင်ရေး ၊ အိမ်တွင်းရေးများမှာ အပူသောက များနိုင်ဖွယ် ရှိပါတယ်။ လူမှုရေး နယ်ပယ်မှာလည်း အဆင်မပြေသော အဖုအထစ်များ ရှိနိုင်ပါတယ်။ ယခုနှစ်အတွက် နာမည်ကျော်စောကိန်း ရှိသလို ၊ အမှုအခင်းဖြစ်ကိန်း နှင့် နာမည်ပျက်ကိန်းလည်း ရှိနေနိုင်ပါတယ်။ ဓနုရာသီဖွား လူဦးရေ သန်းထောင်နဲ့ ချီပြီး ရှိတာမို့ အားလုံးရဲ့ ကံကြမ္မာကတော့ တစ်ထပ်တည်း မကျနိုင်ပါ။ သို့ဖြစ်၍ ယခုနှစ်မှာ ကံကောင်းမှုကို အများဆုံး ရမည့် သူများဟာ အသက်အရွယ် ငယ်ရွယ်သူများ ၊ ဆယ်ကျော်သက်များ ၊ ပညာတတ်ပုဂ္ဂိုလ်များ ၊ အသိပညာရှင် အတတ်ပညာရှင်များ ၊ ဘာသာရေး အကြီးအကဲများ ၊ ၀ိနည်းနှင့် ညီသော ရဟန်းတော်များ ၊ ကြင်နာသနားစိတ်မွေးသူများ ၊ မေတ္တာတရား ကြီးမားသူများ ဖြစ်ပါတယ်။ အသက်အရွယ် ကြီးရင့်သူများ ၊ ဒေါသကြီး စရိုက်ကြမ်းသူများ ၊ ငါတစ်ကော ကော သူများ ၊ မလည်ရှုတ် ပုံစံဖြင့် အလုပ်လုပ်နေသူများ ၊ ဥပဒေမကင်းသော အသက်မွေးမှု ရှိသူများ ၊ ငွေကြေး ချေးငှားထားသူများ ၊ ကိုယ် မဆပ်နိုင်သောငွေကို ချေးယူထားသူများ ကံကောင်းမှုများ ရနိုင်ဖွယ် မရှိပါ။ လူဦးရေအားဖြင့် တစ်ဝက်ကောင်း ၊ တစ်ဝက်ဆိုးခန့် ရှိပါမည်။ (အခြားရာသီဖွားများတွင် ဤကဲ့သို့ ရေးသားထားခြင်း မရှိပါ)
နေ့သားသမီးအလိုက် ကံကြမ္မာ။                    ။ ဒီနှစ်ထဲမှာ ဓနု ရာသီဖွားများအနက် တနင်္ဂနွေ ၊ တနင်္လာ ၊ ဗုဒ္ဓဟူး နှင့် သောကြာ သားသမီးများ ကံဇာတာ ပိုမိုကောင်းမွန်မှု များမယ် ။ ကြာသပတေး သားသမီးကတော့ ပထမ ()လမှာ ကောင်းတတ်ပြီး ဒုတိယ ()လမှာ ညံ့တတ်တယ်။ အင်္ဂါ သားသမီးများ ညံ့တယ်ပြောရမယ်။ စနေ နှင့် ရာဟု သားသမီးများ ပထမ ပိုင်း အညံ့ကြုံပြီး နောက်ပိုင်းပြန်ကောင်းလာတာမျိုး ဖြစ်တတ်တယ်။
ယတြာပြုလုပ်လိုက ။                    ။ အရိပ်ရ သစ်ပင် စိုက်ပျိုးခြင်း အလှူ ၊ ဆေးရုံများတွင် ဂျိုင်းထောက် (သို့) (Wheel Chair) အလှူ များ ပြုလုပ်ခွင့်ရလျှင် ပြုလုပ်ပေးပါ။ သီလနှင့် အထူးပြည့်စုံသော ထေရ်ကြီးဝါကြီး သံဃာတော်ကြီးတစ်ပါးအား ကျောင်း ၊ သင်္ကန်း ၊ ဆွမ်း ၊ ဆေး အလှူများ ပြုလုပ်ပေးပါ။
————————————————————————————————————————-

သိဟ် ရာသီဖွားများ

leo (178 x 234)
Preview ။                    ။ 2013 ခုနှစ်မှာ သိဟ်ရာသီဖွားများအတွက် ဆုံးဖြတ်ရ ခက်ခဲတဲ့ အခြေအနေတွေကို မကြာခဏ တွေ့ရဖွယ် ရှိပါတယ်။ လမ်းနှစ်သွယ် ရွေးချယ်ရမယ့် ကိစ္စမျိုး တွေကြံလာနိုင်တယ်။ ပညာရေး ၊ အချစ်ရေး ၊ အလုပ်အကိုင် နဲ့ ဘ၀ရည်မှန်းချက်ပိုင်း ဆိုင်ရာ တစ်ခုမဟုတ် တစ်ခုမှာ ဘယ်လမ်းလိုက်ရမလဲ ဆိုတဲ့ ရွေးချယ်မှုတွေ ကြုံနိုင်တယ်။ ဒါပေမယ့် အေးအေးဆေးဆေး သေသေချာချာ ရွေးချယ်ခွင့်ရသလား ဆိုတော့လည်း မရဖို့ များတယ်။ များသောအားဖြင့် ကတိုက်ကရိုက် နဲ့ ဆုံးဖြတ်လုပ်ကိုင်လိုက်ရတာက များလိမ့်မယ်။ ဒါကြောင့် မိမိရွေးချယ်လိုက်တဲ့လမ်း မှားများမှားနေမလား ဆိုတဲ့ စိုးရိမ်သောက တွေလည်း ဖိစီးမယ့် နှစ်ဖြစ်တယ်။ သို့သော် ဒီနှစ်ထဲမှာ လုပ်ငန်းတစ်ခုကို စတင်တည်ထောင်ဖို့ စိတ်ကူးမျှော်မှန်းထားသူများ လုပ်ငန်းသစ် ဘ၀သစ်ကိုလည်း တည်ဆောက်နိုင်လိမ့်မယ်။ သို့သော် စိတ်ထဲမှာ တစ်ထင့်ထင့်နဲ့ ကိုယ့်ရွေးချယ်မှု လမ်းကြောင်း အပေါ်မှာ သံသယ ဖြစ်နေတတ်တယ်။ ဒီနှစ်တစ်နှစ်လုံး လုပ်သမျှ အလုပ်တွေဟာ ချောချောမွေ့မွေ့မရှိလှဘဲ အခက်အခဲ များနေ တတ်တယ်။ ရန် အတိုက်အခံ များနေတတ်တယ်။ စိတ်ပျက်ခြင်း နဲ့ စိတ်ဓာတ်တက်ကြွခြင်းများ တလှည့်စီဖြစ်နေတတ်တဲ့ နှစ်မျိုး ဖြစ်လိမ့်မယ်။
စိတ်ပိုင်းဆိုင်ရာ ။                    ။ ဒီနှစ်မှာ ဆုံးဖြတ်ရခက်ခဲ့ အခြေအနေတွေ မကြာခဏ ကြုံတွေ့ဖွယ် ရှိပေမယ့် တကယ်တန်းကျတော့ သေသေ ချာချာ မစဉ်းစားဘဲ ရုတ်တရက် ဆုံးဖြတ်ပြီး ထ, လုပ်မိတတ်တယ်။ တစ်ချို့ ကိစ္စတွေမှာတော့ “ကြက်ကန်းဆန်အိုးတိုး”ပြီး မှန်နေမယ်။ တစ်ချို့ကိစ္စတွေမှာတော့ အမှားကြုံတတ်တယ်။ တစ်နှစ်လုံး ပျှမ်းမျှ ချကြည့်ရင် မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေက များနေတတ်တယ်။ ဒီအတွက် နောင်တ တရားတွေ ၊ ယူကြုံးမရ ဖြစ်မှုတွေ ဖြစ်ပေါ်ခံစား နေတတ်တယ်။
