Blogger news

လာရောက်လေ့လာအကဲခက်သည်ကိုအထူးကျေးဇူးတင်ရှိပါသည်ခင်ဗျာ၊ နည်းပညာပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ခင်ဗျာ၊ ကျွန်တော်ရှေ့က အစ်ကိုတွေရေးသားထားတဲ့ ဘလော့များမှလည်း ပြန်လည်မျှဝေကြောင်းဝန်ခံပါတယ်၊ ကျွန်တော်ကိုယ်တိုင်းလည်း ကြိုးစားရေးသားနေပါတယ်၊ အထူးကျေးဇူးတင်ရှိပါတယ်

Pages

Facebook မှာ ဖတ်လို့ရအောင် Like လုပ်သွားအုန်းနော်..စကားလေးတွေလည်းပြောခဲ့ပါဗျ

Friday, August 16, 2013

လက်ကိုင်ဖုန်းဘက်ထရီအဟောင်းကို ပြန်သုံးနိုင်နည်း






ပုံမှန်သုံးလာတဲ့ လက်ကိုင်ဖုန်းဘက်ထရီဟာ တဖြေးဖြေးနဲ့  အသုံးမခံတော့တာတွေ့ ရတတ်ပါတယ်။ အားသွင်းထားပေမယ့်လည်း ခဏလေးနဲ့  အားကုန်သွားတာဟာ ဘက်ထရီမကောင်းတော့လို့ ဖြစ်ပါတယ်။ အဲ့ဒီဘက်ထရီကို အသုံးခံအောင် အားပြည့်လာအောင် လုပ်ကြရအောင်ပါ။

အသုံးပြုရမဲ့ပစ္စည်းတွေကလဲ ငွေကုန်ကြေးကျလဲ မများ ၊
မိမိပတ်ဝန်းကျင်မှာရှိတဲ့ ပစ္စည်းတွေနဲ့ လွယ်ကူစွာ အသုံးပြုရမဲ့အတွက်
လက်တွေ့ပဲ စမ်းသပ်ကြည့်လိုက်ကြရအောင် .......

အသုံးပြုရမယ့်ပစ္စည်းတွေကတော့
၁) သတင်းစာစက္ကူအပွစား
၂) ကပ်ကြေး (လက်နဲ့ ဖြတ်လည်းရပါတယ်)
၃) သားရေကွင်း
၎) ပလပ်စတစ်အိတ်(ဟင်းထုတ်အိတ်အရွယ်)
၅) ရေခဲသေတ္တာ

ပြုလုပ်ပုံအဆင့်ဆင့်
- သတင်းစာစက္ကူအပွစားကို (A4) အရွယ်ရဲ့  တ၀က်စာလောက် အရွယ်ကို ဖြတ်ပါ။ (ဘက်ထရီအကြီးအသေးပေါ်မူတည်ပြီးစက္ကူကိုဖြတ်ပါ)
- လက်ကိုင်ဖုန်းဘက်ထရီအဟောင်းကို ဖြတ်ထားတဲ့ စက္ကူတစ်ရွက် နဲ့  အထပ်ထပ်ထုပ်ပါ။
- သားရေကွင်းနဲ့ စည်းပါ။
- စက္ကူနဲ့ ထုတ်ထားတဲ့ ဘက်ထရီကို ပလပ်စတစ်အိပ်နဲ့  လိပ်ပတ်ပြီးပြန်ထုပ်ပါ။
- ထုပ်ပြီးသား လက်ကိုင်ဖုန်းဘက်ထရီကို ရေခဲသေတ္တထဲက ပုံမှန်အခန်းမှာ ၃ ရက်ထဲ့ထားပါ။
- ရေခဲသေတ္တထဲမှာ ၃ရက်ပြည့်ပြီးနောက်ပြန်ထုတ်ပါ။ ပလပ်စတစ်အိပ်နဲ့ စက္ကူကို ဖြေပါ။
- ပုံမှန်အပူချိန်ရှိတဲ့ မိမိနေအိမ်ရဲ့ တနေရာရာမှ ၃ ရက်ထားပါ။
- ၃ ရက် ထားပြီးနောက် အဲ့ဒီဘက်ထရီကို ၈ နာရီကြာ အားသွင်းပါ။
အဲ့ဒီလိုအားသွင်းပြီးရင်တော့ အသုံးခံတဲ့ ဘက်ထရီဖြစ်လာပါလိမ့်မယ်...

Creadit to; Facbook/Shwemanthar Nld &
               ;  Mc Luchit

1 comment:

  1. ဒီနည်းက ကြာပါပြီ၊ အဆင်မပြေပါ

    ReplyDelete

ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ တစ်ခုခုပေါ့