Blogger news

လာရောက်လေ့လာအကဲခက်သည်ကိုအထူးကျေးဇူးတင်ရှိပါသည်ခင်ဗျာ၊ နည်းပညာပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ခင်ဗျာ၊ ကျွန်တော်ရှေ့က အစ်ကိုတွေရေးသားထားတဲ့ ဘလော့များမှလည်း ပြန်လည်မျှဝေကြောင်းဝန်ခံပါတယ်၊ ကျွန်တော်ကိုယ်တိုင်းလည်း ကြိုးစားရေးသားနေပါတယ်၊ အထူးကျေးဇူးတင်ရှိပါတယ်

Pages

Facebook မှာ ဖတ်လို့ရအောင် Like လုပ်သွားအုန်းနော်..စကားလေးတွေလည်းပြောခဲ့ပါဗျ

Wednesday, June 19, 2013

2Gb ကနေ 4Gb ပြောင်းမယ်

သယ်ရင်းတို့ အရမ်းစိတ်ဝင်စားမယ် ထင်ပါတယ်
သယ်ရင်းတို့ ရဲ့ ဖုန်းထဲက ဖြစ်ဖြစ်၊ ကင်မရာထဲကဖြစ်ဖြစ်၊ အမ်ပီသရီး ထဲက ဖြစ်ဖြစ် သီချင်းတွေထည့်စရာ၊ ဓါတ်ပုံတွေ ထည့်စရာ နေရာက မလောက်တော့ဘူးဆိုပါဆို့
အဲ့တော့ 2G ကို နှစ်ဆဖြစ်အောင် လုပ်ကြမယ်ဗျို့ ညီလေးတစ်ယောက်က တောင်းဆိုတာဗျ အဲ့ဒါနဲ့ပဲ ဒီပို့စ်ကိုရေးလိုက်တာပါ..
အဟီး ဖုန်းဆိုင်တွေကတော့ သောက်ညင်ကပ်မလား မသိဘူး၊ တက်နိုင်ဘူးလေ ဒါက နည်းပညာပဲဟာ
ကဲ ကဲ ပြောနေကြာပါတယ်.. လုပ်ကြရအောင်ဗျို့
ပထမဆုံး ဒါလေးကို အရင်းဒေါင်းဗျာ.. ရော့အင့်
ခုဒေါင်းလိုက်တဲ့ ဟာလေးကို Extract (ဖြန့်) လုပ်လိုက်ဗျာ.. နှစ်ချက် နိုပ်လည်းရတယ် Double Click အာ့ထဲမှာ ဖိုင်သုံးခု ရှိတယ် တစ်ခုပဲ နိုပ်ရမယ် အဲ့ဒါက Driver increaser 2.bat. ဆိုတဲ့ဖိုင်လေး အဲ.. ခုတော့  နိုပ်နဲ့အုန်း ခဏလေးစောင့်အုန်း

ခင်ညားရဲ့ မန်မိုရီကဒ် 2G ကို Card reader ထဲကိုထည့်၊ ကွန်ပျူတာကိုထိုး၊ ကိုယ့် ကဒ်နာမည်ဘာလဲ ဆိုတာကို မှတ်ထား ၊ ပုံနဲ့ ပြရအုန်းမလား


ကျွန်တော်ကတော့ AKH လို့ရေးလိုက်တယ်၊ ကြိုက်တာပြောင်းပေါ့ ၊ ပြီးရင် Format ရိုက်ပလိုက်ဗျာ၊ right click နိုပ်ပီး Properties ကို ကြည့်လိုက်ပါအုန်း၊ ခင်ဗျား 2G က 2G ပဲနော်
ကဲ ဆက်လုပ်မယ်

ဒေါင်းပီး ဖြန့်ထားတဲ့ ဖိုလ်ဒါ ထဲက Driver increaser 2.bat. ဆိုတဲ့ ဖိုင်လေးကို ဖွင့်လိုက်ပါ double click


အဲ့လိုလေးပေါ်မယ်၊ အဲ့ဒီမှာ ခုနက နာမည်ပြောင်းထားတဲ့ AKH ဆိုတာကိုရေး Enter နိုပ်
အဲ့ဒီ့အခါမှာ ဒီလိုပေါ်လာလိမ့်မယ်

ဟုတ်ပီ၊ နောက်အဆင့်အနေနဲ့ ကိုယ့်ရဲ့ drive letter ကိုရေးရတော့မယ်၊ ခု ကိုယ့်ရဲ့ Drive Letter က G: တဲ့ ဟုတ်တယ်မဟုတ်လား၊ ဒါဆို G ဆိုတာကိုရေး၊ G ဆိုပီး တစ်လုံးတည်းပဲရေးရမှာနှော်၊ နောက်က ၀က်စနှစ်လုံးပေါက်တွေ ဘာတွေဘာမှ ပါဘူး
  1.  ရေးပြီး Enter နိုပ်
  2. နောက်တစ်ခါ G ဆိုတာကိုထပ်ရေး Enter နိုပ်၊ 
  3. Enter ကို နောက်ဆုံးတစ်ကြိမ်နိုပ်လိုက်တော့ ပီးပီ

Right click နိုပ်ပီး Properties ကို ကြည့်လိုက်ပါအုန်း၊ ခင်ဗျား 2G က4G ဖြစ်သွားပါပီ။ သယ်အန်း

မရှင်းရင်လည်း C box ကနေ မေးလိုက်ပါ။ ခုဟာက ကျွန်တော်မှာ ရှိတဲ့ ကဒ်ကို ပြောင်းပီးပီးသားဆိုတော့ အဲ့တုန်းက Screen Shoot မလုပ်လိုက်ရဘူး၊ ခု ထပ်ရိုက်လို့မရလို့ စာနဲ့ရှင်းပြရတာ၊ နားလည်လိမ့်မယ် ထင်ပါတယ်၊
အဆင်ပြေတယ်ဆိုရင်အကြောင်းပြန်ပါအုန်း၊ Facebook Like လုပ်ဖို့လည်း မမေ့နဲ့နော်..
ဝူးးးးးးးး မနည်းရေးယူရတယ်..ဗျို့..........လင်းခက်

1 comment:

ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ တစ်ခုခုပေါ့