စီးပွားရေး နှင့် အလုပ်အကိုင် ။                    ။ ဒီနှစ်ထဲမှာ စီးပွားရေး အလုပ်အကိုင်တွေ ရုတ်တရက် ပြောင်းလဲသွားမှုမျိုး ကြုံရဖွယ် ရှိတယ်။ အပြောင်းအလဲဟာ မိမိဆန္ဒမပါဘဲ ဖြစ်တတ်တယ်။ များသောအားဖြင့် ပတ်ဝန်းကျင်အခြေအနေ ၊ ခေတ်စနစ် အခြေအနေ ပြောင်းသွားခြင်းနဲ့ အတူ လိုက်ပါပြောင်းလဲရခြင်းမျိုး ဖြစ်ဖွယ် ရှိတယ်။ ဒီအချိန်မှာ ကိုယ်ဘာဆက်လုပ်ရမလဲ ဆိုတာ ဆုံးဖြတ်ရမယ့် အခြေအနေမျိုး ပေါ်ပေါက်နိုင်တယ်။ အကြံပေးလိုတာကတော့ အပြောင်းအလဲကို မဆန့်ကျင်ဘဲ အပြောင်းအလဲ နဲ့ အတူ လိုက်ပါ ရွေ့လျားသွားတတ်ဖို့ ဖြစ်တယ်။ ကိုယ့်ရဲ့ အဆင့်ဟာ ယခင်ထက် ပိုကျချင် ကျသွားလိမ့်မယ်။ ဒါပေမယ့် လက်ခံတတ်ဖို့ လိုတယ်။ နောက်မှ ပြန်လည်ပြီး ယခင်အဆင့်ကို ပြန်ရောက်အောင် ကြိုးစားသင့်တယ်။ (ပြန်ရောက်ဖို့လည်း အခြေအနေရှိတယ်) ယခုနှစ်ဟာ သိဟ်ရာသီဖွားများအတွက် အလုပ်ကို အားသွန်ခွန်စိုက် လုပ်ကိုင် ရမယ့် နှစ်မျိုးဖြစ်တယ်။ ဇိမ်နဲ့ နှပ်နေရမယ့် နှစ်မျိုးမဟုတ်ပါ။ ကြိုးစားရမယ် ၊ ကိုယ့်လုပ်ငန်းအပေါ်မှာ အာရုံစူးစိုက်မှု အပြည့်ထား ရမယ်။ ဒီနှစ်ဟာ “ကိုယ်စိုက်ပျိုးခဲ့သမျှကို ရိတ်သိမ်းရမယ့်နှစ်” မျိုးဖြစ်လို့ ကြိုးစားအားထုတ်မှု များသူများ အကျိုးပေးထက်သန်ပြီး ပျင်းရိသူများ ၊ အချောင်လမ်းစဉ်လိုက်သူများအတွက်တော့ အကျိုးပေး ကောင်းမွန်မည် မဟုတ်ပါ။ ကိုယ်စိုက်ပျိုးခဲ့သလောက်ဘဲ ပြန်လည်ရိတ်သိမ်းရပေလိမ့်မယ်။ ဒီနှစ်အတွက် ကြိုးပမ်းလုံ့လ ၀ီရိယတို့နှင့် ပြည့်စုံသော သိဟ်ရာသီဖွားများအတွက် တောက်ပတဲ့ ကံအကျိုးပေးမှု ရှိတယ်လို့ ဆိုရမယ်။ ယခုနှစ်အတွင်း ခေတ်နှင့် အမှီ လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းများ ၊ ကွန်ပျူတာ အင်တာနက် လုပ်ငန်းများ ၊ မိုဘိုင်းဖုန်း နှင့် ဆက်သွယ်ရေး လုပ်ငန်းများ ၊ ခေတ်မှီနည်းစနစ်များကို အသုံးချ လုပ်ကိုင်သော စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ ၊ အစားအသောက် ထုတ်လုပ်ရောင်းချသူများ ၊ စားသောက်ဆိုင်လုပ်ငန်းများ ၊ အုပ်ချုပ်ရေး ၊ စီမံခန့်ခွဲရေး လုပ်ငန်းများတွင် လုပ်ကိုင်နေသူများ အကျိုးပေးကောင်းမွန်တတ်ကြမယ်။ လုပ်ငန်းတိုးတက်မယ်။
ငွေရေး ကြေးရေး ။                    ။ သိဟ်ရာသီဖွားများအတွက် ယခုနှစ် ငွေကြေးကံ အကောင်းဖက်မှာ မရှိပါ။ ငွေကြေး ပျောက်ဆုံးခြင်း ၊ လိမ်လည်ခံရခြင်း ၊ ခိုးဝှက်ခံရခြင်း ၊ မိမိရရန်ရှိသော ငွေများ ပြန်မရခြင်း ၊ မိမိပေးရန် ရှိသော ငွေများ ပြန်မဆပ် နိုင်ခြင်းများကို သိဟ်ရာသီဖွား (အတော်များများ) ကြုံရဖွယ် ရှိပါတယ်။ ယခုနှစ်ဟာ သိဟ်ရာသီဖွားများအတွက် “ငွေကြေးနှစ်” မဟုတ်ပါ။ အချို့ ငွေကြေးချမ်းသာသူများ၌ပင် ယခုနှစ်မှာ ကြံကြံဖန်ဖန် ငွေကြပ်နေတတ်ပါတယ်။ ကြံကြံဖန်ဖန် အကြွေးတင် နေတတ်ပါတယ်။ သို့သော် ဘဏ်များမှ နှစ်ရှည်ချေးငွေဖြင့် ငွေချေးယူမည့်သူများ မိမိလိုအပ်ငွေကို အဆင်ပြေစွာ ချေးယူရရှိ နိုင်ပြီး မိမိရည်ရွယ်ထားတဲ့ လုပ်ငန်းများကို စတင် လုပ်ကိုင်နိုင်မှာဖြစ်လို့ နှစ်ရှည် ငွေချေးလိုသူများအတွက် ကောင်းတယ်လို့ ဆိုရမလားဘဲ။ ဘာဘဲ ဖြစ်ဖြစ် ဒီနှစ်မှာ သိဟ်ရာသီဖွားများ ငွေကြေးအတွက် တနည်းနည်းနဲ့ “အပူသောက” ရှိရမည့် နှစ်ဖြစ်တယ် ဆိုရမယ်။
ပညာရေး။                    ။ သိဟ်ရာသီဖွားများအတွက် ပညာရေးကံ ကောင်းသည်ဟု ဆိုနိုင်သော်လည်း “တစ်ပိုင်းတစ်စ ၊ တို့လို့တန်းလန်း” ဖြစ်ရမယ့် ကိစ္စတွေလည်း ရှိတယ်။ ဒီတော့ အပြည့်အ၀ ကံကောင်းသည် မဆိုနိုင်ပါ။ Further Study လုပ်မယ့် သူများ ၊ နိုင်ငံရပ်ခြားသို့ ပညာသင်စားရိတ်ဖြင့် ပညာသင်သွားမည့်သူများ ပညာဆက်သင်ရေး ကိစ္စ နှေးကွေးလေးလံတတ်ဖွယ် ရှိတယ်။ အထက်တန်း ပညာရေး (၁၀)တန်း ဖြေဆိုမည့် သူများအတွက်တော့ ပြဿနာ မရှိပါ။ ကြိုးစားသလောက် အောင်မြင်မည့် ဖြစ်ပါတယ်။ ခြေချော်လက်ချော် ဖြစ်ဖွယ် မရှိ။ မိမိစိုက်ပျိုးထားသလောက် ရိတ်သိမ်းရပေမည်။
အချစ်ရေး ။                    ။ ဒီနှစ်ဟာ သိဟ်ရာသီဖွားများအတွက် ယခုနှစ်မှာ အချစ်ရေးကိစ္စ ဆုံးဖြတ်ရန် ခက်ခဲသော ကိစ္စများ ကြုံဖွယ်ရှိတယ်။ အရွေးချယ် ခက်သော အခြေအနေများ ကြုံနိုင်တယ်။ ချစ်သူရှိသူများ မရိုးမသား ပြုမူခြင်း ၊ သစ္စာဖောက်ခံရခြင်း မျိုး ကြုံတွေ့နိုင်ပြီး တစ်ချို့သော သိဟ်ရာသီဖွားများမှာ မရိုးမသား ပြုမူသူက ကိုယ်တိုင်ဖြစ်နေတာလည်း ရှိမယ်။ ယခုနှစ်မှာ အချို့သော သိဟ်ရာသီဖွားများအတွက် အချစ်ရေး ကိစ္စဟာ တနှစ်တာလုံးမှာ အရေးအကြီးဆုံး ကိစ္စတစ်ခု ဖြစ်လာနိုင်ချေ ရှိတာ ကို သတိပြုပါ။ ဘ၀တစ်ခုလုံး ပြောင်းလဲသွားနိုင်လောက်အောင် အရေးပါတဲ့ ကိစ္စ ဖြစ်လာနိုင်တယ်။
