Blogger news

လာရောက်လေ့လာအကဲခက်သည်ကိုအထူးကျေးဇူးတင်ရှိပါသည်ခင်ဗျာ၊ နည်းပညာပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ခင်ဗျာ၊ ကျွန်တော်ရှေ့က အစ်ကိုတွေရေးသားထားတဲ့ ဘလော့များမှလည်း ပြန်လည်မျှဝေကြောင်းဝန်ခံပါတယ်၊ ကျွန်တော်ကိုယ်တိုင်းလည်း ကြိုးစားရေးသားနေပါတယ်၊ အထူးကျေးဇူးတင်ရှိပါတယ်

Pages

Facebook မှာ ဖတ်လို့ရအောင် Like လုပ်သွားအုန်းနော်..စကားလေးတွေလည်းပြောခဲ့ပါဗျ

Wednesday, July 10, 2013

Facebook Account ကို Confirm Code မတောင်းအောင်ဖွင့်နည်း...

အခုရက်ပိုင်းအတွင်း Facebook အကောင့်အသစ်ဖွင့်တိုင်း Email Confirmation လုပ်လိုက်တာနဲ့
တစ်ခါတည်း အကောင့်ကာ လော့ကျသွားတာတွေ ကြားနေရပါတယ် ..
ဒါနဲ့ ကျွန်တော်လည်း သာမာန်အတိုင်းပဲ Facebook အကောင့်အသစ်တစ်ခုကို ဖွင့်ကြည့်လိုက်တာ
တကယ်ပဲ Email အတည်ပြုပြီးတဲ့အဆင့်မှာပဲ Fake Name သုံးထားလို့ ဘာညာဆိုပြီး
လော့ကျသွားပါတယ် ..ဥပမာ-
"It looks like your account might not be real. Facebook is a community where people share and interact using their real identities.
Facebook does not allow accounts that:

. Pretend to be someone else
. Use a fake name
. Don't represent a real person

In order to regain access to your account, please complete the following security check to verify your identity and help keep Facebook secure.
Learn more about Facebook's Security System "ဆိုပီးတော့ ရေးထားတာတွေပါ

ပြန်ရချင်ရင်တော့ နိုင်ငံခြားက အသိတစ်ယောက်ရဲ့ အကူအညီကိုယူပြီး
သူ့ဖုန်းနံပါတ်ကိုထည့်ပေး FB က Text Message ပို့ပေးခဲ့တဲ့ ကုဒ်ကို ထည့်ပေးနိုင်ရင်တော့ ရကောင်းရနိုင်ပါတယ် ..

အလုပ်လည်း ရှုပ်သလို .. ရနိုင်မယ်မရနိုင်ဘူးလည်း မသေချာ .. နောက်ထပ် လော့ကျနိုင်ခြေ
ဘယ်လောက်နီးစပ်မစပ်လည်း မသေချာဆိုတော့ .. အကောင့်ဖွင့်ကတည်းက
လော့မကျအောင်ဖွင့်နိုင်မယ် နည်းလမ်းတွေကို အမျိုးမျိုးစမ်းသပ်ကြည့်တော့ ဒီနည်းလေးကို
သွားတွေ့ပါတယ် .. ဒီနည်းလမ်းအတိုင်း အကောင့်သုံးလေးခုကို ဖွင့်ကြည့်တာ အားလုံးအဆင်ပြေပြေနဲ့
အောင်မြင်တာကို တွေ့ရပါတယ် ..
အကောင့်သစ်အတွက် ဘာမှမလုပ်ခင် Browser မှာရှိတဲ့ History တွေ Cookies တွေကို ရှင်းထားလိုက်ပါ
ပထမဆုံး snare646@gmail.com ဆိုတဲ့ Gmail အကောင့်အသစ်တစ်ခုဖွင့်လိုက်ပါတယ် .. ပီးတော့
ဖွင့်ထားတဲ့ အကောင့်သစ်ရဲ့ Gmail ကို Sing Out မလုပ်ဘဲဒီအတိုင်းဖွင့်ထားပါတယ်.. ပြီးရင်

Facebook အကောင့်သစ်စဖွင့်ဖို့ Sign Up လုပ်ပါတယ်.
Facebook အကောင့်သစ်စဖွင့်ဖို့ Sign Up လုပ်ပါတယ်.

First name Last name နေရာတွေမှာ အင်္ဂလိပ်နံမည်တွေ ထည့်ပေးပါတယ် .. (ကျွန်တော့်တို့ မြန်မာနံမည်တွေက
အနောက်နိုင်ငံတွေရဲ့ နံ့မည်တွေနဲ့ တည်ဆောက်ပုံမတူလို့ Fake Name အဖြစ် Facebook က ယူဆတတ်လို့ပါ )

ကျန်တဲ့အချက်တွေကိုတော့ တတ်နိုင်သမျှ Email အကောင့်ထဲကအချက်တွေနဲ့ တူအောင် ထည့်ပေးပါ ..
မွေးသက္ကရာဇ်ထည့်တဲ့နေရာမှာ တစ်ခုသတိထားရမှာက လက်ရှိအချိန်ထိ 18 နှစ်နဲ့အထက်ဖြစ်အောင် တွက်ချက်ပြီး ထည့်ပေးပါ .. ( 13 နှစ်ကျော်ရင်လည်း ရပေမယ့် တစ်ခါတစ်ခါ Error တက်တတ်လို့ပါ . )
ကျန်တာတွေကိုတော့ ပုံမှန်အတိုင်းပဲ ထည့်ပေးသွားပါ ..
နိုင်ငံကလည်း လက်ရှိ အဲဒီ Browser ကဖတ်ထားတဲ့ နိုင်ငံ ( မြန်မာနိုင်ငံကဖွင့်တာဆို Myanmar ဆိုတာလေး ပြနေမှာကိုပြောတာ)

