Blogger news

လာရောက်လေ့လာအကဲခက်သည်ကိုအထူးကျေးဇူးတင်ရှိပါသည်ခင်ဗျာ၊ နည်းပညာပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ခင်ဗျာ၊ ကျွန်တော်ရှေ့က အစ်ကိုတွေရေးသားထားတဲ့ ဘလော့များမှလည်း ပြန်လည်မျှဝေကြောင်းဝန်ခံပါတယ်၊ ကျွန်တော်ကိုယ်တိုင်းလည်း ကြိုးစားရေးသားနေပါတယ်၊ အထူးကျေးဇူးတင်ရှိပါတယ်

Pages

Facebook မှာ ဖတ်လို့ရအောင် Like လုပ်သွားအုန်းနော်..စကားလေးတွေလည်းပြောခဲ့ပါဗျ

Thursday, February 7, 2013

အမောပြေ ဟာသလေးများ

မန်သလားမမေးနဲ့ ..
ကန်ထရိုက်တာနှစ်ဦးအကြွားပြိုင်နေကြသည်။
ပ-ကန်ထရိုက် ။ ။ ငါတို့ ကန်ထရိုက်အဖွဲ့နဲ့ဆောက်ရင် တိုက်တစ်လုံးဟာ
(7)ရက်နဲ့ပြီးတယ် ..
ဒု-ကန်ထရိုက် ။ ။ ဟွန်း .. ကြာလိုက်တာ။ ငါတို့ကန်ထရိုက်နဲ့သာဆောက်၊
မနက်ကစဆောက်ရင် ညနေဆို တိုက်ပိုင်ရှင်က အိမ်လခမပေးနိုင်လို့
တိုက်ခန်းငှားနေတဲ့သူတွေကိုနှင်ချနေတာ တွေ့ရလိမ့်မယ် ။

လက်ဆောင်ကောင်း ..
``နင့်သူငယ်ချင်းမွေးနေ့မှာ ဘာလက်ဆောင်ပေးလိုက်လဲ´´
``င့ါရဲ့အယ်ဇေးရှင်းခွေးကြီးနှစ်ကောင်လက်ဆောင်ပေးလိုက်တယ်´´
``ဟယ် .. ဒီလောက်အဖိုးတန်တဲ့
ခွေးကြီးနှစ်ကောင်ကိုအလကားလက်ဆောင်ပေးပြစ်ရလား နှမြောလိုက်တာ´´
``ကိစ္စမရှိပါဘူး .. ဒီနှစ်ကောင်ညမိုးချုပ်ရင် င့ါအိမ်ကိုပြန်ပြေးလာကြမှာပါ´´

အားလုံးပေါင်းတော့ ..
အန်တီကြီး ။ ။ ဟေ့ .. အန်တီ့ကိုကြည့်ပြီးအသက်ဘယ်လောက်ရှိမယ်ဆိုတာ
ခန့်မှန်းကြည့်စမ်း ..
လူငယ် ။ ။ အင်း ဆံပင်ကိုကြည့်ပြီးပြောရင် 15 နှစ်အရွယ်၊
အန်တီ့သွားတွေကိုကြည့်ပြီးပြောရရင် အသက် 20 အရွယ်၊
ကိုယ်လုံးကိုကြည့်ပြီးပြောရရင်တော့ အသက်အစိတ်မကျော်ဘူးလို့ထင်ရတယ် ..
အန်တီကြီး ။ ။ ဟယ် .. တကယ်ပဲလားဟင် ..
လူငယ် ။ ။ တကယ်ပါ .. အဲ့ဒါတွေအားလုံးပေါင်းလိုက်ရင်တော့ အသက် 60 အရွယ်ပေါ့ ..

ပိုနီးလို့ ..
တစ်ကိုယ်လုံးညစ်ပတ်ပေရေနေအောင် ဆော့ထားသော သားငယ်ဖြစ်သူအား ဖခင်က ခေါ်ရ်ျဆူသည် ..
``မင်း တော်တော်ညစ်ပတ်တဲ့ကောင်ပါလား၊ ဖေဖေ့ကိုကြည့်စမ်း၊
ဖေဖေ့လိုသန့်သန့်ရှင်းရှင်း နေစမ်းပါလားကွ´´
ထိုအခါ သားဖြစ်သူက ပြန်ပြောလိုက်ပုံမှာ ..
``ဟာ .. ဖေဖေ့လိုတော့ ဘယ်သန့်ရှင်းပါ့မလဲ၊ ဖေဖေက အရပ်အမြင့်ကြီးပဲဟာ၊
ဖေဖေ့ထက်စာရင် သားက မြေကြီးနဲ့ပိုနီးတာကိုး´´

ရှင်းရော ..
``မင်း ကဗျာရွတ်ပြိုင်ပွဲမှာ မပါဘူးလား´´
``ငါ့ .. ငါ့ကို .. မ … မ .. ပြိုင်ရဘူးတဲ့´´
``ဘာဖြစ်လို့လဲ´´
``အ .. အရပ် .. ပု .. ပု .. ပုလို့တဲ့ကွ´´