အိမ်ထောင်ရေး။                    ။ ဒီနှစ်ဟာ အိမ်ထောင်ပြုလိုသူများအတွက်လည်း ဘ၀မှာ အရေးကြီးတဲ့ Turning Point တစ်ခု ဖြစ်လာဖွယ် ရှိတယ်။ အိမ်ထောင်ပြုဖို့အရေး ရွေးချယ်မှုတွေ များနေတတ်တယ်။ စိတ်အလွန် ရှုတ်ထွေးရမယ်။ “ဦးနှောက် နဲ့ နှလုံးသား လွန်ဆွဲရဖွယ်” ရှိတယ်။ မိဘ သဘောတူသူ နှင့် မိမိနှစ်သက်သူတို့အကြားမှာ အားပြိုင်မှုတွေ ဖြစ်မယ်။ ဘယ်ဘက်ကို လိုက်ရင် ကောင်းမယ်ဆိုတာ တစ်ဦးခြင်းရဲ့ ကံကြမ္မာနဲ့ ဆိုင်လို့ ဒီနေရာမှ အကြံပေးမရပါ။ အိမ်ထောင်ရေး ကံကောင်းမည့်သူများ ကတော့ မှန်ကန်တဲ့ ရွေးချယ်မှုကို ပြုမိလိမ့်မယ်။ ကံညံ့မည့် သူများကတော့ မှားယွင်းရွေးချယ်မိတတ်ပါတယ်။
မိသားစု နှင့် အိမ်တွင်းရေး ။                    ။ မိသားစု နဲ့ အိမ်တွင်းရေးတွေမှာ အခက်အခဲ ပြဿနာများ နဲ့ ကြုံရမယ့် လ, ပိုင်း အနည်းငယ်ရှိပေမယ့် တနှစ်လုံးအနေနဲ့ ပြောရရင် သိပ်အဆိုးမရှိနိုင်ပါ။ မိသားစုအရေး ၊ အိမ်တွင်းရေးများ ယေဘူယျ ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။
ကျန်းမာရေး ။                    ။ သိဟ်ရာသီဖွားအတွက် ယခုနှစ်မှာ ကျန်းမာရေး ခြူချာနေမယ်။ တရှောင်ရှောင် ဖြစ်နေတတ်တယ်။ နဂိုက ကျန်းမာရေး အားနည်းသူများ ဂရုပြုပါ။ သို့သော် ဆိုးဆိုးဝါးဝါး ဖြစ်လောက်စရာ မရှိပါ။ ရာသီအပြောင်းအလဲများမှာ ဖြစ်တတ်သော တုတ်ကွေး ၊ အအေးမိ ၊ နှာစေးချောင်းဆိုး ရောဂါများ ဖြစ်ဖွယ် ရှိပါတယ်။ ခါးနာခြင်း ၊ အရိုးအဆစ်ကိုက်ခဲခြင်း ၊ ဂေါက်ရောဂါ ၊ ခေါင်းကိုက်ခြင်း ၊ နှလုံးအားနည်းခြင်းများ သတိပြုပါ။
ပြည်တွင်းခရီး နှင့် နိုင်ငံခြားခရီး ။                    ။ ပြည်တွင်းခရီးအတွက် ထူးခြားတဲ့ အခြေအနေမျိုး မတွေ့ပေမယ့် နိုင်ငံရပ်ခြား ခရီးကံ အားကောင်းနေပါတယ်။ ထို့ကြောင့် နိုင်ငံခြားသို့ ထွက်ခွာမည့် သူများ အဆင်ပြေတတ်ပါတယ်။ အထူးသဖြင့် အလုပ်အကိုင် သွားရောက်လုပ်ကိုင်ရန် ထွက်ခွာမည့်သူများ ပိုမိုအဆင်ပြေ ချောမွေ့ဖွယ် ရှိပါတယ်။ သို့သော် ယခုနှစ်ဟာ လူပင်ပန်းရမယ့် နှစ်ဖြစ်လို့ နိုင်ငံခြားအလုပ်ဟာ အလွန်ပင်ပန်းတဲ့ အလုပ်နေရာမျိုးမှာ လုပ်ရဖွယ် ရှိပါတယ်။
လူမှုဆက်ဆံရေး ။                    ။ လူမှုဆက်ဆံရေးပိုင် ထူးခြားတဲ့ ပြဿနာကြီးများ မရှိနိုင်ပါ။ လူမှု ဆက်ဆံရေး တိုးတက်ကောင်းမွန်ဖွယ်သာ ရှိပါတယ်။ သို့သော် ကတိပေးပြီး ကတိက၀တ်များ ပျက်ကွက်မှုကြောင့် အထင်လွဲခံရခြင်း ၊ အထင်သေးခံရခြင်းများ ရှိနိုင်လို့ ကတိတစ်ခု ကိုတော့ တည်အောင် ထိန်းသိမ်းပေးပါ။ မဟုတ်ရင် နာမည် (အနည်းငယ်) ပျက်ကိန်း ရှိပါတယ်။
နှစ်ချုပ် ကံကြမ္မာ ။                    ။ ယခုနှစ်အတွက် သိဟ် ရာသီဖွားတို့၏ ကံကြမ္မာအချုပ်ကို သုံးသပ်ရမည်ဆိုလျှင် ဘ၀၏ အရေးပါသော အဆုံးအဖြတ်များကို ချမှတ်ရမည့် နှစ်မျိုးဖြစ်တတ်ပါတယ်။ ထိုသို့ ဆုံးဖြတ်ရာတွင်လည်း အများစု (ရာနှုံး ၇၀%) ခန့်မှာ “မှားယွင်းဆုံးဖြတ်” မိတတ်ကြပါသည်။ မိမိ၏ ဆုံးဖြတ်ချက်များ မှားယွင်းမှုကြောင့် “နောင်တ” တရားများ နှင့် ၀မ်းနည်းမှုများ ကြုံဆုံရဖွယ် ရှိပါတယ်။ သို့သော် ထို့အတွက် နောင်တ ရနေ၍ မပြီးပါ ။ ဘ၀ခရီးအတွက် ဆောင်ရွက်စရာ ရှိသည်များကို ဆက်လက်ဆောင်ရွက်ရန် လိုပါတယ်။ ယခုနှစ်ဟာ သိဟ်ရာသီဖွားများအတွက် “မိမိစိုက်ပျိုးထားသည့် သီးနှံကို မိမိပြန်လည် ရိတ်သိမ်းရမည့်” နိယာမ နှစ်ဖြစ်ပါတယ်။ ထို့ကြောင့် ပေါ့ပေါ့နေ ပေါ့ပေါ့စား သိဟ်ရာသီဖွားများ နှင့် မိမိဘ၀ကို ကြိုးစားတည်ဆောက်နေသည့် သိဟ်ရာသီဖွားများ (နှစ် အလယ်လောက်က စပြီး) အကျိုးပေးခြင်း သိသာစွာ ကွာခြားသွားမည် ဖြစ်ပါသည်။ အမှားရှိခဲ့လျှင် ထို့အတွက် နောင်တရ မနေဘဲ ရှေ့သို့ ဆက်လှမ်းကြိုးစားပါမှ ယခုနှစ်၏ အကျိုးပေးမှုများကို ခံစားရရှိမည်ဖြစ်ကြောင်း အသိ (သတိ) ပေးလိုပါသည်ခင်ဗျား
နေ့သားသမီးအလိုက် ကံကြမ္မာ။                    ။ ဒီနှစ်ထဲမှာ သိဟ် ရာသီဖွားများအနက် အင်္ဂါ ၊ သောကြာ ၊ စနေ နှင့် ရာဟု သားသမီးများ ကံဇာတာ ပိုမိုကောင်းမွန်မှု များမယ် ။ တနင်္ဂနွေ ၊ တနင်္လာ ၊ ဗုဒ္ဓဟူး ၊ ကြာသပတေး သားသမီးများ ကောင်းအား နည်းနည်း လျော့မယ် ။
ယတြာပြုလုပ်လိုက ။                    ။ မိမိမွေးနေ့မှာ ငါးအရှင် သက်စေ့ မြစ်ထဲ ချောင်းထဲသို့ သွားရောက်လွှတ်ပေးပါ။ တစ်နှစ်လုံး အနည်းဆုံး ()ကြိမ်ထက် မနည်း ပြုလုပ်ပေးပါ။
————————————————————————————————————————-

ဗြိစ္ဆာ ရာသီဖွားများ

scorpio (178 x 234)


