အိုးတစ်လုံး ပြုလုပ်ပုံ (အိုးဖုတ် သည့် ဖိုကြီး)
ပန်းအိုး တစ်လုံး ပြုလုပ်ရန်အတွက် အိုးပြုလုပ်မည့်မြေကို မခေါက်ရွာ အနောက်ဖက် (၃)မိုင်ခန့်အကွာ တောင်တစ်ခု (အမည်မသိ တောင်) မှ
ရယူကြသည်။ ထိုမြေများကို (ဒေသအခေါ် မြေနု နှင့် ညောင်နီ) ရောစပ်ပြီး ပြုလုပ်ကြ သည်။
ပထမအဆင့် နေဖြင့် ထိုမြေများမျာကို နေပူ လှမ်းကြိတ်ခွဲကာ ရောစပ်ကြသည်။
ဒုတိယအဆင့်တွင် ရောစပ်ပြီးသောမြေများကို သမအောင်နယ်ပြီး
သောအခါ အိုးလုပ်ရန်အတွက် အသင့် အနေထားရောက်ပြီဖြစ်သည်။
ထိုနောက် ရောစပ်ထားသော မြေများ ကို အိုးပုံ ဖော်ပါသည်။
ရရှိလာသော ပန်းအိုးအား မိမိတို့လိုချင်သည့်ပန်းပုံများ၊ ရူခင်းပုံများ စသည်တို့ကို ဆေးချယ်ရသည်။
ဆေးချယ်ရာတွင် သုံးသောဆေးမှာ ပျဉ်းမနား မြေဖြူဆေးကို သုတ်လိမ်းကြပါသည်။
မြေဖြူဆေး သုတ်လိမ်း ထားသော ပန်းအိုးအကြမ်းအား အခြောက်ခံပြီး မိမိလိုချင်သော အရောင်အား
စဥ့်ရည်သုတ်လိမ်းပြီးလျှင် ဈေးကွက်ဝင် ပန်းအိုးတစ်လုံးဖြစ်သွားပါပြီး ခင်ဗျာ။
ဓါတ်ပုံ-ကို ကိုကိုဦး
ဓါတ်ပုံအပြည်စုံအား
http://myanmartraditionalcollection.blogspot.ru/2013/01/blog-post_1734.html
တွင်ကြည်ရှုနိုင်ပါသည်။

No comments:
Post a Comment
ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ တစ်ခုခုပေါ့