ဒီနေ့ကံကောင်းပါလား ..
``င့ါဦးလေးက တောပစ်ထွက်တာ အရမ်းဝါသနာပါတယ်ကွ၊ သူတောပစ်ထွက်တိုင်း
အမြဲကံကောင်းတာချည်းပဲ´´
``ဟင် .. မင်းဦးလေး တောပစ်ထွက်တိုင်းအမြဲကံကောင်းတယ်သာပြောတယ် ..
တစ်ခါမှလည်း အမဲရပြီး ပြန်လာတာမတွေ့ပါလား´´
``လူမသေပဲပြန်ပြန်လာလို့ ကံကောင်းတယ်ပြောတာကွ´´

ကျေးဇူးပြုရ်ျ ..
အဝေးပြေးလမ်းမကြီးတစ်ခုပေါ်တွင် အမျိုးသမီးတစ်ဦးသည် ကားတစ်စီးကိုလှမ်းတားပြီး ..
``ကျေးဇူးပြုပြီး ရှင် ကားပြင်တတ်လား၊ ကျွန်မကား စက်နှိုးလို့မရတော့လို့
ကူညီပါရှင်´´
``ခင်ဗျားကားက ဘာချွတ်ယွင်းသွားလို့လဲ´´
``ကာဘရိုက်တာထဲ ရေ၀င်သွားလို့ပါရှင်´´
``ဒါဖြင့် ကျွန်တော်လိုက်ကြည့်ပေးမယ်လေ၊ ခင်ဗျားကား ဘယ်မှာလဲ´´
``ဟိုရှေ့တံတားအောက်က မြစ်ထဲမှာပါရှင်´´

အားလုံးပေါင်းတော့ ..
သမီးရည်းစားနှစ်ယောက်ချိန်းတွေ့ကြရင်း မိန်းကလေးဖြစ်သူက ယောက်ျားလေးအား
သူ့ဓါတ်ပုံတစ်ပုံပေးသည်။ ယောကျာ်းလေးသည် နောက်ကျောကစာကိုဖတ်ပြီး
မျက်လုံးပြူးခဲ့ရလေသည်။
``ကိုကိုရယ် .. ကိုကို့ကို အချစ်စစ် အချစ်မှန်နဲ့ တကယ်ကိုချစ်မိတာပါ ..
နှလုံးသားက သစ္စာချစ်နဲ့ ထာဝရချစ်သူ .. သိန်း´´
သတိ
``ကိုကို၊ သူများတို့နှစ်ယောက် အဆင်မပြေလို့ ဖြတ်ကြရင်တော့
ဒီဓါတ်ပုံလေးပြန်ပေးနော်´´

ကျွမ်းကျင်ရာလိမ္မာ ..
ပါတီပွဲသို့တက်ရန် အ၀တ်အစားဝတ်နေသောသူတစ်ဦး သူ၏လည်စီးကို တပ်ဆင်ရာ
စိတ်တိုင်းမကျဖြစ်နေသည်။ ထိုစဉ် သူ့အခန်းရှေ့မှဖြတ်သွားသော
သူတစ်ဦးကိုတွေ့သဖြင့် လှမ်းခေါ်ပြီး ..
``ကျွန်တော့ကို ကျေးဇူးပြုပြီး ဟော့ဒီလည်စီးလေး စည်းပေးပါခင်ဗျာ´´
``ရပါတယ်ဗျာ .. ကုတင်ပေါ်တက်ပြီး ပက်လက်အိပ်လိုက်ပါ´´
ထို့နောက် ထိုလူက လည်စည်းကို ကျွမ်းကျင်စွာပင် စည်းပေးလိုက်သည်။
``ကျေးဇူးပဲဗျာ .. ခင်ဗျားစည်းပေးလိုက်မှ စတိုင်ကျသွားတော့တယ်၊ ဒါနဲ့
ခင်ဗျားက မတ်တပ်စည်းမပေးပဲ ဘာလို့အိပ်ခိုင်းပြီး စည်းပေးတာလဲဗျ´´
``ကျွန်တော်က အအေးတိုက်မှာ အလောင်းတွေကိုပြင်ဆင်ပေးရတဲ့သူမို့ပါ´´

အရေးတယူ ..
``ဗျို့ .. အိမ်ရှင်တို့ အိမ်ရှင်တို့´´
အိမ်ရှင် ။ ။ ဘာကိစ္စလဲရှင် ..
``ကျွန်တော် ရေပိုက်ပြင်သမားပါ၊ အစ်မကြီးတို့အိမ်က ရေပိုက်ပြင်ဖို့ ခေါ်ထားလို့ပါ´´
အိမ်ရှင် ။ ။ ဟင် .. ကျွန်မတို့လည်း မခေါ်ရပါလားရှင် ..
``ဒါဖြင့် ဒီအိမ်က မစ္စတာမာတင်တို့အိမ် မဟုတ်ဘူးလား´´
အိမ်ရှင် ။ ။ မဟုတ်တော့ဘူးရှင့်၊ သူတို့ဒီအိမ်ကပြောင်းသွားတာ တစ်နှစ်လောက်ရှိပြီ ..
``ကဲ .. အဲ့ဒါသာကြည့်တော့ အစ်မကြီးရေ၊ သူတို့ပဲ အရေးကြီးလို့
ရေပိုက်အမြန်ပြင်ချင်တယ် လာပါဆိုလို့လာရတယ်၊ ဒီရောက်တော့
သူတို့ကပြောင်းသွားပြီတဲ့ .. ဟွန်း´´

ကိုထွဋ် ဆီမှ ပြန်လည် ဖောက်သည်ချသည်။ (လင်းခက်)

No comments:

Post a Comment

ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ တစ်ခုခုပေါ့