Preview။                    ။ 2013 ခုနှစ်မှာ ဗြိစ္ဆာ ရာသီဖွားများအတွက် ပြဿနာ များပြားပြီး ရှုတ်ထွေးပွေလီမှု တွေနဲ့ ရင်ဆိုင်ရဖွယ် ရှိတဲ့ နှစ်ဖြစ်ပါတယ်။ မိမိနေအိမ် မိသားစု ၊ ဆွေမျိုးသားချင်းအရေး ၊ အသက်အရွယ်ကြီးရင့်သူများ ၊ လူမျိုးခြားဘာသာခြား ၊ အိမ်ထောင်ရှိသော မလွတ်လပ်သောသူ များနှင့် ပတ်သက်ပြီး စိတ်ရှုတ်ထွေးဖွယ် အခြေအနေများ ၊ ပါဝင်ပက်သက်နေရမှုများ ကြုံရဖွယ် ရှိပါတယ်။ လျှို့ဝှက်သော ကိစ္စ ၊ လူသိမခံဝံ့သော ကိစ္စများလည်း ယခုနှစ်အတွင်း ကြုံတွေ့ဖွယ် ရှိပါတယ်။ ဒီနှစ်ဟာ သပွတ်အူလို အရှုတ်အထွေးကြီးထဲကို ၀င်ပါရမယ့် အခြေအနေမျိုး ရှိနေပါတယ်။ ဒါပေမယ့် ဒီနှစ်ကို ညံ့သလားလို့ မေးရင်တော့ မညံ့ပါဘူး။ အခြေအနေ အရှုတ်အထွေးကြားကဘဲ ကံကြမ္မာအခွင့်အလမ်းကောင်းများကို ရရှိနိုင်ပြီး ကိုယ့်ဘ၀တိုးတက်ရေး အခြေအနေကောင်းများ ၊ စီးပွားရေး ပုံစံသစ်များ ၊ လုပ်ငန်းအခြေအနေများကောင်းများကို ဆုပ်ကိုင်ဖမ်းယူနိုင်ခွင့်လည်း ရှိနေမှာ ဖြစ်ပါတယ်။ ရိုးရိုးလေးပြောရရင် “ညံ့သလိုလိုနဲ့ အဆုံးသတ် ကောင်းသွားမယ့် နှစ်” မျိုးလို့ ဆိုရမှာပေါ့။
စိတ်ပိုင်းဆိုင်ရာ ။                    ။ လေးလံထိုင်းမှိုင်းမယ်။ စိတ်ရှုတ်ထွေးမယ်။ စိတ်ဖိအား(Tension) များမယ်။ ဒီကြားထဲမှာ အပွကြံချင်တဲ့ လောဘစိတ်ကလည်း များနေမယ်။ လိင်စိတ်ဆန္ဒကလည်း ခါတိုင်းနှစ်နဲ့ မတူအောင် များပြားနေတတ်တယ်။ အတွေးအကြံတွေအားလုံး “ပွင့်လင်းမြင်သာမှု” မရှိဘဲ ကိုယ့်စိတ်ထဲမှာတင် “အုံ့ပုံး” ဖြစ်နေတတ်တယ်။ သူတစ်ပါးကို မကောင်းကြံ ဂျောက်ချချင်တဲ့ စိတ်မျိုး ပေါ်နိုင်တာကို ကြိုတင်သတိပေးထားပါမယ်။ ဒီစိတ်ဝင်လာရင်တော့ ဒီနှစ်အတွက် ဒုက္ခရောက်ဖို့ “နတ်ဆိုး” မ, နေပြီလို့သာ အောက်မေ့လိုက်ပေတော့။ ဘာကြောင့်လည်းဆိုတော့ နာမည် အကြီးအကျယ် ပျက်ကိန်း ရှိပါတယ်။
စီးပွားရေး နှင့် အလုပ်အကိုင် ။                    ။ ဒီနှစ်ထဲမှာ ဗြိစ္ဆာရာသီဖွားများအတွက် စီးပွားရေးကံကြမ္မာ ပူပင်စရာ မရှိပါလို့ဘဲ ဆိုချင်ပါတယ်။ လူ့ဘ၀အဆင့်အတန်း အမျိုးမျိုးကိုလိုက်ပြီး သူ့အဆင့်နဲ့သူ စီးပွားရေး အဆင်ပြေတိုးတက်ကြလိမ့်မယ်။ ငွေရှင်ကြေးရှင်တွေအတွက်ကတော့ ဒီနှစ်မှာ ကြီးကျယ်တဲ့ စီးပွားကူးသန်းရောင်းဝယ်မှုမျိုးတွေ အကောင်အထည်ဖော်နိုင်လိမ့်မယ်။ ဘဏ်လုပ်ငန်း ၊ စီးပွားကူးသန်းရောင်းဝယ်ရေးလုပ်ငန်း ၊ ကုန်သည်ကြီးများ အနေဖြင့် နိုင်ငံရပ်ခြားများရှိ လုပ်ငန်းရှင်ကြီးများ နှင့် ပူးတွဲဖက်စပ်လုပ်ကိုင်ရသော လုပ်ငန်းကြီးများ စေ့စပ်ညှိနှိုင်းခြင်းကိစ္စများ အောင်မြင်ပြီး ဖက်စပ်လုပ်ငန်းကြီးများ တည်ထောင် ဖြစ်ထွန်းလာကြမယ်။ တိုင်းပြည်အတွက်လည်း ထိုက်သင့်သလောက် အကျိုးခံစားခွင့်ရှိမယ်။ ဒီနှစ် မြန်မာနိုင်ငံမှာ ပေါ်ထွန်းလာ မယ့် နိုင်ငံခြားရင်းနှီးမြုတ်နှံမှု လုပ်ငန်းကြီးများကို ဦးဆောင်သွားမယ့်သူများကတော့ ဗြိစ္ဆာရာသီဖွား လုပ်ငန်းရှင်များ ဖြစ်လိမ့်မယ်။သာမန် လုပ်ငန်းရှင် အသေးစားများမှာလည်း ဖက်စပ်လုပ်ငန်း ၊ အကျိုးတူလုပ်ငန်း ၊ ရှယ်ယာလုပ်ငန်းများဖြင့် တိုးတက်မှု ရှိကြမယ်။ ဘဏ်လုပ်ငန်း ၊ ဆောက်လုပ်ရေးလုပ်ငန်း ၊ ရေနှင့် ရေထွက်ပစ္စည်းလုပ်ငန်း ၊ မော်တော်ကားလုပ်ငန်း ၊ တံတား လုပ်ငန်း ၊ ငွေကြေးရောင်းဝယ်ခြင်းလုပ်ငန်း ၊ စက်မှုလက်မှု လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးကြလိမ့်မယ်။ ဒီနှစ် စီးပွားရေး ပုံစံကတော့ စတင်တည်ထောင်ခြင်း ၊ အုတ်မြစ်ချခြင်း သဘောတရားကို တည်ဆောက်ရခြင်း ဖြစ်ပေမယ်။
ငွေရေး ကြေးရေး ။                    ။ ဗြိစ္ဆာရာသီဖွားများအတွက် ယခုနှစ် ငွေကြေးကံ ကောင်းမွန်တယ်လို့ ဆိုရမယ်။ ဆုံးရှုံးထားပြီ ထင်သော ငွေများ ပြန်လည်ရရှိမယ်။ ရင်းနှီးမြုတ်နှံထားသော ငွေများလည်း ပြန်လည် ပေါ်ပေါက်မယ်။ လုပ်ငန်းကြီး လုပ်လိုသူများ ဘဏ်များမှ ချေးငွေအမြောက်အများ ချေးယူရရှိနိုင်ပြီး လုပ်ငန်းကြီးများ တည်ဆောက်နိုင်ဖို့ ရှိတယ်။ ဒီနှစ်ဟာ ဗြိစ္ဆာရာသီဖွား အတော်များများ သူ့အဆင့်နဲ့သူ ငွေရွှင်နေကြလိမ့်မယ်။ စားကောင်းသောက်ဖွယ် နဲ့ လက်ဆောင်ပစ္စည်းကောင်းတွေလည်း ရရှိ တတ်တယ်။ ရွှေမရှား ငွေမရှားနှစ် ဖြစ်မယ်။
ပညာရေး။                    ။ ယခုနှစ်အတွက် ဗြိစ္ဆာရာသီဖွားများ ပညာရေးကံ ထိပ်တန်းကောင်းသည့် အထဲမှာ ပါပါတယ်။ အလယ်တန်း၊ အထက်တန်း(၁၀)တန်း၊ တက္ကသိုလ်အတန်းများ ၊ မဟာဘွဲ့ဆိုင်ရာ ပညာရေး ၊ လုပ်ငန်းခွင်ဝင်ခွင့် စာမေးပွဲ ၊ ရာထူးတိုး စာမေးပွဲ အားလုံးမှာ ကံအခြေအနေ အလွန်ကောင်းမွန်ပါတယ်။ (ဉာဏ် နဲ့ ၀ီရိယကတော့ ကိုယ့်အပိုင်း ပေါ့နော်)။ တစ်ခုရှိတာ ဒီနှစ်ဟာ အချစ်ရေး ရှုတ်ထွေးပွေလီတတ်တဲ့ နှစ်မျိုးဖြစ်လို့ ပညာရေးကို နှောင့်နှေးစေမယ့် ကိစ္စမျိုးတော့ ရှောင်ပေါ့ကွယ်။
