Blogger news

လာရောက်လေ့လာအကဲခက်သည်ကိုအထူးကျေးဇူးတင်ရှိပါသည်ခင်ဗျာ၊ နည်းပညာပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ခင်ဗျာ၊ ကျွန်တော်ရှေ့က အစ်ကိုတွေရေးသားထားတဲ့ ဘလော့များမှလည်း ပြန်လည်မျှဝေကြောင်းဝန်ခံပါတယ်၊ ကျွန်တော်ကိုယ်တိုင်းလည်း ကြိုးစားရေးသားနေပါတယ်၊ အထူးကျေးဇူးတင်ရှိပါတယ်

Pages

Facebook မှာ ဖတ်လို့ရအောင် Like လုပ်သွားအုန်းနော်..စကားလေးတွေလည်းပြောခဲ့ပါဗျ

Tuesday, June 11, 2013

Samsung Galaxy S4 I9500 root

Samsung Galaxy S4 I9500 အား root လုပ်ခြင်း


Samsung galaxy S4 GTI 9500 အား အရင်နည်းနဲ့ root မပေါက်သူတွေ အတွက်  အခုနည်းနဲ့ အဆင်ပြေပါတယ်.. .အရင်ဆုံးလို အပ်တဲ့ ဖိုင်တွေ ဒေါင်းပါမယ် ..
အားလုံး ဒေါင်းပြီးရင်  Driver ကို  ကွန်မှာ သွင်းထားပါ ..
ပြီးရင်  Odin ကို ကွန်မှာ ရမ်းပါ …   Odin ရဲ့   PDA  အကွက်လေး မှာ အပေါ်မှာ ဒေါင်းထားတဲ့  root ဖိုင်CF-Auto-Root-ja3g-ja3gxx-gti9500.zip လေး သွင်းပါ ..  ပြီးရင် ဖုန်းကို ပိတ် download mode ကို   vol-  power  home နှီပ်ပြီး ၀င်ပါ .. အောက်က ပထမ ပုံအတိုင်းပေါ်ပါမယ် ..  vol+ ဆက်နှိပ်ပါ ..အောက်က ဒုတိယ ပုံအတိုင်းပေါ်ပါမယ်
ဒုတိယပုံအတိုင်းမိမိဖုန်းက ဖြစ်နေပြီဆိုရင်   download mode ရောက်ပါပြီ.. ဖုန်းကို   USB ကြိုးနဲ့ ကွန်မှာ ထိုးလိုက်ပါ …  Odin ရဲ့  ID.com အောက်နားမှာ အောက်က ပုံအတိုင်း အရောင်လေး သမ်းလာရင် ဆက်လုပ်လို့ရပါပြီ .
အရောင် လေးမတက်ရင်တော့   USB , Driver များကို ပြန်စစ် ပြန်သွင်းပါ .. PDA မှာ CF-Auto-Root-ja3g-ja3gxx-gti9500.zipသွင်းပြီးလား ပြန်စစ်ပါ ..သွင်းပြီးရင် အရောင်လေး တက်လာရင် တော့   Odin ရဲ့   Start ခလုတ်ကို နှိပ်လိုက်ပါ ..ခဏကြာရင်  PASS ပြပါမယ်. အောက် ကပုံအတိုင်းပါ
အပေါ်က အတိုင်း   PASS ပြပြီး ဖုန်းက restart ကျသွားပါမယ်.. ပြန်တက်လာရင်  မိမိဖုန်း root ဖောက်ခြင်း  ပြီးသွားပါပြီ..app တွေထဲမှာ supersu လေးရောက်နေတာကို တွေ့ရပါလိမ့်မယ် ..
မြန်မာဖောင့် သွင်းချင်ရင်    ဒီမှာ     လေ့လာပါ..
အားလုံးပဲ အဆင်ပြေကြပါစေ..
myanmarmobileapplaction မှ ပြန်လည်မျှဝေပါသည်

No comments:

Post a Comment

ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ တစ်ခုခုပေါ့