ပြီးရင် နောက်တစ်ဆင့်ရောက်တဲ့အခါ .. Find Friends ကို မနှိပ်ပဲ Skip လုပ်လိုက်ပါ ..
( Find Friends လုပ်လိုက်ရင် အခြားသော အကောင့်တွေကို လိုက်ချိတ်တာဖြစ်လို့ Spam ရဲ့ လမ်းကြောင်းနဲ့ သွားတူနေလို့ပါ .. )

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထည့်ပေးရပါမယ် ..
School မှာ အင်္ဂလိပ်လို ကျောင်းတစ်ကျောင်းရိုက်ထည့် အဲဒီအခါ Facebook က သူ့ရဲ့ Database ထဲမှာရှိတဲ့ ကျောင်းကို Result ထုတ်ပေးလာလိမ့်မယ် .. သူဖေါ်ပြလာတဲ့ ကျောင်းတွေထဲကမှ ကိုယ်ကြိုက်တာကို ရွေးနှိပ်လိုက်ပါ .. ( ကိုယ်ထည့်ချင်တာကို ထည့်လိုက်တာမဟုတ်ပါဘူး .. Facebook က သိထားတဲ့ကျောင်းကိုပဲ ရွေးထည့်ပေးလိုက်တာပါ )

University နဲ့ အောက်က အကွက်တွေမှာလည်း ဒီအတိုင်းပဲ .. Facebook က ဖေါ်ပြပေးတဲ့ နံမည်တွေကိုပဲ ရွေးပေးလိုက်ပါ .. ( အဲဒါတွေက နောက်မှ ပြင်လည်းရတယ်လေ )
နောက်တစ်ဆင့်မှတော့ Profile ပုံကို Upload တင်ပေးရမှာပါ .. ဒီအဆင့်ကို မကျော်ပဲ ပုံတစ်ပုံတင်ပေးလိုက်ပါ .. ဒါတွေပြီးလို့ Save and continue ကိုနှိပ်လိုက်ရင်
Friends အပ်ခိုင်းတဲ့ အဆင့်ဝင်လာပါတယ် .. ဒီအဆင့်မှာတော့ သူငယ်ချင်း နှစ်ယောက်လောက်ကို Friend Request လုပ်လိုက်ပါ ....

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ Home ကို ရောက်သွားပါမယ် .. အဲဒီမှာ Search Box ထဲကနေ .. ကိုယ့်ရဲ့ တစ်ခြားအကောင့်တစ်ခု ကို ရှာပြီး Add ပါ .. အဲဒီအကောင့်ကိုလည်း စက်တစ်လုံးကနေ Log in ၀င်ထားပြီး Friend Request လုပ်တာကို ချက်ချင်းပဲ Confirm လုပ်ပေးလိုက်ပါ ..
အဲဒီအဆင့်ပြီးမှ ကိုယ့်ရဲ့ Gmail ကို ပြန်သွားပါ .. ( Facebook ရဲ့ အပေါ်မှာ ပေါ်နေတဲ့ Go to your gmail ကို မနှိပ်ပဲ ဒီအတိုင်းပဲ Gmail tab ကို သွားလိုက်တာပါ )

Gmail ထဲမှာ Facebook ကပို့ပေးလိုက်တဲ့ စာနှစ်စောင်ထဲက ပိုစောတဲ့စာ ( အောက်မှာရှိတဲ့စာ) ကိုဖွင့်ပြီး
Complete Sign Up ကို မနှိပ်ပဲ သူပေးထားတဲ့ လင့်ကိုပဲ နှိပ်လိုက်ပါ ..
နောက်ထပ် Tab အသစ်နဲ့အတူ Facebook ပွင့်လာပါမယ် ..

Email Confirm ဖြစ်တဲ့အကြောင်း တက်လာပြီဆိုရင် အရင် facebook ရဲ့ Tab ကို ပိတ်လိုက်ပါ ..
လက်ရှိရောက်နေတဲ့ Facebook ရဲ့ Home မှာပဲ Status လေးတစ်ခုလောက် ရေးပြီး တင်ပေးလိုက်ပါ ..

ဒါဆိုရင် .. အကောင့်တစ်ခုဟာ လော့မကျပဲ အဆင်ပြေပြေ အောင်မြင်သွားပါပြီ
PS.ဒီနည်းလမ်းတစ်ခုလုံးမှာ အသုံးချသွားတာက Browser တွေမှာ မှတ်သားထားလေ့ရှိတဲ့ Cookies ဆိုင်ရာ သီအိုရီအချို့ပါ .. ( ဒါကြောင့် Tab တွေကို မပိတ်ပဲ ထားခိုင်းတာပါ )
Credit to;R.I


ညီလေး အမ်မစီလူညစ် ဆီက ပြန်လည် မျှဝေပါတယ်ခင်ဗျာ.. .... လင်းခက်

No comments:

Post a Comment

ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ တစ်ခုခုပေါ့