အချစ်ရေး ။                    ။ ဒီနှစ် ဗြိစ္ဆာရာသီဖွားများအတွက် ယခုနှစ်မှာ အချစ်ရေးကိစ္စတွေ အလွန်ရှုတ်ထွေးပွေလီ နိုင်တယ်။ အခက်အခဲ ပြဿနာ များမယ်။ လူသိမခံဝံ့တဲ့ ကိစ္စတွေ ဖြစ်မယ်။ အိမ်ထောင်ရှိသူ မလွတ်လပ်သောသူများနှင့် ညိစွန်းတတ်တယ်။ လူမျိုးခြား ဘာသာခြားခြင်းကြောင့် အချစ်ရေး ကိစ္စ အဆင်မပြေမှုတွေ ပေါ်ပေါက်နိုင်တယ်။ မိဘသဘောမတူသော သူများနှင့် အချစ်ရေး ဆက်သွယ်မိတတ်တယ်။ အများနဲ့ တစ်ယောက်ဆိုတာလို ကိုယ့်ဘက်မှာ ဘယ်သူမှ မရှိဘဲ ၀ိုင်းဝန်း အဝေဖန်ခံ ၊ အရှုတ်ချ ခံရတဲ့ အခြေအနေမျိုးတွေ ကြုံတွေ့နိုင်တယ်။
အိမ်ထောင်ရေး။                    ။ ဒီနှစ်ဟာ အိမ်ထောင်ပြုလိုသူများအတွက်လည်း ၉၀% လောက် အိမ်ထောင်ပြုဖြစ်မယ့် နှစ်တနှစ် ဖြစ်လိမ့်မယ်။ အလွန်အိမ်ထောင်ကျတတ်တဲ့ နှစ်ဖြစ်တယ်။ ဒါပေမယ့် အိမ်ထောင်ကျပြီးတာနဲ့ ရက်ပိုင်းလပိုင်း အတွင်းမှာဘဲ အိမ်ထောင်ရေး မပြေလည်မှုတွေကို တွေ့ကြုံရနိုင်တယ်။ အိမ်ထောင်ကျလွယ်သလောက် ပြဿနာ တက်လွယ် တတ်တဲ့ နှစ်မျိုးလို့ မှတ်ယူရမယ်။
မိသားစု နှင့် အိမ်တွင်းရေး ။                    ။ ဒီနှစ်အတွက် မိသားစု နဲ့ အိမ်တွင်းရေးတွေမှာ အခက်အခဲ သိပ်မရှိနိုင်ပါဘူး။ အထူးသဖြင့် “ယောင်္ကျားဦးဆောင်တဲ့ အိမ်ထောင်” တွေမှာ အစစအရာရာ အဆင်ပြေချောမွေ့နေတတ်ပြီး “မိန်းမဦးဆောင်တဲ့ အိမ်ထောင်” တွေမှာတော့ အခက်အခဲ ပြဿနာ အဆင်မပြေမှုများ အနည်းနဲ့ အများ ရှိတတ်ပါမယ်။ ဆိုးဆိုးဝါးဝါးတော့ မတွေ့ရပါ။
ကျန်းမာရေး ။                    ။ ဗြိစ္ဆာရာသီဖွားများ အတွက် ယခုနှစ်မှာ ကျန်းမာရေး အချစ်ရေး ၊ လူမှုရေး ၊ အိမ်ထောင်ရေး အိမ်တွင်းရေး ပြဿနာတွေနဲ့ ဆက်စပ်နေမယ်။ ဆိုလိုတာက ဒီနှစ် အထက်က ကိစ္စတွေမှာ ပြဿနာများရင် လူလည်း ကျန်းမာရေး ချူချာ လာတတ်တယ်။ အထက်က ကိစ္စတွေမှာ ပြဿနာ နည်းရင် ကျန်းမာရေး သိပ်ပြဿနာ မရှိနိုင်။ ဒီတော့ ဒီနှစ်ရဲ့ ကျန်းမာရေးအခြေအနေဟာ စိတ်ခံစားမှု ၊ စိတ်ပျော်ရွှင်မှု /ညစ်ညူးမှုတွေနဲ့ အများဆုံး ဆက်စပ်မယ်။ ဒါကြောင့် စိတ်ကြောင့်ဖြစ်တတ်တဲ့ ရောဂါတွေဖြစ်တဲ့ အိပ်မပျော်ခြင်း ၊ အစာအိမ်ရောဂါ ၊ သွေးတိုး ၊ နှလုံးအားနည်း ၊ ကျောက်ကပ်ရောဂါ ၊ အစမကြေလေပွခြင်း ၊ အကြောတတ်ခြင်း ၊ ခေါင်းမူခြင်း ၊ ခေါင်းကိုက်ခြင်းများ သတိထားပါ။ အမျိုးသမီးများ ဓမ္မတာ ဆိုင်ရာ ရောဂါများ ၊ ဓမ္မတာ မမှန်ခြင်း /နည်းခြင်း /များခြင်းများ ဖြစ်တတ်ပါတယ်။
ပြည်တွင်းခရီး နှင့် နိုင်ငံခြားခရီး ။                    ။ ဒီနှစ် ဗြိစ္ဆာရာသီဖွား အတော်များများရဲ့ အလုပ်ပုံစံဟာ နိုင်ငံခြားခရီး ၊ နိုင်ငံခြား သား ၊ နိုင်ငံခြားတွင် နေထိုင်သူများနှင့် ဆက်သွယ်လုပ်ကိုင်ခြင်းများနဲ့ အများဆုံး ဆက်စပ်နေမယ်။ ဒါကြောင့် ဒီနှစ် နိုင်ငံခြား ခရီး ထွက်မယ်ဆိုရင်လည်း ခက်ခဲမှု မရှိနိုင်ဘူး။ ဒီနှစ်ဟာ အလုပ်ကိစ္စကြောင့် မဟုတ်ရင်တော့ မိသားစုအလိုက် နိုင်ငံခြား အပျော်ခရီး မျိုး ထွက်ရတတ်တယ်။ နောက်ပြီး နိုင်ငံခြားမှာ အနေကြာနေသူများ ကိုယ့်မိသားစုနှင့် ပြန်လည်ဆုံစည်းခွင့် ရတတ်တဲ့ နှစ်မျိုး ၊ ပြည်တော်ပြန်ခွင့် ရတတ်တဲ့ နှစ်မျိုးလည်းဖြစ်တယ်။
လူမှုဆက်ဆံရေး ။                    ။ လူမှုဆက်ဆံရေးပိုင်း ထူးခြားစွာ အညံ့မရှိပါ။ သို့သော် အထက်တွင် ဖော်ပြခဲ့သလို ဒီနှစ်ထဲမှာ ကိုယ့်အောင်မြင်ရေးအတွက် အကြိတ်အနယ် ပြိုင်ဆိုင်ရတဲ့အခါ ပြိုင်ဖက်များအပေါ် “ညစ်လိုစိတ်” များ ပေါ်ပေါက်တတ်တယ်။ ဒီစိတ်ကလေးကနေ မနောကံ ၊ ၀စီကံ ၊ ကာယကံ အထိ အဆင့်ဆင့် ပြောင်းသွားတဲ့ အချိန်မှာ ထင်ရှားပေါ်လွင်လာပြီး လူမှု ဆက်ဆံရေး အဖုအထစ်ကလေးတွေ ဖြစ်စေလိမ့်မယ်။ သတိထား။ အဆင်မသင့်ရင် နာမည်ပျက်တတ်တယ်။ သိက္ခာကျတတ်တယ်။
နှစ်ချုပ် ကံကြမ္မာ ။                    ။ ယခုနှစ်အတွက် ဗြိစ္ဆာ ရာသီဖွားတို့၏ ကံကြမ္မာအချုပ်ကို သုံးသပ်ရမည်ဆိုလျှင် အချစ်ရေး၊ အိမ်ထောင်ရေး ၊ လူမှုရေး အရှုတ်အထွေးများစွာ ကြုံရနိုင်သော်လည်း ဘ၀တိုးတက်မြင့်မားရေး နှင့် ငွေကြေး စီးပွားကိစ္စများ ကံအကောင်းဖက်ကို ပြနေသောကြောင့် ကံကောင်းသော နှစ်တစ်ခုဟုသာ သတ်မှတ်ရမည်ဖြစ်ပါသည်။ ဒုက္ခရောက်မည့် နှစ်မဟုတ်သည်မှာတော့ သေချာပါသည်။ သို့သော် အချစ်ရေး ၊ အိမ်ထောင်ရေး ၊ လူမှုရေး အညံ့များကိုလည်း လျှော့မတွက် စေချင်ပါ။ အဆင်မသင့်လျှင် တိုင်းသိပြည်သိ နာမည်ပျက်သွားနိုင်ပါသည်။ အင်တာနက်ခေတ် ဖြစ်ပါသည်။ ဂျာနယ်တွေ ဘုန်းတန်ခိုးကြီးနေသော နှစ်ဖြစ်ပါသည်။ အဆင်မသင့်လျှင် သူများတံတွေးခွက် ပက်လက်မျောနိုင်သောကြောင့် အနေအထိုင် အပြောအဆို ဆင်ခြင်ရန် လိုပါသည်။ ထိုကိစ္စကို ပြဿနာ မဖြစ်အောင်နေနိုင်လျှင် အောင်မြင်တိုးတက်မည့် နှစ်တနှစ်ဖြစ်ကြောင်း ထပ်လောင်း ပြောကြားလိုက်ရပါသည် ခင်ဗျား။
နေ့သားသမီးအလိုက် ကံကြမ္မာ။                    ။ ဒီနှစ်ထဲမှာ ဗြိစ္ဆာ ရာသီဖွားများအနက် တနင်္လာ နှင့် သောကြာ သားသမီးများ ကံဇာတာ ပိုမိုကောင်းမွန်မှု များမယ် ။ တနင်္ဂနွေ ၊ အင်္ဂါ ၊ တနင်္လာ ၊ ဗုဒ္ဓဟူး(ရာဟု) ၊ စနေ သားသမီးများလည်း ထိုက်တန်သလောက် ကောင်းပါလိမ့်မယ်။ ကြာသပတေး သားသမီးများ ဒုတိယ ()လကျော်မှ သိသိသာသာ ကောင်းမယ်။ အင်္ဂါ ၊ စနေ ၊ ရာဟု သားသမီးများ အချစ်ရေး၊ အိမ်ထောင်ရေး အရှုတ်များ သတိပြုပါ။
ယတြာပြုလုပ်လိုက ။                    ။ မိမိမွေးနေ့မှာ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းမှာ လျှပ်စစ်ရေမော်တာဖြစ်စေ ၊ ရေသန့်စက်ဖြစ်စေ ၊ ရေနွေးချိုးစက်ဖြစ်စေ ၊ (ရေ နှင့် စက် ပေါင်းစပ်နေသော ပစ္စည်းတစ်ခုခု) သွားရောက်လှူဒါန်းလိုက်ပါ။
————————————————————————————————————————-

မေထုန် ရာသီဖွား

gemini (178 x 234)
Preview ။                    ။ 2013 ခုနှစ်မှာ မေထုန်ရာသီဖွားများရဲ့ ကံကြမ္မာဟာ ကံကောင်းခြင်း၊ ကံညံ့ခြင်းများ ရောယှက် ရှုတ်ထွေးနေတာကို တွေ့ပါတယ်။ 2013 ဟာ မေထုန်ရာသီဖွားတွေအတွက် “ထူးခြားတဲ့နှစ်” လို့တော့ ပြောနိုင်တယ်။ တိုးတက်ခြင်း၊ အောင်မြင်ခြင်း ၊ ကျော်ကြားခြင်း ၊ စီးပွားဖြစ်ထွန်းခြင်းများနဲ့ ကြုံနိုင်တယ်။ ဒီအတွက် အခွင့်အလမ်းကောင်းတွေ ပေါ်နိုင်တယ်။ ရယူခံစားနိုင်တယ်။ ဒါပေမယ့် ဒီနှစ်တနှစ်လုံးဟာ မေထုန်ရာသီဖွားတွေအတွက် “ဘေးမကင်း” တဲ့ နှစ်လည်း ဖြစ်တတ်တယ်။ အကျဉ်းအကြပ် ၊ အနှောင်အဖွဲ့များနဲ့ ကြုံမယ်။ အကျပ်အတည်းများအတွင်း တွန်းပို့ခံရမယ်။ မှားယွင်းစွာ ဆုံးဖြတ်မိတတ်တယ်။ ဖိအားပေးခံရတတ်တယ်။ ကိုယ်မလုပ်ချင်တဲ့ အလုပ် တာဝန်တွေကို မယူချင်ဘဲ ယူရတဲ့ အနေအထားမျိုး တွေကြုံရမယ်။ ဒီအလုပ်တာဝန်တွေဟာလည်း ခက်ခဲပြီး အန္တရာယ်များတဲ့ အလုပ်တာဝန်တွေ ဖြစ်တတ်တယ်။ အောင်မြင်အောင် စွမ်းဆောင်နိုင်ရင်တော့ ထိုက်တန်တဲ့ ဂုဏ်ပြုချီးမွမ်းမှု ၊ ရာထူးနေရာ တိုးတက်မြင့်မားမှု ၊ ငွေကြေးဆုလာဘ်များကို ရတတ်ပေမယ့် ကျရှုံးခဲ့ရင်တော့ သူများတံတွေးခွက် ပက်လက်မျောရမယ့် အဖြစ်မျိုးဖြစ်နိုင်တယ်။ မေထုန်ရာသီခွင်ထဲမှာ လူသန်းပေါင်းများစွာ မွေးဖွားလာလို့ တစ်ဦးနဲ့တစ်ဦး ဖြစ်ပျက်ပုံခြင်း ခပ်ဆင်ဆင် တူပေမယ့် အဆုံးသတ်ကံကြမ္မာခြင်း မတူညီနိုင်ပါ။ အချို့ ကံကောင်းသော နှစ်ပိုင်းများတွင်ရောက်နေသူများ အခက်အခဲပြဿနာကြောင့် ပိုမိုမြင့်မားတိုးတက်သွားပေမယ့် ကံနိမ့်သော နှစ်ပိုင်းများတွင် ရောက်နေသူများ ပိုမိုနိမ့်ကျသွားနိုင်တယ်။ မေထုန်ရာသီဖွားတွေအတွက် ဘ၀ရဲ့ စိမ်ခေါ်မှုကို ရင်ဆိုင်ရမယ့် နှစ်တနှစ်လို့ ဆိုနိုင်တယ်။ အချို့သူများမှာ ကံကောင်းမှု နဲ့ ကံဆိုးမှုကို နှစ်ခုလုံး ပူးတွဲခံစားရဖွယ် ရှိတယ်။
စိတ်ပိုင်းဆိုင်ရာ ။                    ။ အတွေးအခေါ်ပိုင်း ကြည်လင်ပြတ်သားမှု မရှိဘဲေ၀၀ါးနေမယ်။ စိတ်ဖိအား အလွန်များမယ်။ မွန်းကြပ်မယ်။ သံသယစိတ် များမယ်။ စိတ်ရှုတ်ထွေးနေမယ်။ မိမိရဲ့ အသိစိတ်(conscious mind) နဲ့ မသိစိတ်(unconscious mind)တို့အကြား ပဋိပက္ခဖြစ်စဉ်တွေ ဖြစ်နေလိမ့်မယ်။ (အတွင်းစိတ်က လုပ်ချင်တာ တစ်မျိုး ၊ တကယ်တန်း အပြင်မှာ လုပ်မိတာက တစ်မျိုး ဖြစ်တတ်တယ် ၊ တွေးတုန်းက တစ်မျိုး ၊ လုပ်မိတော့ တစ်မျိုး ဖြစ်တတ်တယ်)။ မိမိရဲ့ ကိုယ်ကျင့်တရား နဲ့ ပတ်ဝန်းကျင် ဖိအားတို့ကြားမှ ပဋိပက္ခဖြစ်နိုင်တဲ့ နှစ်တနှစ်လည်း ဖြစ်တယ်။
စီးပွားရေး နှင့် အလုပ်အကိုင် ။                    ။ ဒီနှစ်ထဲမှာ ပထမ()လပိုင်းမှာ အစစအရာရာ နှေးကွေးလေးလံမှုတွေ ၊ အနှစ်မပါတဲ့ အောင်မြင်မှုတွေ နဲ့ ကြုံဆုံနိုင်တယ်။ စပ်တူလုပ်ငန်း ၊ ရှယ်ယာလုပ်ငန်း ၊ ပါတီ အဖွဲ့အစည်း လုပ်ငန်းများတွင် ပါဝင်နေသူများ အဖွဲ့အစည်းအတွင်း “၀ါးအစည်းပြေသလို” ဖရိုဖရဲဖြစ်မှုတွေ ကြုံရနိုင်တယ်။ စည်းလုံးညီညွတ်မှု ပြိုကွဲနိုင်တယ်။ အစုရှယ်ယာတွေ အကွဲအပြဲဖြစ်တတ်တယ်။ ၀န်ထမ်းများ မိမိလုပ်နေတဲ့ ကုမ္ပဏီ ပြိုကွဲခြင်းပျက်စီးခြင်း ၊ ဒေ၀ါလီ ခံရခြင်းများ ကြုံရတတ်တယ်။ ဒုတိယ ()လပိုင်းမှာတော့ အခြေအနေ ပြန်ကောင်းလာနိုင်တယ်။ ညီညွတ်မှု ကွဲပြားနေသော လုပ်ငန်းများ ညီညွတ်မှု ပြန်ရလာနိုင်တယ်။ လေးလံဖင့်နွဲနေတဲ့ စီးပွားရေး အခြေအနေတွေ ပြန်ကောင်းလာနိုင်တယ်။ မမျှော်လင့်ဘဲ မိမိလုပ်ငန်းရဲ့ အခြေ အနေများ တိုးတက်ကောင်းမွန်လာနိုင်တယ်။ စိတ်ကူးသစ် ၊ အကြံဉာဏ်သစ် ၊ အတွေးအခေါ်သစ်များကို ဖော်ဆောင်နိုင်ပြီး လုပ်ငန်းရဲ့ အခြေအနေကို မြှင့်တင်နိုင်လိမ့်မယ်။ ရာထူးတက်ဖို့ရှိသူများ ဒုတိယ ()လပိုင်းမှ တက်ဖို့ရှိတယ်။ နိုင်ငံရပ်ခြားနဲ့ ဆက်သွယ်လုပ်ကိုင်နေသူများ ကံကြမ္မာကောင်းများ ရရှိနိုင်တယ်။ ဘဏ်လုပ်ငန်း ၊ ငွေကြေးလွှဲပြောင်းခြင်း ဆိုင်ရာ လုပ်ငန်း ၊ ဥပဒေ လုပ်ငန်း ၊ လေကြောင်းသွားလာရေး လုပ်ငန်း ၊ ဆက်သွယ်ရေး နှင့် မိုဘိုင်းဖုန်း လုပ်ငန်း ၊ ကွန်ပျူတာလုပ်ငန်း ၊ စစ်ဘက်ဆိုင်ရာ လုပ်ငန်း ၊ စာရင်းအင်း လုပ်ငန်း ၊ ရေ နှင့် ရေထွက်ပစ္စည်း ဆိုင်ရာလုပ်ငန်း ၊ သင်္ဘောလုပ်ငန်း များမှာ လုပ်ကိုင် နေသူများ အကျိုးကျေးဇူး များမယ်။ မေထုန် ရာသီဖွား အတော်များများ (ဘယ်လို စီးပွားရေး အလုပ်အကိုင်မျိုးကို လုပ်နေသည် ဖြစ်စေ) ၂၀၁၃ ခုနှစ် ဒုတိယ ()လပိုင်းရောက်မှ အဆင်ပြေကြမယ့်သူ ပိုများတယ်။
ငွေရေး ကြေးရေး ။                    ။ မေထုန်ရာသီဖွားများအတွက် ယခုနှစ်မှာ ငွေကြေးကံအလွန်ကောင်းနိုင်သော်လည်း ငွေကြေးလာဘ်လာဘနဲ့အတူ ဘေးဥပဒ်များလည်း ပူးတွဲ ပါရှိလာနိုင်တဲ့ နှစ်မျိုးဖြစ်တယ်။ ဒီနှစ် အတွက် “ညောင်သီးလည်းစား ၊ လေးသံလည်း နားထောင်” ဆိုတဲ့ စကားပုံကို သတိပြုရမယ်။ တရားဥပဒေနဲ့ မကင်းလှတဲ့ ငွေကြေးမျိုး (သို့) မစင်ကြယ်လှတဲ့ ငွေမျိုးဖြစ်ရင် ဒီနှစ်အတွက် အထူးသတိထားရမယ်။ ငွေကြေးအစုအပုံ ၀င်ရောက်ပြီး အမှုအခင်း က နောက်ကနေ လိုက်လာတတ်တယ်။ သာမန် စင်ကြယ်တဲ့ ငွေမျိုးဖြစ်ရင်တောင်မှ ဒီနှစ်မှာ ငွေများများဝင်ရင် ကျန်းမာရေး ချို့တဲ့လာတတ်တယ်။ လူမှုရေး အမှုပြဿနာတွေ ရှုပ်လာတတ်တယ်။ ဒီနှစ်အတွက် မေထုန်ရာသီဖွားများ ငွေနဲ့ သိပ်မတည့်ဟု ဆိုနိုင်တယ်။ ဒါကြောင့် ငွေကြေးများများ ၀င်တိုင်း ဦးဦးဖျားဖျား (ကိုယ်တတ်နိုင်သလောက်) လှူဒါန်းပေးဖို့ မမေ့ပါနဲ့။ ၀ါဆို ၊ ၀ါခေါင် ၊ သီတင်းကျွတ် ၊ နတ်တော် ၊ တပေါင်း လများမှာ ငွေကြေး အစုအပုံ ၀င်တတ်ပါတယ်။
ပညာရေး။                    ။ မေထုန်ရာသီဖွားများ ယခုနှစ်အတွက် ပညာရေးကံ ကောင်းတဲ့အထဲမှာ ပါပါတယ်။ အထက်တန်း ပညာရေးထက် ၊ တက္ကသိုလ် ပညာရေး ၊ ဘွဲ့လွန် ပညာရေး ၊ လုပ်ငန်းခွင်နဲ့ ပတ်သက်တဲ့ ပညာရေးများမှာ ပိုမိုကောင်းမွန်ပါတယ်။ ပညာရေးအောင်မြင်မှုကြောင့် ဘ၀အခြေအနေ တိုးတက်မြင့်မားသွားတတ်တဲ့ နှစ်မျိုးလည်း ဖြစ်ပါတယ်။
အချစ်ရေး ။                    ။ ဒီနှစ်အတွက် အချစ်ရေး ကိစ္စတွေမှာ “ကြားလူဖျက်လို့ ပျက်မှာစိုး” ဆိုတဲ့ သီချင်းလေးလို့ ကြားလူ ၊ မလိုသူတွေ နှောင့်လို့ အချစ်ရေးကိစ္စတွေ မတည်မငြိမ် ဖြစ်တတ်ပါတယ်။ ချစ်သူစုံတွဲများအတွက် ဘေးစကားကို နားမယောင်ဘဲ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှု ရှိရန် လိုပါတယ်။ ကြားစကားများကြောင့် အချစ်ရေးမှာ စိတ်ဆင်းရဲစရာတွေ ကြုံရဖွယ် ရှိပါတယ်။ အပျက်ပျက်နဲ့ နှာခေါင်းသွေးမထွက်အောင် ဆင်ခြင်ပါ။
အိမ်ထောင်ရေး။                    ။ ဒီနှစ်ဟာ အိမ်ထောင်ပြုလိုသူများအတွက်ကတော့ အဆင်ပြေချောမွေ့မည့် နှစ်လို့ ဆိုရမယ်။ ဘာပြဿနာမှ ထူးထူးခြားခြား မတွေ့ရပါ။ အများစုဟာ တင့်တယ်ကောင်းမြတ်တဲ့ မင်္ဂလာ အခမ်းအနားများနှင့် မင်္ဂလာ ပြုရကိန်း ရှိပါတယ်။ ၀ါမကျွတ်ခင် မင်္ဂလာဆောင်မည့် သူများနှင့် ၀ါကျွတ်ပြီး ဆောင်သူများက ပိုမိုအဆင်ပြေပြီး စိတ်ချမ်းသာမှုများ ရနိုင်ဖွယ် ရှိပါတယ်။ မင်္ဂလာဆောင်ပြီးသည်နှင့် အလုပ်အကိုင်တိုးတက်ခြင်း ၊ ငွေကြေးဆိုင်ရာ တိုးတက်ခြင်းများကို တိုင်ဆိုင်စွာ ကြုံတွေ့ရကိန်း ရှိပါတယ်။
မိသားစု နှင့် အိမ်တွင်းရေး ။                    ။ ဒီနှစ်အတွက် မိသားစု နဲ့ အိမ်တွင်းရေးတွေမှာ ကျန်းမာရေးတစ်ခုက လွဲရင် ကျန်တာတွေ ပြဿနာ မရှိလှပါဘူး။ ကျန်းမာရေးအတွက်ကတော့ ကိုယ်တိုင်လည်း ဖြစ်နိုင်သလို မိခင် ၊ ဖခင်များရဲ့ ကျန်းမာရေး ၊ ညီငယ် ညီမငယ်များရဲ့ ကျန်းမာရေးကို ဂရုစိုက်ပါ။ ရှောင်တစ်ခင် ထ, ဖြစ်တတ်ပါတယ်။ အတူနေ မိအို ဖအိုများ ရှိရင်တော့ ဒီနှစ် အတွက် ကျန်းမာရေးကို အထူးဂရုစိုက်ပေးပါ။
ကျန်းမာရေး ။                    ။ မေထုန်ရာသီဖွားများ အတွက် ယခုနှစ်မှာ ကျန်းမာရေး ပြဿနာ အနည်းနဲ့ အများ ရှိနိုင်ပါတယ်။ မတော်တဆ ထိခိုက်ခြင်း ၊ သွေးထွက်သံယိုဖြစ်ခြင်း ၊ ခွဲစိတ်ကုသခံရခြင်း ၊ ဆေးရုံဆေးခန်း တက်ရောက် ကုသရခြင်းများ ဖြစ်ဖွယ် ရှိပါတယ်။ ခရီးသွားစဉ် မကျန်းမမာဖြစ်ခြင်း နှင့် ထိခိုက်မှု ဖြစ်ခြင်းများ အထူးသတိထားပါ။ ခိုက်ရန်ဖြစ်ပွားခြင်းများမှ တဆင့် ထိခိုက်ဒဏ်ရာရခြင်းများလည်း ဖြစ်နိုင်တယ်။ ဦးခေါင်း ၊ မျက်စေ့ ၊ အာရုံကြော ၊ နှလုံး ၊ အဆုပ် ၊ ခါးအရိုးအဆစ် ၊ မျိုးပွားအင်္ဂါ တစ်ဝိုက် နှင့် ခြေထောက်ပိုင်းများကို သတိထားပါ။ ရေအန္တရာယ် သတိပြုပါ။
ပြည်တွင်းခရီး နှင့် နိုင်ငံခြားခရီး ။                    ။ ဒီနှစ် မေထုန်ရာသီဖွားတွက် ပြည်တွင်းခရီး ထူးခြားတဲ့ အခြေအနေ မရှိပေမယ့် နိုင်ငံခြားခရီး အလွန်အခြေအနေကောင်းတယ်။ နိုင်ငံရပ်ခြားကို ဘယ်လိုအကြောင်းနဲ့ ဖြစ်ဖြစ် ထွက်လိုသူများ အဆင်ပြေချောမွေ့ စွာ ထွက်ရမယ်။ နိုင်ငံခြားမှာလည်း အဆင်ပြေမယ်။ ပြည်တွင်းနေ စီးပွားရေး လုပ်ငန်းရှင်များ နိုင်ငံရပ်ခြားများမှ အခွင့်အလမ်းကောင်းများ ဆက်သွယ်မိမယ်။ နိုင်ငံရပ်ခြား ကိစ္စဟူသမျှ ကောင်းသည် ဆိုရမယ်။ ပြည်တွင်းခရီးစဉ်များမှာ အချို့သော ကံဇာတာ အလွန်ညံ့သူများအတွက် ခရီးသွားစဉ် မတော်တဆဖြစ်ခြင်းကို အထူးသတိထားရန် လိုပါတယ်။
လူမှုဆက်ဆံရေး ။                    ။ လူမှုဆက်ဆံရေးပိုင်း ထူးခြားစွာ အောင်မြင်မှုများ ရနိုင်သော်လည်း အခက်အခဲများကို ရင်ဆိုင်ပြီးမှ ဖြစ်နိုင်မယ်။ မိမိနာမည် ဂုဏ်သတင်းကျော်စောတတ်သော နှစ်ဖြစ်သော်လည်း နာမည်ကျော်ကြားမှုနောက်မှ နာမည်ပျက်အောင် ရှုတ်ချမှုများလည်း ကပ်ပါလာနိုင်တယ်။ လူချစ်လူခင် များခြင်း ခံရတတ်သလို အနည်းစု၏ မုန်းတီးမှုကိုလည်း ခံရတတ်သော နှစ်ဖြစ်တယ်။ လူမှုဆက်ဆံရေးမှ အစစအရာရာ သတိရှိသင့်တယ်။ “ကြမ်းကျွံသော် နုတ်ရ၏ ၊ စကားကျွံသော် နုတ်မရ” ဆိုတဲ့ ဆောင်ပုဒ်ကို သတိထားသင့်တယ်။ ကိုယ်အပြောအဆို မဆင်ခြင်မှုကြောင့် ရန်သူပေါ်တတ်တယ်။
နှစ်ချုပ် ကံကြမ္မာ ။                    ။ ယခုနှစ်အတွက် မေထုန် ရာသီဖွားတို့၏ ကံကြမ္မာအချုပ်ကို သုံးသပ်ရမည်ဆိုလျှင် အခွင့်အလမ်းကောင်းများ ဆောင်ယူလာတတ်သော နှစ်ဖြစ်သော်လည်း အန္တရာယ် မကင်းလှတတ်သော နှစ်မျိုးဖြစ်သည်ဟု ဆိုရပေမည်။ လုပ်ငန်းကြီးများကို ဦးစီးဦးဆောင်လုပ်သူများ ယခုနှစ်တွင် အကျဉ်းအကျပ် ၊ အခက်အခဲများ ၊ ဖိအားများ များလွန်း လှမည်ဟု သုံးသပ်မိသည်။ ဥပဒေ မကင်းသော အလုပ်များဖြင့် စီးပွားဖြစ်နေသူများ ယခုနှစ်တွင် တရားဥပဒေဖြင့် ရင်ဆိုင်ရကိန်း အလွန်များသည်။ အမှုအခင်းဖြစ်နိုင်သည်။ “လက်ထိပ်ကြိုးချည်” ကိန်း ရှိသည် ဆိုရမည်။ ထို့ကြောင့် ယခုနှစ်တွင် ဥပဒေ နှင့် မကင်းသော အလုပ်များကို ရပ်ဆိုင်ခြင်း (သို့) လျှော့ချခြင်းများဖြင့် ကြိုတင်ကာကွယ်မှု ယူသင့်သည်။ လာဘ်ပေးလာဘ်ယူမှု ကိစ္စများသည် ယခုနှစ်တွင် မေထုန်ရာသီဖွားများအတွက် ကြီးမားသော အန္တရာယ် ဖြစ်ဖွယ်ရှိသည်။ မတော်တဆ ထိခိုက်မှု Accident ဘေးများလည်း ယခုနှစ်တွင် (အခြားရာသီဖွားများထက်) ကြုံဆုံဖွယ် ရှိသောကြောင့် အထူးသတိပြုသင့်ပေသည်။
နေ့သားသမီးအလိုက် ကံကြမ္မာ။                    ။ ဒီနှစ်ထဲမှာ မေထုန် ရာသီဖွားများအနက် အင်္ဂါ ၊ ကြာသပတေး နှင့် သောကြာ သားသမီးများ ကံဇာတာ ပိုမိုကောင်းမွန်မှု များမယ် ။ တနင်္ဂနွေ ၊ ဗုဒ္ဓဟူး(ရာဟု) ၊ စနေ သားသမီးများ- ကံကောင်းမှု နှင့် အတူ ဘေးဥပဒ်များကို သတိထားရမည်။ တနင်္လာ သားသမီးများ အကောင်းအဆိုး မျှနေမယ်။
ယတြာပြုလုပ်လိုက ။                    ။ အိမ်မှာရှိတဲ့ ထီးစုတ် ၊ ဖိနပ်စုတ် အားလုံးကို ရေစီးနေသော မြစ်ချောင်းများအတွင်း သွားရောက်မျှောပစ်လိုက်ပါ။ မိမိမွေးနေ့မှာ သံဃာတော် ()ပါး ()ပါး ()ပါး (၁၄)ပါး - မိမိတတ်နိုင်သည့် အရေအတွက်ကို ထီးဖိနပ် တစ်စုံစီ လှူဒါန်းလိုက်ပါ။ ထို့နောက် ဆေးရုံတစ်ရုံသို့ သွား၍ နွမ်းပါးသူ လူနာ (အထက်ပါ အရေအတွက်အတိုင်း) များအား ငွေကြေးဒါန လှူဒါန်းလိုက်ပါ။

အားလုံးကို အထူးကျေးဇူးတင်ရှိပါသည် (လင်းခက်) ယခုပိုစ့်အားဒီလင့်မှ ကူးယူဖော်ပြပါကြောင်း ၀န်ခံအပ်ပါသည်ခင်ဗျား....